Friday, August 13, 2010

NO Title

ပျင်းလို့ စာမရေးတာရယ် မျက်စိကိုက်လို့စာမရေးတာရယ် အမေဆူလို့ စာမရေးဖြစ်တာရယ် သူငယ်ချင်းလာခေါ်လို့ စာမရေးဖြစ်တာရယ် ချစ်သူ ကိုလွမ်းလို့ စာမရေးဖြစ်တာ ရယ် ခေါင်းထဲမှာ ရေးစာ အကြောင်းအရင်းမရှိလို့ မရေးဖြစ်တာရယ် တစ်နေ့လုံးလျှောက်သွားပြီး မှ ပင်ပန်းလို့ဆိုပြီး စာမရေးဖြစ်တာရယ် လေတွေလိမ့်ပေါပြီး ဘာမှမရေးဖြစ်တာရယ် သီချင်းနားထောင်နေလို့ ဆိုပြီးစာမရေးဖြစ်တာရယ်ဧည့်သည်လာလို့ဆိုပြီး စာမရေးဖြစ်တာရယ် မီးပျက်နေလို့စာမရေးဖြစ်တာရယ် ဗိုက်တွေအောင့်နေတယ်ဆိုပြီးစာမရေးဖြစ်တာရယ် ပျင်းလို့ဆိုပြီး သူငယ်ချင်းအိမ်မှာသွားအိပ်မလို့စာမရေးဖြစ်တာရယ် မီးပျက်လို့ဆိုပြီးစာမရေးဖြစ်တာရယ် ကွန်ပျူတာက ပျက်နေတယ်ဆိုပြီး စာမရေးဖြစ်တာရယ် Blogspot က ဘမ်းထားတယ်ဆိုပြီးစာမရေးဖြစ်တာရယ် Saudi Proxy သေသွားလို့ဆိုပြီးစာမရေးဖြစ်တာရယ် ကဗျာရေးချင်တယ်ဆိုပြီးထိုင်တွေးနေလို့ စာမရေးဖြစ်တာရယ် ဗိုက်ဆာနေလို့ ထမင်းသွားစားဦးမယ်ဆိုပြီး စာမရေးဖြစ်တာရယ် သူငယ်ချင်းနဲ့ချိန်းထားတယ်ဆိုပြီး စာမရေးဖြစ်တာရယ် မိုးရွာလို့ဆိုပြီးစာမရေးဖြစ်တာရယ် ရာသီဥတုပူလို့ဆိုပြီး စာမရေးဖြစ်တာရယ် လက်တွေကိုက်နေတယ်လို့ ဆိုပြီး စာမရေးဖြစ်တာရယ် သီချင်းစာသားလေးကို ဖျက်မယ်ဆိုပြီးနားထောင်နေရင်းနဲ့အိပ်သွားလို့စာမရေးဖြစ်တာရယ် ရေးချင်စိတ်တွေပျောက်နေလို့ မရေးဖြစ်တာရယ် အင်တာနက်သွားနေလို့ စာမရေးဖြစ်တာရယ် ဒါတွေ့နဲ့ပဲ တစ်နေ့တစ်နေ့ ကျော်ဖြတ်နေရတဲ့ ကျွန်တော့်ကိုယ်ကျွန်တော်ပေးနေတဲ့ ဆင်ခြေလေးတွေပေါ့ဗျာ ။

 တစ်ခါတစ်လေစဉ်းစားကြည့်ပါတယ် ဘာကြောင့်များစာရေးဖို့ကို တော်တော်လေးပျင်းနေတာလဲလို့ ။

ကိုယ်ကိုယ်ကို ပေးလေ့ရှိတဲ့ ဆင်ခြေလေးတွေကို ပြန်တွေးပြီးမှတ်တမ်းတင်ကြည့်တာပါ ကျွန်တော် ဘယ်လောက်ထိပျင်းလဲဆိုတာကို ။ ကိုယ့်ကိုကိုယ်လည်းတွေးမိပါတယ် ဘာကြောင့်များဒီလိုဖြစ်နေတာလဲလို့ ဘယ်လိုပဲတွေးတွေးပေါ့နော် ကိုယ်ကိုကိုယ်တော့အကောင်းမြင်တတ်ပါတယ် :p

