Thursday, January 21, 2010

ဂျာနယ်တစ်စောင်ထုတ်ရသောဒုက္ခ

ဂျာနယ်တစ်စောင်ထုတ်ရသောဒုက္ခ
ဂျာနယ်တစ်စောင်ထုတ်ရတာတယ်မလွယ်ပါလား၊ဂျာနယ်တစ်စောင်ထုတ်ပြီးသွားတော့မှပဲအယ်ဒီတာတစ် ယောက်ရဲ့ဒုက္ခတွေကိုသိလာရတယ်အော်တော်တော်ပင်ပန်းပါလားဂျာနယ်တစ်စောင်အတွက် လိုအပ်တဲ့ဒေတာတွေကိုရှာရတယ်ကိုဆီကိုရောက်လာတဲ့ဆောင်းပါးတွေကိုလည်းအားကြိုးမန်

တက်ဖတ်ခဲ့ရပါတယ်သေသေချာချာစဉ်းစားကြည့်တော့အော်တော်တော်ကြိုးစားရပါလားလို့။

ကျွန်တော်တို့သင်တန်းမှာဂျာနယ်တစ်စောင်ထုတ်ရဖို့ပင်တော်တော်ပင်ပန်းကြီးစွာလုပ်ဆောင်ရ

ပါတယ်။တကယ့်အယ်ဒီတာတစ်ယောက် သာဆိုရင်အော်တွေးမိပါတယ် တော်တော်ပင်ပန်းမှာပဲလို့ ။ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ သုံးမည်ရ ဂျာနယ်လစ်သင်တန်းမှာအဖွဲ့တွေခွဲပြီးဂျာနယ်လေးတစ်စောင်ထုတ်ခွင့်ရခဲ့ပါတယ်ကျွန်တော်လည်း

ဘာရမလဲအဖွဲခေါင်းဆောင်လုပ်ပြီးဂျာနယ်တစ်စောင်ထုတ်ဖို့ကြိုးစားရတာပေါ့ဗျာတော်တော်လေး

ကိုအားထုတ်ရပါတယ်အမှန်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်ရဲ့စားဝတ်နေရေးအတွက်တောင်မှဒီလို

မကြိုးစားဖူးပါဘူးဗျာ။တကယ်ပါဗျာအဲဒီလိုတစ်ခါမှမလုပ်ဖူးဘူးဗျ။ဂျာနယ်တစ်စောင်ထုတ်ခွင့်ရ တော့ဗျာကိုယ့်ရဲ့အဖွဲ့ကိုသတင်းတွေဆောင်းပါးတွေရအောင်ဘေးကနေကပ်ပြီးမောင်းနေတာ ပေါ့ဗျာတော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒီအချိန်မှာတွေရတာတစ်ခုရှိတယ် ဗျ ကျွန်တော်သူငယ်ချင်း Blogger ပေါ့ဗျာ သူတို့ဂျာနယ်ကဗျာ လူနှစ်ယောက်တည်းနဲ့ ဂျာနယ်တစ်စောင်ထုတ်တယ်ဗျ တော်တော်လေးကိုတော်တာပေါဗျာ လေးစားဖို့လည်းကောင်းပါတယ် ။သူတို့ထုတ်တဲ့ဂျာနယ်က The Junior Voice တဲ့ဗျကြည့်ရတဲ့အခါတော်တော်လေးမိုက်တာဗျဘာဖြစ်လို့လည်း

ဆိုတော့ကလူငယ်တွေအားလုံးအတွက်အလွန်တရာအသုံးဝင်တဲ့အကြောင်းအရာတွေပါတယ်ဗျ ကျွန်တော်ကတော့သူတို့ဂျာနယ်ကိုအကြိုက်ဆုံးပဲ။ဘာဖြစ်လို့လဲလို့ပြောရရင်လူငယ်တွေအသည်း

စွဲတဲ့ကဏ္ဍ တွေပါတယ်ဗျ ။Bloggerလေးတစ်ယောက်တော့သနားပါတယ်ဗျာ သူခင်ဗျာလေ အားလုံးကိုလိုကပြီးအင်တာဗျူးနေရတာ အကောင်းမှတ်လို့အမှန်အတိုင်းပြောလိုက်တာဗျာ ဂျာနယ်ထဲထည့်လိုက်တယ်(ရက်စက်ပါပေ့သူငယ်ချင်းရယ် မင်းကတော့လုပ်ရက်ပြီးပေါ့ကွာ မင်းဂျာနယ်ကအရင်ထွက်တာကိုး) ။ သူတို့ဂျာနယ်အကြောင်းပြီးရင်နောက်ထပ်ဂျာနယ်တစ်စောင်ပေါ့ဗျာ ။နောက်တစ်စောင်က တော့ ကျွန်တော်တို့အထဲမှာ အရင်ဆုံးထွက်နိုင်တဲ့ဂျာနယ်တစ်စောင်ပေါ့ဗျာ သူတို့ဂျာနယ်နာမည်ကဘာတဲ့ The Myanmar Egress Times တဲ့ဗျာ နာမည်ကတော့မိုက်တယ်ဗျ နောက်ပြီး သူတို့ ဂျာနယ်မှာကစာစီစာရိုက်တဲ့လူက အပြင်မှရိုက်နေကျဆိုတော့ဗျာ တော်တော်လေးကိုမြန်တယ် အတန်းထဲမှာတော့သူကိုမှီတာကိုငိုပြီး(စလိုက်လို့ငိုတာမဟုတ်ပါဖူး) နဲ့အမြဲတမ်းချက်နေကြတဲ့ကောင်မလေးသုံးရောက်ပဲရှိတယ်အဲဒီသုံးယောက်က တော့အတန်းထဲရောက်တာနဲ့ဗျာကွန်ပျုတာတွေရှေ့ချပြီးချက်နေတော့တာပဲ (နံမည်တော့မပြောတော့ပါဘူး နှာခေါင်းတော့ပိတ်ထားပေါ့ဗျာ) အဲဒါကြောင့်လားတော့မသိဘူးစာရိုက်တာတော်တော်မြန်တယ် လက်နဲ့ရေးထားတာထက်တောင် မြန်မယ်ထင်တာပဲဗျာ သူတို့အတင်းတွေ အဲ သုတို့အကြောင်းတွေ ပြောနေတာနဲ့ မူလပြောမယ်ဟာတောင်မေ့သွားတယ် အော် Egress Times ဂျာနယ်ရဲ့အယ်ဒီတာချုပ်က ကိုနေလင်းထိုက်တဲ့ဗျာ သူကလည်းတော်တော်လေးတော်ရှာတယ်ဗျာ ဘာဖြစ်လို့လည်းဆိုတော့က သူတို့ဂျာနယ်လေးအချိန်မှီထွက်နိုင်ဖို့အတွက် တော်တော်လေးကြိုးစားထားတာဗျ သူ့ခင်ဗျာမှာလေဟိုပြေးလိုက်ဒီပြေးလိုက်နဲ့အလုပ်ကိုရှုပ်နေတာပဲအဲသူ့အဖွဲ့ထဲမှာက

