Tuesday, September 1, 2009

အကယ်၍

အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ချေက်ခြားပြီး
ဒါတွေဟာမင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်တဲ့အခါ
မင်းဟာခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်…………….

အကယ်၍
အားလုံးကမင်းကို မယုံသင်္ကာစရာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင်လွှတ်ရင်းနဲ့
မင်းကိုမင်း ယုံကြည်မှု အပြည့်အ၀ရှိမယ်ဆိုရင် ……….

အကယ်၍
စောင့်သင့်တဲ့အချိန်ကိုစောင့်ပြီး အဲဒီအတွက်လည်းမမောမပန်းနဲ့နေိုင်မယ်ဆိုရင်
ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကားကြားရတဲ့အခါ
မင်းကလည်းအလိမ်အညာတွေနဲ့ မတုံပြန်ဘူးဆိုရင်……………
ဒါမှမဟုတ် မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာအမုန်းတွေ ပြန်မပွားဘူးဆိုရင် ပြီးတော့
မင်းကိုလူတစ်ယောက်လို့မမြင်ဘဲ
ပညာရှိစကားတွေလည်းမပြောဘူးဆိုရင် …………….

အကယ်၍
စိတ်ကူးယဉ်အိမ်မက်တွေဟာ မင်းအပေါ်ကိုအလွှမ်းမိုးစေပဲ စိတ်ကူး ယဉ်နိုင်မယ်ဆိုရင်
အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက်သက်သက်သာ
မဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင်…….

အကယ်၍
အောင်မြင်သုခနဲ ဆုံးရှုံးမှုတွေကို ကြုံတွေလာရတဲ့အခါ
တူညီသောလောကဓံ တရားတွေပါ့လားရယ်လို့ ခံယူထားနိုင်ဦးမယ်ဆိုရင်……………

အကယ်၍
မင်းရဲ့အမျန်တရားတွေကို လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး မုသားအဖြစ်ထောင်ခြောက်ဆင်ညစ်တဲ့အခါ
မင်းဟယတည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆို၇င် ဒါမျမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့်ဖြည်ဆည်းခံရတဲ့
အရာကိုဖျက်ဆီးခံပြီးတဲ့နောက်မှာ အင်မတန်မှ သေးငယ်တဲ့အရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် ……………

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအာလုံးဟာ ကြွေတလှည့် ကြယ်တစ်ခုပမာ
တစ်လှည့်တစ်ခါထဲနဲ့ ဆုံးရှုံးသွားရင်ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကြမ္မာရယ်လို့ ဘယ်သောခါမှ ညီးညူမနေဘူးဆိုရင်………

အကယ်၍
သူများတစ်ကာက လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ မင်းတစ်ယောက်ထဲနဲ့ပဲ
အားနဲ့မန်နဲ့ ဇွဲသတ္တိရှိရှိဆက်ကြိုးစားနိုင်မယ်ဆိုရင်…………
အဲဒီလိုပဲမင်းမှာစိတ်အင်အားကလွဲလို့ ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲဆက်လက်လုပ်ကိုင်ထားနိုင်မယ်ဆိုရင် ……………

အကယ်၍
လူတွေနဲ့ထိတွေပြောဆိုဆက်ဆံတဲ့အခါ ကိုယ်ကျင့်တရားကိုစောင့်ထိန်းနိုင်မယ်ဆိုရင် …………..
ဒါမှမဟုတ် မင်းဧကရာဇ်တွေနဲ့အတူလမ်းလျှောက်နေရပေမယ့်
မာန်မာနသွေးမကြွဘူးဆိုရင်……………..

အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကိုသိပ်ပြီး နာကျင်အောင်မလုပ်နိုင်စေရင်……………….

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့် စွဲလန်းမှုသံယောဇဉ် တွေထားမနေဘူးဆိုရင်…………………

အကယ်၍
တိုတောင်းလှတဲ့ မပြစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပယ်ရှိလှတဲ့ စက္ကန်ခြောက်ဆယ် အဖြစ်အသုံးချနိုင်မယ်ဆိုရင် ……..

ငါ့သားရေ ………..မင်းဟာအရာရာရှိတဲ့ အရာအရာဖြစ်တဲ့
ကမ္ဘာကြီးကိုဆုပ်ကိုင်လို့
အရာအရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပေါ

ဘာရယ်တော့မဟုတ်ပါဘူး ကျွန်တော်ရဲ့သေသွားတဲ့သူငယ်ချင်းရဲ့စာ

အုပ်ထဲကတွေပြီးကြိုက်သွားလို့သူငယ်ချင်းများအတွက် တင်ပေးလိုက်တာပ

ဘယ်လိုလုပ်ရမည်နည်း

လရောင်ပြာရိပ် ရေအငြိမ့်မှာ

ပျောက်ဆုံးသွားတဲ့ ငါ့အချစ်ကို

ဘယ်မှရှာ၍ ရမည်နည်း

အကြင်နာလှိုင်းရိုက်ခတ်မှုသည်

ငါ့အတွက်ဟုမင်းယူဆလျှင်

ဘယ်လိုဖြေရှင်းရမည်နည်း

မေတ္တာလှိုင်းကြောင့် စီးဆင်းလာတဲ့

ငါအချစ်ကို ဒီရေဟုထင်က

ဘယ်လိုဖြေရှင်းရမည်နည်း။