 စာတွေရေးဖို့ကို ခေါင်းထဲမှာအများကြီး တွေးမိပါတယ် ။ ဒါပေမယ့် တွေမိတဲအချိန်ပဲသတိရတယ်ဗျ ပြန်လည်းရေးရော ဘာမှပြန်မပေါ်လာတော့ဘူး ဗျာ ။

တစ်နေ့ စာရေးဖို့ဆိုရင် ဟိုအကြောင်းပြလိုက် ဒီအကြောင်းပြလိုက်နဲ့ ဘာမှကိုမလုပ်ဖြစ်သေးဘူး ဒါ့အပြင် ထားလိုက်တဲ့ ရည်မှန်းချက်ကလည်း အများကြီးပဲ ဘာဖြစ်လ်ာလည်းဆိုရင် ဘာမှာကိုမဖြစ်လာသေးဘူး။

 တစ်နေ့ တစ်နေ့ စကားကြီးစကားကျယ်ပြောလိုက် ဟိုဟာလေးကောင်းတယ်ဆိုရင်လုပ်လိုက် ဒီဟာလေးကောင်းတယ်ဆိုရင်လုပ်လိုက် ဘာမှကိုမဖြစ်လာသေးတဲ့ ကျွန်တော်ပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့နော် ဘာမှမတွေး ပဲ နေတာထက်စာရင် တွေးနေတာကတော့ကောင်းတာပေါ့နော်( အဲအတွေးမချော်ဖို့လည်းအရေးကြီးသေးတယ်နော်) ။ ဆင်ခြေပေးတဲ့ ပါးစပ်ထမင်းငတ်တတ်တယ်တဲ့ ကျွန်တော်အခုထိတော့ မငတ်သေးဘူး အမေ့အိမ်မှာနေလို့ ဟီး………………. ဘယ်အချိန်ကျမှငတ်မလည်းမသိဘူး ။

 ဘာကြောင့်ဒီစာလေးကိုရေးရသလဲဆိုရင် ကျွန်တော်ကို ကျွန်တော်ဆုံးမချင်လို့ပါ။ တစ်နည်းအားဖြင့် ကျွန်တော်ဘယ်လောက်သောက်သုံးကျသလဲဆိုတာကို လူပုံအလယ်မှာတစ်ကမ္ဘာလုံးသိအောင်ကြေငြာတာပေါ့နော်။
 ဆင်ခြေများလည်းထပ်ဖြည့်ပေးလို့ရပါတယ်ဗျာစိတ်ဆိုးပါဘူးဗျာ။