လျှပ်တပြက်ထဲမှာသတင်ထောက်လုပ်ခဲ့တဲ့သူတစ်ယောက်ပါတယ်ဆိုလားပဲ။သူကတော်

တော်လေးချောတယ်တဲ့အခန်းထဲမှာသူ့အသံဆိုမကြားရသလောက်ပဲ ကျွန်တော်နဲ့လည်းခင်တယ်ဗျ မိုက်တယ်နော် အဲဒီလိုပါပဲဗျာ သူတို့ဂျာနယ်က တော်တော်လေးထူးဆန်းတာတစ်ခုရှိတယ် သူတို့အယ်ဒီတာချုပ်အကြောင်းပေါ့ဗျာ ဟိုတစ်နေ့ကသတင်းစာရှင်းလင်းပွဲတစ်ခုကိုကျွန်တော်တို့သွားနားထောင်တော့ အဲဒီအယ်ဒီတာကိုတွေတယ်ဗျ
သူ့ပုံစံကကုပ်ချောင်းကုပ်ချောင်းနဲ့ကင်မရာတစ်လုံးကိုကိုင်ပြီးပျက်သွားလို့မျက်နှာငယ်

လေးနဲ့မေးခွန်းတွေမေးနေတာ နောက်ပြီးသူကလေ သူတို့ဂျာနယ်ရောင်းအားတက်အောင်လားတော့မသိဘူး စကားကသုံးခွန်းပြောရင်နှစ်ခွန်းလောက်ကသူတိုဂျာနယ်ကြောင်းတွေချည်းပဲရောင်း

ကောင်းရင်ဂျာနယ်လေးဘာလေးမေတ္တာလက်ဆောင်ရလာမယ်လိုပတော့မျှော်လင့်ထား

ပါတယ်ကြော်ငြာစရာလိုရင်လည်းပြောနော်အခမဲ့ (လက်ဘက်ရည်လေးတော့တိုက်ပေါကွာ)ကြေငြာပေးပါ့မယ်နော်။သူတို့အတင်း အဲ သူတို့ကြောင်းပြီးတော့ နောက်ဂျာနယ်တစ်စောင်အကြောင်းပေါ့နော်။နောက်တစ်စောင်က The Demo Light တဲ့ ကျွန်တော်ကတော့ အသိဥဏ်နည်းသေးလို့လားတော့မသိဘူး သူတို့ဂျာနယ်ရဲ့နာမည်အဓိပ္ပါယ်ကိုမသိသေးဘူး ထင်တာလေးပြောရရင်ဒီနံမည်ကကိုဇော်ဆိုင်း(တင်ဂေါ်ဂျဝါ)ထင်တာပဲဒီနာမည်ကိုသူက

အမြဲတမ်းရွှတ်နေတာဗျာသူရတဲတစ်ခုတည်းသောဂါထာထင်ပါတယ်ဗျာ။သူတို့ဂျာနယ်အ

ကြောင်းပြောရရင်ဗျာနန်းတင်တင်လေးတစ်ယောက်အကြောင်းတော့ထည့်ပြောမှရမယ်ဗျ ဘာဖြစ်လိုလည်းဆိုတော့ ဒီဇိုင်နာလည်းသူပဲ စာစီစာရီုက်လည်းသူပဲ တွေးကြည့်ပေါ့ဗျာ သူတို့အဖွဲ့ထည်းမှာ Chatterကြီးတစ်ယောက်လုံးပါနေတာ သူကိုရိုက်ခိုင်းပေါ့နော်မဖြစ်သင်ဘူးလား။အင်း………သူတို့ဂျာနယ်အကြောင်းပြောရရင်

ဘယ်ကစပြောရရင်ကောင်မလဲ?တွေးကြည်ရင်ပေါ်လာတာကရှေ့နေကြီးပဲအတန်းထဲမှာ

ဘုံသုံးဖို့ထုတ်ပေးထားတဲ့ကွန်ပျုတာကိုဗျာသူကလူကြီးဖြစ်ပြီုးကလေးတွေကိုအလျှော့မပေး

ဘူးသူကြီးပဲအပိုင်သိမ်းထားတယ်တောင်းလိုက်ရင်အလုပ်လုပ်နေတာလို့အမြဲတမ်းပြောပြီးG-talkချက်နေတာကြီးပဲတွေနေရတယ်ကြည့်လိုက်တိုင်း မှာချက်နေတယ်လို့တောင် ပြောရင်ကောင်းမလား ။အဲ နန်းတင်ထွေးအကြောင်းပြောရင်နဲ့ ဘယ်ရောက်သွားမှန်မသိဘူးနန်းတင်ထွေးတစ်ယောက်ကတော့မညည်းမညူရိုက်ပေးရှာပါတယ်သူ ခင်ဗျာနည်းနည်းလေးတောင်မသောက်နိုင်ဘူး(ကော်ဖီနော်)ဒါပေမယ့်သူတို့ဂျာနယ်ကတော့အတန်းထဲ

မှာအကောင်းဆုံးလို့ပြောရင်ကောင်းမလားတော့မသိဘူးဒါပေမယ်တော်တော်လေးကောင်းတာတော့

သေချာပါတယ်။အဲသူတို့အခက်အခဲကဘာလဲဆိုတော့ ကာတွန်းကိုScan ဖတ်တာ Negative ကြီးဖြစ်နေလို့ ကျွန်တော်လည်းဘာရမလဲ ငါကွဆိုပြီး သွားပြီးလုပ်ပေးလိုက်ပါတယ်တကယ်ပါ စေတနာအစစ်အမှန်ပါ ချောက်ချခြင်လို့တော့မဟုတ်ပါဘူး ချောက်လည်းမချရက်ပါဘူ ဘာဖြစ်လို့လည်းဆိုတော့ မျက်နှာပျက်ရမယ်သူငယ်ချင်းလေးတစ်ယောက်ရှိလို့ပါ သူစိတ်ဆိုးသွားမှာဆိုးလို့(စနေတာနော်)ဂျာနယ်ထုတ်ရတာသူများတွေအတွက်တော့ ဘယ်လိုနေသလဲတော့မသိဘူးကျွန်တော်အတွက်တော့လက်သွေးခွင်ရတာပဲဆိုပြီးအား

ကြိုးမန်တက်လုပ်နေတဲ့ဘိုကလေးသားလေးပါဗျား(ကြွားရတာအရသာရှိလိုက်တာဗျာ) ။အင်း…….မောင်ရင်တို့ကိုနောက်တစ်စောင်ကြောင်းကိုမပြောသေးခင်မှာ သောင်းထွန်းကိုသိလား ?
ပန်းချီအတွဲကိုသိလားငိုပြီးကိုသိလားသိရင် တော့သင်ဒ်ီဂျာနယ်အကြောင်းတော့သိလိုက်ပြီးလို့ယူဆလို့ရပါတယ် သူတို့ကိုသေသေချာချာလေ့လာကြည့်ပါ ဘာများထူးခြားသွားလည်း မတွေဘူးဆိုရင်တော့ မောင်ရင်ရှုံးပါတယ် ဖြေမှန်ကတော့သူတို့တော်တော်လေးပိန်သွားပါတယ် ။နောက်တစ်ကြိမ်ပြန်လည်ကြိုးစားပါအုံးကွယ်။ သူုတို့ဂျာနယ်ကတော့ ကျွန်တော်တို့ထဲမှာထူးထူးခြားခြား လေးတစ်ခုရှိပါတယ်အားလုံးတော့သိကြမလား ? အဖြေမှန်ကတော့ The Voice ဂျာနယ်တိုက်မှာ ဂျာနယ်ထုတ်ရက်နဲ့တတန်းတည်းလုပ်ဆောင်ပြီး ထုတ်လုပ်သွားတဲ့အတွက် အထူးခြားဆုံးဂျာနယ်ပြုလုပ်မှုဆုကိုပေးအပ်ပါတယ် ၊အားလုံးပဲသဘောတူလား ?
သဘောမတူရင်ကိုယ့်သဘောပါပဲ ကျွန်တော်ကတော့သဘောတူပါတယ်ဘာဖြစ်လို့လည်းဆိုတော့ ပန်းချီဆရာမ ပန်းချီပုံဆွဲပေးမယ်ဆိုလို့ပါ (ဘာမှတော့မဆိုင်ဘူးနော်)သူတို့ဂျာနယ်ထဲမှာ ဟိုအဒေါ်ကြီးပုံကိုအများကြီးသုံးထားတာတွေနေရတယ်ဓါတ်ပုံထိန်ဝင်းပြောသွား

တာကတော့အဲဒီဓါတ်ပုံတွေက လုံးဝကူးလို့မရဘူးတဲMyanmar Egressကတော့ဘယ်လိုPrintထုတ်ပေးမလဲတောမသိဘူး အော်စာပေစီစစ်ရေးမဖြတ်ရတော့ လုပ်ချင်တိုင်းလုပ်ကြပေါ့ဗျာ ကျွန်တော်အလှည့်ကျမှ စာပေစီစစ်ရေးလုပ်ပေးမယ် သူတို့ကတော့ တော်တော်လေးကြိုးကြိုးစားစားလုပ်ဆောင်ထားတဲ့အတွက် အသိအမှတ်ပြုပေးမယ်လို့တော့အားလုံးကိုမျှော်လင့်ပါတယ်(ကျွန်တော်ထောက်ခံပါတယ်)။ ကဲ နောက်ဆုံးအလှည့်ကျတာကတော့မင်းသားလေးပါခင်ဗျား…..နောက်ဆုံးပြောချင်တာ ကတော့ကျွန်တော်တို့ဂျာနယ်လေးပါဗျာမင်းသမီးအချောလေးတွေရွှေးပြီးဖွဲ့ထားတဲ့အဖွဲ့ လေးပါဗျာ (Chatter နှစ်ယောက်လည်းပါတယ် စွာတေးလန်နဲ့မေရက်စက်ပေါ့)အင်းကျွန်တော်တို့အဖွဲ့ဟာဆိုရင်ဖြစ်အားလုံထဲမှာအကောင်း ဆုံးဖြစ်တဲ့ ဂျာနယ် ကြီးပါ (ငါကွ)အားလုံးနဲ့မတူုတဲ့အချက်ကတော့ အားလုံးနဲ့မတူတာပါပဲ ကျွန်တော် မကြွားချင်ပါဘူးဗျာ ပြောရရင်လေ အားလုံးထက်ပိုပြီးတော မင်းကိုချစ်ခဲ့တယ်အဲ သီချင်းဆိုတာမဟုတ်ပါဘူးခင်ဗျ သူများတွေထက်ပိုပြီးကြိုးစားခဲ့တဲ့ အဖွဲလေးပါ ၊ ကျွန်တော်တို့အဖွဲ့ဟာ လေများနဲဖွဲစည်းထားတဲအဖွဲ့လေးပါ ဘာဖြစ်လို့လေနဲ့ဖွဲ့ထားတဲ့အဖွဲလို့ပြောရနည်းဆိုရရင်ဖြင့် အော်သူများတွေကတော့ဖြင့် အားကြိုးမန်တက်သတင်းရှာနေရတဲ့အချိန်မှာ ကျွန်တော်အဖွဲ့ကတော့ဖြင့် G-talk များဖြင့်သူငယ်းချင်းများဖြင့် Q နေကြတာပေါ့ဗျာ ဒါပေမယ့်နောက်ဆုံးမှတော့ဖြင်ကျွန်တော်တစ်ယောက်အားကြိုးမန်တက်ဖြင့် လုပ်လိုက်သည်အခါဝယ် ဂျာနယ်တစ်စောင်ထွက်လာပါလေတော့သတည်း……………………..
သာဓု၊သာဓု၊သာဓု……………..
အားလုံးကိုတိုက်ခိုက်လိုသောဆန္ဒဖြင့်ရေးခြင်းမဟုတ်
အားလုံးသိစေချင်သော ဆန္ဒဖြင့်သာရေးသားထားခြင်းဖြစ်ပေသည် သူငယ်ချင်းတို့ သင်တို့အားထိခိုက်သွားမိပါက ကျွန်တော် ကိုရင်သာဂိမှနေ၍ အားလုံးကို တောင်းပန်ထားပါတယ် ကျေနပ်မယ်လို့လည်းမျှော်လင့်ပါတယ်(ထင်တော့မထင်ထားပါနဲ့ကျေနပ်ရအောင်မင်းက