……………………………… အားလုံးပဲပျော်ရွှင်ကြပါစေ

လူအများရှေ့တွင်း စကားပြောခြင်းအတွေ့အကြုံ

ကိုရင်သာဂိတစ်ယောက် ဟိုတစ်လောက M51A ရဲ့ တစ်နှစ်ပြည့်ပွဲမှာဗျာ ဟောပြောပွဲလေးထည်တဲ့ဟာကို ၀င်ပြီးပြောမလို့ ကြိုးစားလိုက်သေးတယ်ဗျ ။ ဘာမှာလည်းမတတ်ပဲ ဆရာကြီးသွားလုပ်တာပေါ့ဗျ ………. ဟီး…………………. အဲဒီအကြောင်းပြန်ပြောရရင် ဒူးတုန်တယ်ဗျ ဘာဖြစ်လို့လည်း ဆိုတော့ လူငယ်တော်တော်များများမှာလိုအပ်နေတဲ့အတတ်ပညာတစ်ခုဟာ လူအများရှေ့တွင် စကားပြောချင်းအတတ်ပညာပဲ ဆိုတာကို အဲဒီအချိန်မှာကျွန်တော်သိသွားတယ်ဗျာ။ ကျွန်တော်က အရင်တုန်းက တစ်ခါမှ လူအများကိုစင်ပေါ်တက်ပြီးစကားမပြောဖူးဘူးဗျ ဘာဖြစ်လို့လည်းဆိုတော့ စင်ကြောက်လို့ပဲ ။ စင်ကိုဘာလို့ကြောက်လဲဆိုတော့ စင်ဆိုတာမျိုးက လူအများကစိတ်ဝင်တစားနဲ့ ကြည့်နေကြတဲ့နေရာ တစ်နည်းအားဖြင့် ကျွန်တော်တို့ အတွက် ပထမဦးဆုံးဆိုရင် ဘာမှမလုပ်နိုင်တော့အောင်လို့ ရင်ခုန်နေမိတဲ့နေရာ ရည်းစားဟောင်းတောင် အဲဒီလောက်ရင်မခုန်ဖူးဘူး ဗျ တော်တော်လေးကိုတုန်တယ် ။ စင်ပေါ်တက်ပြောဖူးတဲ့သူအားလုံး အဲဒီခံစားချက်ကို ခံစားဖူးကြမှာပါ ။ ပထမဦးဆုံးခြေလှမ်းတိုင်းမှာ လူတော်တော်များများ လွယ်ကူစွာနဲ့အဆင်မပြေသွားကြပါဘူး ။ စကားပြောကောင်းသူအားလုံးတို့ဟာ ပထမဦးဆုံးဒီအဆင့်ကိုခက်ခက်ခဲခဲနဲ့ကျော်ဖြတ်ခဲ့ကြတဲ့သူတွေချည်းပါပဲ ။ ကျွန်တော်လည်းစကားပြောကောင်းတဲ့သူမဟုတ်ပါဘူး ။ စင်ပေါ်ကိုတစ်ခါနှစ်ခါလောက်ပဲစကားပြောဖူးတာပါ။ အဲဒီိနှစ်ခါလုံးကျွန်တော် ကျရှုံးဖူးပါတယ် ဒါပေမယ့် ကျွန်တော်စိတ်ဓါတ်မကျသေးပါဘူး။ ဆက်လက်ကျိုးစားနေမှာပါ ။ ဒီကျလို ကျရှုံး လို့ ကျွန်တော်လည်းစိတ်နာလို့ အဲဒါကိုပိုင်နိုင်အောင်လေ့ကျင့်မယ်ဆိုပြီး လိုက်လေ့လာနေတုန်းပဲဗျ အခုထိတော့ဆရာကြီးမဖြစ်သေးဘူးဗျ။ ဘာမှတောင်သိပ်မပြောရဲ့သေးဘူး ။ ဒါပေမယ့် နည်းနည်လေးပေါ့ သုံးလေးငါးကြိမ်လောက်တော့ ကျွန်တော်အလိုက်ကမ်း ဆိုးမသိပဲပြောရင်းကနေ တစ်ဖြည်းဖြည်း လူအများရှေ့မှာစကားပြောရတဲ့ တွေ့ကြုံရတဲ့ အတွေ့အကြုံနည်းနည်းလောက်တော့သိလာပြီဆိုတာပဲပေါ့ဗျာ ။ ကျွန်တော့အကြောင်းကြွားလို့ပြီးတော့ အဲ………….ပြောပြီးတော့ ကျွန်တော်အခုဖတ်ဖူးတဲ့စာအုပ်ထဲက စင်ပေါ်တက်ပြီးပြောတဲ့အခါ အသုံးလိုမယ်ထင်တဲ့အကြောင်းအရာလေးတွေကို ကျွန်တော်ကြိုက်တဲ့အချက်လေးတွေကိုစုပြီးတင်ပြပေးပါ့မယ် ။အဲဒီစာအုပ်နာမည်လေးက ဟောနည်းပြောနည်း ၊ ကိုယ်ဘက်ပါအောင်စည်းရုံးနည်းများ ဆိုတဲ့ ဆရာဖေမြင့်ရေးတဲ့စာအုပ်လေးပါ။ မူလစာအုပ်ကတော့ အရမ်းကိုကောင်းပါတယ် အခုကျွန်တော်ပြောတဲ့အကြောင်းအရာတွေဟာ အသုံးမ၀င်ဘူးဆိုရင်းလည်းကျွန်တော့ကိုပဲအပြစ်တင်ပါနော်။ ကျွန်တော်က သူရေးထားတာ ကိုထပ်ပြီးကွန်ညွန့်ပြီး ကျွန်တော်ရေးသလိုလေး လုပ်ကြည့်တာပါဗျာ………………..အားလုံးပဲအဆင်ပြေနိုင်ကြပါစေဗျာ………
စာအုပ်ထဲမှာကတော့နည်းလမ်းတွေအများကြီးပဲ ဗျ ဒါပေမယ့်ကျွန်တော်က အခြေခံကျကျသိသင့်တယ်လို့ယူဆထားတဲ့ အချက်လေး နှစ်ချုက်ကို တင်ပြပေးမှာပါဗျာ……………
ကဲ ပထမနည်းလမ်းစပြီးဗျို့
စင်ကိုမကြောက်ပါနဲ့ သို့ ပရိတ်သက်ကိုမကြောက်ပါနဲ့
ခေါင်းစဉ် က စင်ကိုမကြောက်ပါနဲ့တဲ့ ဘယ်လိုပဲပြောပြောပါ တစ်ကယ်တမ်းစင်ပေါ်ကိုတက်ရတော့မယ်ဆိုရင် စင်ကို ယောက်ခမထက်ကိုပိုကြောက်တော့တာပဲ ။ ပရိတ်သက်ကိုမကြောက်ပါနဲ့တဲ့ ပိုဆိုးတယ်ဗျ အားလုံးကို စင်ပေါ်မှာရှိတဲ့ကိုယ်ကိုဝိုင်းကြည့်နေတာဖြစ်တဲ့အတွက် ပိုပြီးတော့ကြောက်တယ်ဗျ ။ အတွေ့အကြုံမရှိရင်ပိုဆိုးတယ်ဗျ စင်ပေါ်တက်ပြီး စပြီးပြောတဲ့အချိန် အဲဒီအချိန်က ကြောက်စရာအကောင်းဆုံးအချိန်ပဲ ဘာမှကိုမသိတော့ဖြစ်ချင်နေတယ် ဖြစ်နိုင်မယ်ဆိုရင် အဲဒီ့စင်ပေါ်ကနေ ထွက်ကိုပြေးသွားချင်တာဗျာ ။ စကားပြောရင်လည်းထစ်ထစ်ငေါ့ငေါ့နဲ့အဆင်ကိုမပြေဘူး။ လူကလည်းတုန်နေတယ် ဘာမှကိုခြေမကိုင်မိလက်မကိုင်မိဖြစ်နေတယ် ။ကျွန်တော်အခုပြောခဲ့တာတွေအားလုံးက ကျွန်တော် တစ်ကယ် ကိုရင်ဆိုင်ခဲ့ရတာပါ ။ ကျွန်တော် စပြီးစင်ပေါ်ကိုတက်တော့ ဘာမှကိုမမြင်တော့ဘူး ဒူးတွေကလည်းတုန်လို့ ဆယ်ရက်လောက်ထမင်းမစားပဲ ကော်ဖီဆယ်ခွက်လောက်စွပ်သောက်လိုက်သလိုပဲ လှပ်လှပ်နဲ့ ။ ဒီခံစားချက်တွေကတော့ဘယ်သူမဆိုပထမဦးဆုံးစင်ပေါ်တက်တဲ့သူတိုင်းအနည်းနဲ့အများရင်ဆိုင်နေကြတာပါ ။