ဘာကောင်မို့လို့လဲ)ခွင့်လွှတ်မယ်လို့လည်းတွေးမိပါတယ် (တွေးရုံပဲလားရေးတုံးကတော့ရေးပြီးအခုမှလာမပြောနဲ့)ကျွှန်တော်ရဲ့ရေးချင်တာရေးထား

သည့်အကြောင်းအရာများကိုအခုလိုဆုံးခန်းတိုင်အောင်ဖတ်ရှုပေးသည်စာဖတ်ပရိတ်သတ် နှင့်အခန်းသူအခန်းသားအားလုံးနှင့်တကွ ဖတ်ရှုပေးမည်ဟုယူဆနိုင်သောဆရာ၊ဆရာမအပေါင်းအားကျေးဇူးအထူးပင်တင်ရှိပါတယ် ။
ကိုရင်သာဂိ

တွေးကြည့်မိသော အကြောင်းအရာလေးတစ်ခုပါ အားလုံးအတွက်မျှဝေပေးတာပါ

ဆရာကျောင်ဝင်းရေးတဲ့ နှစ်ဆယ်တစ်ရာစု သားရွှေဥဆိုတဲ့စာအုပ်လေးဖတ်ပြီးတွေးစရာလေးတွေပေါ်လာလို့ အားလုံးလည်း သိစေချင်လို့ Share ပေးလိုက်တာပါ ။ဒီစာအုပ်က ရှောင်ကိုဗေးရေးတဲ့ ထိရောက်စွမ်းဆောင်ရည်မြင့် ဆယ်ကျော်သက် တို့ရဲ့ အမှုအကျင့် ခုနှစ်မျိုး ဆိုတဲ့စာအုပ်လေးပါ ဒီစာအုပ်ထဲမှာက အထူးပြုတင်ပြထားတဲ့ အကြောင်းအရာတွေက ဆယ်ကျော်သက်အရွှယ်မှာအဓိကလိုအပ်တဲ့အကျင့်လေးတွေကိုတင်ပြထားပါတယ် ကျွန်တော်လက်တွေအသုံးပြုတဲ့အခါ အလွန်တရာပင်အသုံးကျတဲ့အတွက် သူငယ်ချင်းအားလုံးသိစေချင်လို့မျှဝေပေးတာပါ

ပထမအကျင့် – တာဝန်ယူစိတ်

တစ်ကယ်တန်းပြောရရင် လောကမှာကမိမိပြုလုပ်လိုက်တဲ့အကြောင်းအရာအတွက်အပြည့်အ၀တာဝန်ယူတယ်ဆိုတာ သေသေချာချာ လေ့လာကြည်မည်ဆိုလျှင် ရှားပါးနေတာတွေနိုင်ပါတယ် ။တာဝန်ယူစိတ်ဆိုတာကလည်း ခေါင်းဆောင်မှုစွမ်းရည်အတွက်အင်မတန်မှလိုအပ်တဲ့အရည်အချင်းတစ်ရပ်ပါခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက် တာဝန်ယူနိုင်စွမ်းဆိုတာအင်မတန်မှလည်းလိုအပ်ပါတယ် ဒါပေမယ် အဲဒီလို တာဝန်ယူစိတ်ရှိဖို့ကလည်းအင်မတန်မှခက်ခဲတဲ့ ကိစ္စတစ်ခုပါ အကယ်၍ သင်မှာဤကဲ့သို စိတ်ထားမျိုးရှိပြီဆိုရင်သင်မှာခေါင်းဆောင်နိုင်တဲ့အရည်အချင်းများရှိနိုင်ပါတယ် အဲဒီတော့ ဒီစိတ်ကို မွှေးမြူနိုင်ဖို့ ကြိုးစားကြပါလို့တိုက်တွန်းပါတယ် ။တာဝန်ယူစိတ်ဆိုတာမှာတော့ အဓိပ္ပယ်နှစ်မျိုးရှိတယ် တစ်ခုက ကိုယ်တာဝန်ကိုကိုယ်ယူတာပါ နောက်တစ်ခုကတော့ လုပ်နိုင်တယ် ဆိုတဲ့သဘေားထားရှိတာပါ ။

အဲဒီကြောင်းအရာလေးကလည်းတစ်ကယ်ပင်အသုံးဝင်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ တစ်ချို့ကိစ္စတွေမှာ လုပ်နိုင်တယ်လို့တွေပြီးလုပ်လိုက်တာဟာ ကိုယ့်အတွက်အောင်မြင်လာနိုင်တဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိသွားနိုင်ပါတယ် ။အခုတင်ပြလိုက်တဲ့အကြောင်းအရာလေးတွေက သင့် အတွက် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ် နောက်ကျမှနောက်ထပ်အကျင့်လေးတွေကိုတင်ပြထားပါမယ် ။

တွေးကြည့်မိသော အကြောင်းအရာလေးတစ်ခုပါ အားလုံးအတွက်မျှဝေပေးတာပါ

ဆရာအတ္တကျော်ရေးတဲ့စာအုပ်လေးတစ်အုပ်ထဲမှာပါတဲ့အကြောင်းအရာလေးပါ

ကလေးတစ်ယောက်ဟာ ပင်လယ်ကမ်းစပ်မှာထိုင်ပြီးသဲအိမ်ဆောက်တမ်းကစားနေတယ် အဲဒီအချိန်မှာ

ပဲပင်လယ်လှိုင်းတစ်ခုဟာ ထိုကလေးဆောက်ထားတဲ့ သဲအိမ်လေးကိုတိုက်စားသွားတယ် ဒါပေမယ် ကလေးဟာစိတ်မပျက်ပဲ နောက်ထပ် ဒီလှိုင်းလွတ်ရာ နေရာမှာ သွားပြီး တည်ဆောက်လိုက်တယ် အဲဒီမှာအတွေးလေးတစ်ခုဝင်လာတယ် ကျွန်တော်တို့အနေနဲ့ကော ဤကလေးကဲ့သို့ ကိုယ်တည်ဆောက်ထားတဲ့အရာတစ်ခုသာ ဖျက်ဆီးခံရမယ်ဆိုရင်ကျွှန်တော်တို့အနေနဲ့ ဘယ်လိုများရင်ဆိုင်မလဲ အဲဒါရဲ့အဖြေကတော့ ကိုယ်တစ်ကယ်ကြုံလာမှပြောနိုင်မယ်လို့ထင်ပါတယ်