ကဲ ခံစာချက်တွေတော့ပြောပြီးသွားပြီး ကျွန်တော်ကအဲဒီပထမဦးဆုံးစင်ကြောက်တာကို စာအုပ်ထဲက ဘယ်လိုပြောထားတယ် ကျွန်တော်ဘယ်လိုဖြေရှင်းသွားတယ်ဆိုတာကို နှိုင်းယှဉ်ပြီးပြောသွားမှာပါ။
ပထမဦးဆုံးစာအုပ်ထဲကပြောထားတာက တော့ စင်ကိုကြောက်ရင် စင်ကိုများများတိုးပါတဲ့ ။ အဟဲ နည်းကတော့ရှယ်ပဲ ကြောက်ပါတယ်ဆိုနေမှ ဘာလို့စင်ကိုတိုးခိုင်းတာလဲ ဆိုတော့က ။ မိတ်ဆွေ သင် ၀က်သားကြိုက်လားဗျ ။ အကယ်၍များ ၀က်နဲ့မကျွေးပဲ ငါးပိရည်နဲ့ကျွေးမယ် မိတ်ဆွေစားမလား ???????????
ပထမပိုင်းမှာတော့ဘယ်စားမလဲ ဒါပေမယ့်နောက်ပိုင်းမှာ အဲဒါမှမစားရင် ဘာမှစားစရာမရှိတော့ဘူးဆိုတဲ့စိတ်လေးဝင်လာရင်တော့ စားတော့မှာပဲမဟုတ်လား နောက်များမှာ မိတ်ဆွေ အဲဒါမပါရင်ထမင်းတောင်မစားတတ်တော့အဆင့်ထိဖြစ်သွားမှာပါ ။ စာအုပ်ထဲကနည်းကတော့ မိတ်ဆွေ မစားချင် လည်းကြိတ်မှိတ်ပြိးစားခိုင်တာပဲ ။ စင်ကိုလည်းကြောက်ပေမယ့် ဖြစ်ချင်ရာဖြစ် ဆိုပြီးတိုးရမှာပဲ ။မိတ်ဆွေ ကျွန်တော်အတွေ့အကြုံကိုပြောရရင်တော့ နှစ်ကြိမ်လောက် ရင်ဆိုင်ကြည့်လိုက် နောက်ဆိုသင်စင်ကိုကြိုက်သွားပါလိမ်မယ့် ။ ကျွန်တော်တစ်ကယ်ပြောတာပါ စင်ကိုကြောက်တယ်ဆိုရင် စင်ပေါ်ကိုများများတက်တာအကောင်းဆုံးပါပဲ…………………………………………… စင်ကြောက်ခြင်းအတွက် စင်ပေါ်ကို များများတက်ပြီးပြောချင်းက အကောင်းဆုံးဆေးပါပဲဗျာ ။ ပရိတ်သတ်ကိုကြောက်တဲ့ပြဿနာအတွက်က တော့ မိတ်ဆွေတွေနဲ့အကြိမ်ရေများများစုပြီး ကိုယ်ကဦးဆောင်ပြီးစကားများများပြောပါ နောက် ရပ်ကွက်ထဲမှာရှိတဲ့ဆွေးနွေးပွဲတွေမှာလည်းဝင်ရောက်ဆွေးနွေးပါတဲ့( စာအုပ်ထဲမှာပါတဲ့အချက်တွေဗျ တစ်ချို့ကိုတော့သိပ်သဘောမတူဘူး ဥပမာ ရပ်ကွက်ထဲမှာ ဆိုတဲ့အချက်ကိုသိပ်သဘောမကျဘူး) ကျွန်တောကတော့ပရိတ်သက်ကိုကြောက်လာရင် ဘယ်လိုလုပ်လဲဆိုတော့ ပရိတ်သတ်ကိုကြည့်ပြီးအားလုံးဟာ ကျွန်တော်သူငယ်ချင်တွေပဲလို့တွေးပြီးပြောလိုက်တယ် ကျွန်တော့်အတွက်တော့အဲဒီနည်းလမ်းဟာ တော်တော်လေးကိုကောင်းတယ်ဗျ မိတ်တွေတို့လည်းစမ်းသုံးကြည့်ပေါ့ဗျာ အသုံးကျလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ။
ဒုတိယအချက်ကိုစကြရအောင်ဗျာ
ကြိုတင်ပြင်ဆင်ခြင်း
ကြိုတင်ပြင်ဆင်ခြင်းတဲ့ စင်ပေါ်တက်ပြီးစကားပြောတဲ့နေရာမှာ စင်ပေါ်မရောက်ခင် ကြိုတင်ပြင်ဆင်ခြင်းတိုတဲ့ အဆင့်ကို ပြုလုပ်ထားမှသာလျှင် သင်ပြောချင်တဲ့အကြောင်းအရာကို တိတိကျကျပြောနိုင်မှာဖြစ်ပါတယ် ။ ကျွန်တော့်အတွေ့အကြုံရပြောရရင် အနည်းငယ်လောက်တောင်ပြင်ဆင်မှုမရှိပဲ တက်ပြောမယ်ဆို မိတ်ဆွေ သင် ပထမဦးဆုံးခြေလှမ်းကျဆုံးသွားပြီလို့ပြောလို့ရပါတယ်။ ကျွန်တော်ဆို စင်အတွေ့အကြုံမရှိပဲ ပထမဦးဆုံးအကြိမ်ပြင်ဆင်မှုမရှိပဲ စင်ပေါ်တက်ပြောခဲ့တဲ့အတွက် စင်ပေါ်ကနေ ကျွန်တော် ဆင်းပြေးခဲ့တယ် တစ်ကယ်ပါ အဲဒီအချိန်ဟာ ကျွန်တော်ဘ၀ရဲ့ ရှက်ဖွယ်ရာကောင်းတဲ့အချိန်တွေထဲမျာလည်းပါဝင်ခဲ့တယ် ။ ဒါပေမယ့် ကျွန်တော်စိတ်ဓါတ်မကျခဲ့ပါဘူး ။ အဲဒီနေရာမှာပြောထားတာက စာအုပ်ထဲမှာကော ကျွန်တော့်အတွေ့အကြုံအရဆိုရင်ကော ပြောရရင် အဲဒီအချိန်မှာကြောက်လန့်ပြီးနောက်ထပ်ဆက်မလုပ်ရင် နောက်ခါ ကျရင် လုံးဝ ကို အဆင်မပြေတော့ပါဘူး ကျွန်တော် ခံစားဖူးခဲ့တဲ့ခံစားချက်လေးပေါ့ဗျာ။ အခုတော့ မကြောက်တော့ပါဘူး။ နောက်ပြီး ပြင်ဆင်မှုမရှိပဲလည်း စင်ပေါ်တက်ပြီးမပြောတော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့အရှုက်တွေလည်းကွဲခဲပေါင်းများလေပြီလေဗျာ။ ကျွန်တော်အခုပြောတဲ့အချက်နှစ်ချက် က တစ်ကယ်တမ်းစင်ပေါ်တက်ပြောတဲ့အခါ အခြေခံကျကျသိကိုသိရမယ့်အချက်လေး နှစ်ချက်ဖြစ်ပါတယ် ။ စာအုပ်ထဲမှာ အကြံဥဏ်တွေအများကြီးပါပေမယ့် တစ်ချို့အချက်တွေက တော့ သိပ်သုံးလုံအဆင်မပြေဘူးလို့ကျွန်တော်ထင်တယ် ။ အဲဒီစာအုပ်ထဲက ကျွန်တော်တင်ပြထားတဲ့အချက်လေးနှစ်ချက်က တစ်ကယ်ကို ကျွန်တော့်အတွက်အသုံးဝင်ခဲ့တာပါဗျာ……………… မိတ်ဆွေတို့အတွက် တစ်ခုခုများအသုံးဝင်သွားရင် ကျွန်တော် ကျေနပ်ပါပြီဗျာ …………………….နောင်တစ်ချိန်မှာအိုင်တီလောကမှာဝင်ရောက်တော့မယ် လူငယ်များနှင့် ၀င်ရောက်ပြိးဖြစ်နေတဲ့လူငယ်များအတွက် ဒီ Public Speaking Skill ဟာ တော်တော်လေးကို အသုံးတည့်လာတော့မှာဖြစ်တဲ့အတွက် ကျွန်တော်တတ်သလောက်မှတ်သလောက်လေး တင်ပြကြည့်တာ ပါ ။ နောက်တစ်ခါအဆင်ပြေရင် ကျွန်တော် ကျောင်းတုန်းကသင်ဖူးခဲ့တဲ့ Public Speaking Skill ကိုပြန်ပြီးတင်ပြပေးပါ့မယ်ဗျာ…………..အားလုံးပဲပျော်ရွှင်ပါစေဗျာ