ဒါပေမယ့် ကလေးတစ်ယောက်အနေနဲ့ဖြေရှင်းမယ်ဆိုရင်တော့ လက်ခုပ်တီးပြီးအားပေးလိုက်တာ နောက်ထပ်ပိုကောင်းတဲအရာတစ်ခုကိုတည်ဆောက်မှာပါ လူကြီးတစ်ယောက်အနေနဲ့ဆိုရင်တော့ ဘာလုပ်ရမယ်ဆိုတာကိုသာကြိုပြီးတွေးတောဆင်ခြင်ကြည့်ထားမယ်ဆိုရင်တော့ လူကြီးမင်းအနေနဲ့ သူများထက်တစ်ပန်းသာနေမယ်ဆိုတာတော့ ပြောနိုင်ပါတယ်။

ကိုရင်သာဂိ

ဒီလိုအကြောင်းအရာလေးတွေကို တတ်နိုင်သမျှရှာဖွေပြီး တင်ထားမယ်လို့လည်းဆုံးဖြတ်ထားပါတယ် ။

ဖန်တွတွ

တစ်ခါတုန်းက အမတ်တစ်ယောက်က မိဖုရားကြီးဆီကို အခစားဝင်ရင်း မိဖုရားကြီးက နေရာလေးရွေ့ပြောင်းမှုမှာ မမြင်သင့်တဲ့အရာကိုမြင်သွားသတဲ့

အဲဒီနေ့ကစပြီး အဲဒီအမတ်က သူမိန်းမကို စိတ်မ၀င်စားတော့ဘူးတဲ့ သူ့ရဲ့စိတ်က မိဖုရားကြီးဆီကိုရောက်နေတာပေါ့ ။အဲဒီလိုနဲ့ တမှိုင်မှိုင်တတွေတွေ ဖြစ်နေရောတဲ့ ဘာမှလည်းလည်းကောင်းကောင်းမလုပ်တော့ဘူး တဲ့ ကြာတော့ အဲဒီအမတ်လည်းအစားအသောက်ပျက်ပြီးတော့ ပိန်ချုန်းလာတယ် ။

နောက်ဆုံးတော့ အဲဒီအကြောင်းကိုမိဖုရားကြီးကသိသွားတယ် သူကလည်းပညာရှိပုံရတယ်ထင်ပါတယ် အဲဒီတော့ ပအုန်းရည်ကိုခွက်သုံးခွက်မှာထည့်ပြီး အဲဒီအမတ်ကိုဆင့်ခေါ်လိုက်တယ် အမတ်ကြီးရောက်လာတော့ ပထမဦးဆုံးကြေးခွက်နဲ့ထည့်ထားတဲ့ ပအုန်းရည်ကို တိုက်လိုက်တယ် ။ အမတ်ကသောက်ပြီးသွားတော့ မိဖုရားကြီးကမေးတယ် “အမတ်ရေဘယ်လိုနေသလဲ” လို့ပေါ ။အမတ်က “ဖန်တွတွပါ ခင်ဗျား”လိုဖြေလိုက်တယ် ။နောက်ငွေခွက်နဲ့ထည့်ထားတဲ့ ပအုန်ရည်ကိုတိုက်တယ် ပြီးတော့ ပထမမေးတဲ့အတိုင်းပဲမေးတယ် အမတ်ကလည်း ရှေးကဖြေထားတဲ့အဖြေတိုင်းပဲ ဖြေလိုက်တယ် ။နောက်ဆုံးရွှေခွက်နဲ့ထည့်ထားတဲ့ ပအုန်းရည်ကိုတိုက်လိုက်တယ် ရှေးကအတိုင်းပဲမေးလိုက်တယ် ဘယ်လိုနေသလဲပေါ့ အမတ်ကလည်း မူလအတိုင်းပဲ ဖန်တွတွပါခင်ဗျားပေါ့ .

ခွက်သုံးခွက်နဲ့ ပအုန်းရည်တိုင်ပြီးသွားတော့ ခဏလောက်စောင့်နေပြီးတော့မှမိဖုရားကြီးက အမတ်ကိုပြောလိုက် တယ် “အမတ်ရယ် ပအုန်းရည်ဆိုတာ ခွက်သာပြောင်းသွားတာ အရသာကတော့ဖန်ဖန်တွတွပါပဲ”တဲ့ အဲဒ်ီနေ့ကစပြီး အမတ်လည်း ပုံမှန်အတိုင်း ပြန်ပြီးနေနိုင်သွားတယ်တဲ့။

ပုံပြင်လေးကတော့ ဖတ်ကြည့်ရင် နည်းနည်းလေးရိုင်းတယ်ထင်ရပေမယ် လက်ရှိခတ်ရဲ့အခြေအနေလေးကို ထင်ဟပ်နေတာဖြစ်တဲ့အတွက် ဖော်ပြလိုက်တာပါ။ဘာဖြစ်လို့လဲလို့ဆိုရရင် ယနေ့ခတ်မှာ လူုတွေဟာ ခတ်မှီဖို့အတွက် အသစ်သစ်တွေကိုကြိုးစား ရှာဖွေရနေပါတယ် တကယ်လို့လူ့လောကကြီးမှာ ဒီလိုစိတ်မျိုးသာထားနိုင်မယ်ဆိုရင် ရေနံတွေကုန်ဖို့လည်း မပူရပါဘူး ကမ္ဘာကြီးပူနွေးမှုတွေ လည်းပူစရာမလိုပါဘူး တစ်ဖက်ကကြည့်မယ်ဆိုရင် တော့ ပင်နီစလင်တို့ နူကလီးယားတွေပေါ်လာတာဟာလူ့လောကကြီးအတွက်ကောင်းပေမယ် အခြားတစ်ဘက်မှာလည်း နူကလီးယားကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်းခံစားနေရပါတယ် ။တကယ်တန်းတော့သဘာဝကြီးဟာ လူ့လောကကြီးအတွက် အရာအားလုံးကိုညီမျှအောင်ပြုလုပ်ထားတာပါ ဒါပေမယ့် လူတွေက လိုအင်ဆန္ဒ များပြားမှုကြောင့်သဘာဝကြီးကဖန်တီးပေးထားတဲ့ညီမျှမှုများကိုဖျက်ဆီးပြစ်နေတယ် အဲဒီအတွက် သဘာဝကြီးကလက်စားချေတဲ့ အနေနဲ့ မုန်တိုင်းတွေ သဘာဝဖောက်ပြန်မှုတွေ ကို လည်း ဖန်တီးပြစ်လိုက်တယ် ။အဲဒီတော့ ဘာဖြစ်လာလဲ လို့ပြောရရင်လူသားတွေအတွက် ဆုံးရှုံးမှုတွေ ပျက်စီးမှုတွေဖြစ်ပေါ်လာတယ် ။ အခုကမ္ဘာတစ်လွှားမှာပြောနေကြတဲ့ သဘာဝဘေးအန္တရယ်တွေ ရာသီဥတုဖောက်ပြန်မှုတွေ ဟာ တစ်ကယ်တန်းတော့ လိုအင်ဆန္ဒတွေများပြားလာမှု တွေကြောင့် တနည်းအားဖြင့် သဘာဝကြီးကပေးတဲ့အပြစ်ဒဏ်လို့ ကျွန်တော်အနေနဲ့ပြောချင်ပါတယ် ။ကျွန်တော်အခုတင်ပြထားတဲ့ ပုံပြင်ထဲက အကြောင်းအရာလေးကိုလက်ခံကျင့်သုံးပြီး သာနေထိုင်မယ်ဆိုရင် တစ်နည်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်တယ် လို့ကျွန်တော်ယူဆမိပါတယ် ဥပမာ ရေခဲသေတ္တာ နှစ်လုံးဝယ်မယ် နေရာမှာ တစ်လုံးပဲဝယ်ချင်း ခတ်မှီအောင်အသစ်ပေါ်နေသော အရာများကို ၀ယ်ယူသုံးစွဲခြင်း များ ကိုလျှော့ချပေးလိုက်ပါက တစ်နည်းအားဖြင့်သဘာဝပတ်ဝန်းကျင်ကို ကယ်ဆယ်ရာရောက်ပါ တယ် နောင်လာမည့် ကျွန်တော်တို့မျိုးဆက်တွေအတွက် ချန်ထားခဲ့သင့်သည်ဟုထင်သော အမွှေမှာ သဘာဝပတ်ဝန်းကျင်သာအကောင်းဆုံးဖြစ်မယ်လို့မျှော်လင့်မိပါတယ်

ကိုရင်သာဂိ

Friday, January 15, 2010

Myanmar Ubuntu (Myanubuntu)

ကိုရင်သာဂိတစ်ယောက် Knowledge Bridge က Editor ကိုကိုရဲ ဆွေးနွေးတဲ့ Ubuntu ပွဲလေးကိုရောက်သွားတယ်ဗျ ။ အင်း ပွဲအစပိုင်းလေးမှာ ပရိုဂျက်တာအခက်အခဲကြောင့် အနည်းငယ် အဆင်မပြေတာကလွဲပြီး ကျန်တာတွေအားလုံးအဆင်ပြေပါတယ်ဗျ ။ Ubuntu အကြောင်းပြောမယ်ဆိုတော့ နည်းနည်းတော့ ရှင်းပြချင်တယ်ဗျ (ဆရာလုပ်တယ်လို့တော့မထင်ပါနဲ့ဗျာ အမှတ်တရ ရေးထားချင်လို့ပါဗျာ ) Ubuntu ဆိုတာက Linux Base Operating System ကိုအခြေခံပြီး ပြင်ဆင်ထားတဲ့ OS ပါ ။ Ubuntu ဆိုတာ အာဖရိက ဘာသာစကားကနေ ဆင်းသက်လာပြီး တစ်ဦးနှင့်တစ်ဦးစာနာထောက်ထားခြင်းလို့အဓိပ္ပါယ်ရပါတယ် ။ ဒီ OS ကို တောင်အာဖရိကသားတစ်ယောက်တည်ထောင်ထားတဲ့ Canonical Ltd ကနေ အလကားပေးထားတာပါ ။ အင်တာနက်ကနေအခမဲ့ Download ချလို့ရတဲ့အပြင် CD ကိုလည်း ရန်ကုန်စာတိုက်ကြီးကို အလကားပို့ပေးပါတယ် ။ သူက Debian Linux OS ပေါ်မှာ အခြေခံထားပြီး အိမ်သုံးရုံးသုံး နိုင်သည့်အပြင်Server တွေအထိ အလကားအသုံးပြုနိုင်ပါတယ် ။ သူ့ရဲ့မျိုးကွဲတွေက Kbuntu (KDE) , Xubuntu (Xface) , Ebuntu (Education) ဆိုတာတွေဆိုပြီးရှိပေမယ့် အလကားတောင်းလို့ရတာကတော့ Kbuntu (KDE) ရယ် Ubuntu ရယ် Ubuntu (Server Version 64 bits) တွေကို အင်တာနက်ကနေပြီးတော့ တောင်းလို့ရပါတယ် ။ကျန်တဲ့ version တွေကတော့ အင်တာနက်ကနေ Download ချလို့ရပါတယ်ဗျာ ။ အဲ အဲဒါတွေကို လေ့လာရတာ နည်းနည်းတော့ အစိမ်းသက်သက်ဖြစ်နေပေမယ့် အကျွမ်းဝင်သွားပြီးဆိုရင်တော့ Windows ကိုတောင်မေ့သွားလိမ့်မယ်(ပိုပြောကြည့်တာပါဗျာ) လို့တောင်ထင်တယ်ဗျာ ။ သူက Ever Free တဲ့ ကျွန်တော်တို့မြန်မာတွေအတွက်တော့ တော်တော် လေးအဆင်ပြေတယ်ဗျာ ။ အဲ ကိုကိုရဲကပြောသွားတာက သူက ဘာလို့ဒီလိုပေးနိုင်သလဲဆိုတော့(အင်းတစ်ချို့တွေလည်းသိချင်ကြတယ်ဗျ ) Customer Engineering Service , Support , Certification နဲ့ Training တွေ နောက်ပြီးတော့ Ubuntu Logo ရိုက်နှိပ်ထားတဲ့ Key Change, ကော်ဖီခွက်တွေ , T-shirt ,ခရီးဆောင်အိတ်,ဦးထုပ် စတာတွေအပြင်အခြားပစ္စည်းတော်တော်များများကို ရန်ပုံငွေအဖြစ် ရောင်းချပါတယ် ။ Ubuntu ကအဲဒါတွေအပေါ်မှီခိုနေလို့ ရေရှည်အတွက်စိတ်ချရပါ့မလားလို့ မေးစရာ ဖြစ်လာပေမယ့် သူတို့ပြောထားတာကတော့ စိတ်ချရပါတယ်တဲ့ဗျာ (သူတို့ပြောတာနော် ကျွန်တော်ပြောတာမဟုတ်ဘူး ) ။ အဲ Ubuntu ကိုလေ့လာကြည့်တော့ သူ့မှာ မူကွဲပေါင်းများစွားရှိပါတယ် ကိုယ်ဘာသာကိုယ် ပြုပြင်ပြောင်းလဲပြီး ရောင်းချနိုင်တယ်တဲ့ မိုက်တယ်ဗျာ ။ သူမှာ Ubuntu ME ( Muslim Edition ), Ubuntu CE ( Christian Edition ) ဆိုပြီးထူးထူးခြားခြားလေးရှိတယ်ဗျ ။ ကဲ ကျွန်တော်ပြောချင်တာက အခုမှစတယ်ဗျ ။ ကျွန်တော်အခုတက်ခဲ့ရတဲ့ဆွေးနွေးပွဲလေးမှာ Ubuntu ကိုစိတ်ဝင်စားတဲ့ လူတွေတော်တော်လေး တွေရပါတယ် ။နောက်ပြီး အပြင်မှာ လည်း Ubuntu ကိုစိတ်ဝင်စားတဲ့ လူငယ်တွေအများကြီးပါ ။ အဲဒီတော့ ကျွန်တော်တို့ကို ပညာရှင်တွေက ဦးစီးဦးဆောင်ပြုလုပ်ပြီး Myanubutu လေးလုပ်ရင်ကောင်းမလားလို့ မြန်မာ Version နဲ့ထုတ်ဖို့ပေါ့နော် ။ ကိုစေတန်တို ဆရာရဲမြတ်သူတို့ နောက်ပြီး အခြား ပညာရှင်တွေ ၀ါသနာရှင်တွေ စုပေါင်းပြီး မြန်မာ ဗားရှင်းလေးထုတ်ကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံ IT သမိုင်းမှာ မှတ်တိုင်လေးတစ်ခု ကျန်ရစ်ခဲမှာပါ ။ Windwos ပေါ်မှာ တည်ဆောက်မယ်ဆိုရင် လိုင်စင်ကြေးပေးရမယ်ဆိုရင် ကုန်ကျစရိတ်တော်တော်လေးကျမှာ ဖြစ်တဲ့အတွက် အလကားရတဲ့ အပြင် လုပ်ချင်တိုင်းလုပ်လို့ရနိုင်တဲ့ Open Source OS တွေပေါ်မှာ လုပ်ဖို့ တိုက်တွန်းချင်ပါတယ် ဒီစာလေးကို ကိုညီးလင်းဆက် ဆရာ ရဲမြတ်သူ ကိုစေတန် တို့ ကိုကိုရဲတို့ သာ ဖတ်မိပြီး နည်းနည်းလောက် စဉ်းစားကြမယ်ဆိုရင် ကျွန်တော်ရိုက်ရကြိုးနပ်ပါပြီ ။ အင်း ကိုရင်သာဂိတို့ လေ့လာနေတဲ့ ပတ်ဝန်းကျင်မှာ Ubuntu ကို စိတ်ဝင်စားတဲ့ လူငယ်တွေ တော်တော်လေးရှိပါတယ် ။ သူတို့က ပညာရှင်တွေမဟုတ်ကြပေမယ့် အားလုံးကတော့ လေ့လာနေကြတဲ့ သူတွေချည်းပါပဲ ။သူတွေကို Online ပေါ်မှာ Forum တွေနဲ့ စုစည်း ပြီးသာ လုပ်ကြမယ်ဆိုရင် တော်တော်လေးကောင်းမှာပဲ ဗျာ ။ ကျွန်တော်က လုပ်ချင်နေတာပဲပြောတာပါဗျာ ကျွန်တော်ကိုယ်တိုင်တောင် Ubuntuကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်သေးဘူးဗျ လေ့လာနေတုန်းပဲရှိသေးတယ်ဗျ။ ပညာရှင်တစ်ယောက်မဟုတ်ပေမယ့် လေ့လာသူတစ်ယောက်ကပြောလို့ နည်းနည်းတော့စိတ်မခုသွားကြပါနဲ့ဦးဗျာ ။ ကျွန်တော်ကအတွေးလေးပေါ်လာလို့ အားလုံးလဲ သိရအောင် တင်ပြကြည့် တာပါဗျာ ။ ကျွန်တော်လွန်းသွားတာ တွေရှိရင်တော့ အားလုံးကို ၀န္ဒာမိပါဗျာ ။ အင်းနောက်လည်း ဒီလိုအကြောင်းအရာလေးတွေကို ရေးဖို့ကြိုးစားကြည့်ပါရစေဗျာ ။ အဲ။…….. ကျန်ခဲ့တာလေးတစ်ခုရှိလို့ဗျ Ubuntu ကို မှာနိုင်တဲ့ဆိုဒ်လေးက shiplist.ubuntu.com ပါဗျာ အဲဒီ Livestock account လုပ်ပြီး တောင်းလို့ရပါတယ် ။ အလကားပေးတယ်ဆိုပေမယ့် ဗိုလ်အောင်ကျော်လမ်း အောက်ဆုံးဘလောက် က ဆက်သွယ်ရေးရုံးမှာ သွားထုတ်ရတာဖြစ်တဲ့အတွက် CD တစ်ခွေကို ၂၅၀ ကျပ်ပေးရတဲ့အပြင် စာတိုက်ကြီးမှာ လက်မှတ်သွားထိုးရင်းဂျာနယ်ဝယ်ရတာက သုံးရာကျပ်ပါခင်ဗျ ။အဲ သွားဝယ်ရင် ငါးရာကျပ်နဲ့ရပေမယ့် ဒီဟာလေးက Original လေးရတာဆိုတော့ ပေးပျော်ကြမယ်လို့ထင်ပါတယ်ဗျာ ။ နောက်ပြီး Kubuntu ရယ် Ubuntu (Server Version )ရယ်ကိုလည်းထပ်တောင်းလို့ရသေးတယ်နော် ။ အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ…………………………….ကိုရင်သာဂိ

အင်တာနက်ဆိုင်အတွင်းမှ အသံများ

အင်း ကိုရင်သာဂိတစ်ယောက် အားလို့ အင်တာနက်ဆိုင်လေးတစ်ဆိုင်ကိုသွားထိုင်လိုက်တာ အဲဒီဆိုင်ထဲမှာ အသံများကိုမှတ်တမ်းတင်လာလေသတည်း ။ Hello ရတနာပုံ တယ်လီပို့ကလားခင်ဗျာ connection ကျနေလို့ လုပ်ပေးပါဦး ဆိုင်နံမည်က ……….ပါ အားကိုးပါတယ်နော် အစ်ကို။ ဗျာ …………….. ဟုတ်လား အဆင်မပြေသေးဘူးလားဗျာ မြန်မြန်လုပ်ပေးပါဗျာ ဟုတ်ကဲ့ နောက်နေ့ကျမှ ထပ်ဆက်သွယ်လိုက်ပါ့မယ်နော် ။ ရုတ်တရက် ဒုန်း………… လူတွေက၀ိုင်းကြည့်နေသည် ကောင်လေးတစ်ယောက် ကွန်ပျူတာ ကိုကြည့်ရင်းနဲ့ ထုချလိုက်သည့်အသံ …. (ဘာကောင်လဲကွ ) ။ မောင်ကြားလာဟင် ဘေးနားမှထွက်လာသည့်အသံ အဒေါ်ကြီးတစ်ယောက် အသက်လေးဆယ်လောက်ရှိသည် ။ G-talk ပြောနေသည် ။ မောင် နေကောင်းလာဟင် ဟိုမှာအဆင်ပြေရဲ့လား ပိုက်ဆံနည်းနည်းလောက် ပိုပြီးတော့ ပို့လိုက်ဦး နော် ကုန်ဈေးနှုန်းတွေကတက်နေတယ် ကြားလားမောင် ….. သားရေလားစမ်း နင့်အဖေနဲ့ပြောဦးလေ …………………။ ဗျောက်…ဗျောက် …ဒိုင်း……..ချောချောလှလှ ကောင်မလေးတစ်ယောက် ချက်နေသည် သူ့ကွန်ပျူတာကိုကြည့်လိုက်သည် စကရင်တစ်ခုလုံး G-talk နဲ့ပြည့်နေသည် ။ အစ်ကိုရေ ကွန်ပျူတာအား လား …. ကောင်တာအနီးမှ အသံထွက်လာသည် ။ ထိုစဉ် နောက်မှာ ဟေ့ရောင် ဟိုကောင်မလေးကမိုက်တယ်ဟ ငါဖြင့်ထင်တောင်မထင်ထားဘူးကွာ ကောင်လေးနှစ်ယောက် website တစ်ခုကိုကြည့်ရင်း ငြင်းနေသည် ။ သေနာ နင်ငါ့ကိုဒါမျိုးလားစမ်းလို့ဘယ်ရမလဲ လာစမ်းသေသွားမယ် …………အဒေါ်ကြီးတစ်ယောက် ဆိုင်ရှေ့မှာ ရန်ဖြစ်နေသည် ။ တီ……တီ ……….ဟာသွားပြီးကွာ ……………….. ခဏလေးစောင့်ပေးပါဗျာ မီးစက်မောင်းပေးပါ့မယ်……….ဆိုင်အတွင်း၌ မီးပျက်သွားခြင်းဖြစ်သည်။ဝ ၀ူး……၀ူး. …………….မီးတွေပြန်လင်းလာပြီး အသံတွေပြန်တိတ်သွားသည် ။ ခဏလောက် အသံများတိတ်သွားသည် အကောင့်များပြန်ခေါ်နေခြင်းကြောင့်ဖြစ်သည် ။ ကိုကိုရေ ဖုန်းလာနေတယ် ……….ကိုကိုရေဖုန်းလာနေတယ်……တောက်မုန်းချင်စရာကြီး ခေါ်မကြားအော်မကြားနဲ့ ……ဟလို အသည်းလား အင်းပြော အာ..ကိုယ် online ပေါ်မှာ တက်လာခဲ့လေ ဟာ… အင်းအင်း …..ကိုလာခဲ့မယ် နော် တာ့တာ ….။ ချစ်သူ့မင်းအနားမှာနေတဲ့ခဏ ………… အားလုံးကိုကြိုဆိုပါတယ် ………..အပြင်တွင် ထီသည်မှ ၀ိုင်းဆုခိုင်သိန်းသီးချင်းဖွင့်၍ ဆိုင်အတွင်း၌ J-me သီးချင်းဖွင့်နေသည် ။ ထိုအချိန်တွင် တောက်………….သောက်ချီးထုပ်ကွန်နက်ရှင်……………. ကောင်မလေးတစ်ယောက် အသံထွက်လာသည် ………..ဟုတ်တယ် ကွန်နက်ရှင်က အရမ်းစုတ်ပျက်နေတာပဲ …….သူ့ သူငယ်ချင်းကထောက်ခံလိုက်သည် ။ သယ်ရင်း ….မင်းယောက်က်ျားဆိုဒ်ကကောင်းတယ်ဆို ……..ဟာ………….. ရာဟုမောင်မောင်ကောမကောင်းဘူးလား…………………..အေး .ကြည်ရတာအဆင်မပြေပါဘူးကွား အားလုံးဘမ်းထားတယ်ကွ ……………….ကလေးတစ်ယောက် VZO ပြောနေခြင်းဖြစ်သည် ……။ ဆိုင်အ၀တွင်မျက်မှန်နှင့် စုပ်ချွန်းချွန်းကောင်လေးတစ်ယောက်ဝင်လာသည် အစ်မရေ စက်အားလား ……….ကောင်တာသို့မေးလိုက်သည် …………စက်ကပြည့်နေတယ် နည်းနည်းတော့စောင့်ရမယ် အစ်ကို……ဟုတ်လား …………….. စက် 14 ရှင်းမယ် ………..သုံရာကျပါတယ် .ရော့ …….အစ်ကိုစက်ရပြီ 14 မှာနော်………..။ နောက်တွင် တစ်ဆိုင်လုံးတွင် သူ့၏အသံများ ကျယ်လောင်စွာထွက်နေသည်…………… ဟေ့ကောင် Yangonese ဖျာပုံကိုထွပ်သွားဦးမှာလား… …. တင်တင်ရေနေကောင်းလား………….. အိဖြိုးရေ………. ဟေ့ကောင်အားလား သူတစ်ယောက်တည်း၏အသံသည် တစ်ဆိုင်လုံးတွင်ပျံနှံနေသည်..။ အင်း ကိုရင်သာဂိလည်းလုပ်စရာတွေလုပ်ရင် ဆိုင်ထဲကနေထွက်လာခဲ့သည် …….ဆိုင်ထဲတွင်တော့ မူလအတိုင်းပင်ဆူညံနေလျှက်ရှိနေသည် ။