ပျင်းရိခြင်း

ပျင်းလိုက်တာ တစ်နေ့ထက်တစ်နေ့ အရှုးကြီးလိုဖြစ်နေတဲ့ ငါ့ဘ၀ အခုတော့ ဟင်း………….မောလိုက်တာ
လောကကြီးထဲမှာနေရတာ ကုန်ဈေးနှုန်းနဲ့ လူအချင်းချင်းမှာရှိတဲ့ မာန အတ္တ ရယ် မကျေနပ်ချက်တွေ ရယ် စုပေါင်းပြီး လူအများစောက်မြင်ကပ်တဲ့ လူသားအဖြစ် ကျွန်တော်နေထိုင်ခဲ့တယ်။ လူတစ်ချို့ကပြောတယ် ။ ။ သာဂိ မင်းဟာ အရှုးပဲတဲ့ ကျွန်တော်ကလည်းပြန်တွေးမိပါတယ် သူလည်း အရှုးမို့လို့ ကျွန်တော့ကိုအရှုးလို့ပြောတာပဲလို့ ။ မြတ်စွာဘုရားတောင်မှပြောခဲ့တယ် ပုထုဇဉ်နော ဥမ္နတကော တဲ့ လူမှန်သမျှဟာအရှုးပဲတဲ့။ လူသားအားလုံးဟာ ကိုစိတ်ဝင်စားတဲ့အရာတွေနဲ့ရှုးသွပ်တဲ့လူတွေချည်းပါပဲတဲ့ ။ အင်္ဂလိပ်လိုဆိုရင် crazy ပေါ့နော်။ ကျွန်တော်လည်းစဉ်းစားပါတယ် ။ သူတို့က ကျွန်တော့်ကိုဘာကြောင့်အရှုးလို့ပြောတာလဲပေါ့ ။ သူတို့နဲ့မတူလို့ အရှုးလို့သတ်မှတ်ကျတာတဲ့ ။ ဒါဆိုသူတို့ကတော့ မရှုးဘူးလား။ သူတို့လည်း ကောင်မလေးကိစ္စ ၊ စီးပွားရေး ၊ ဂုဏ်သိက္ခာတွေအတွက် ရှုးသွပ်နေတဲ့ လူသားတွေပဲဗျာ မဟုတ်ဘူးလား။ ကျွန်တော့်ကျမှာ အဲဒီအရှုးတွေအားလုံးစုပြီး ကျွန်တော့်ကိုအရှုးလို့ သမုတ်ကျတော့ ကျွန်တော် လည်း အရှုးကြီးပေါ့ဗျာ………………………………………

Saturday, July 24, 2010

Bloger တစ်နှစ်ပြည့်

ကိုရင်သာဂိတစ်ယေက် Blog ရေးတာ တစ်နှစ်ပြည့်သွားပါပြိ ။ ဒီလို Blog လေးဖြစ်လာဖို့အတွက် ကျွန်တော်ကျေးဇူးတင်ရမယ့်ကျေးဇူးရှင်တွေအများကြီးရှိပါတယ် ။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်ရဲ့ ပျင်းရိဖွယ်ရာကောင်းပြီးကိုယ့်အကြောင်းကိုယ်ပြောနေတဲ့ Blog လေးကိုစိတ်ရှည်လက်ရှည်နဲ့ဖတ်ပြီး comment တွေပေးတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ။

ကျွန်တော် Blogလေးဖြစ်လာဖို့အတွက် ပထမဦးဆုံးကျေးဇူးတင်ရမှာက ကျွန်တော်အားကျောင်းမှ သင်ခန်းစာအဖြစ် Blog ရေးဖို့အမြဲတမ်းခိုင်းတဲ့ ဆရာနေယံဦးပါ ။ သူရဲ့တိုက်တွန်းချက်များကြောင့် ကျွန်တော်ဟာ Blog ကို ပုံမှန်ရေးဖြစ်လာဖို့အတွက် တိုက်တွန်းပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါလှပါတယ်ဗျာ ။ ကျွန်တော် အားတာဝန်အရဆိုပေမယ့်တစ်ကယ်စိတ်ရင်းနဲ့ Blogရေးဖို့ကိုတိုက်တွန်းပေးတဲ့ ဆရာကိုနေယံဦး(Myanmar Egress) ကိုကျေးဇူးတစ်ကယ်တင်ပါတယ်။

 နောက်ထပ်ကျေးဇူးတင်ဖို့ကောင်းတဲ့ သူတစ်ယောက်ကတော့ Yangonese ပါ ။ သူက ကျွန်တော့်ကိုကျောင်းပြီးတော့ Blog ဆက်ရေးဖို့ ကို တွေ့တိုင်းတိုက်တွန်းတတ်လို့ သူ့ကြောင့်လည်းPost တွေတော်တော်များများရေးဖြစ်တာလည်းပါပါတယ် ။ ကျွန်တော်ခေါင်းစားနေလို့ စာတွေမရေးနိုင်တဲ့အချိန်မှာ ကျွန်တော့်အတွက် စာရေးနိုင်ဖို့ကိုအားကြိုးမာန်တက် ကူညီပြီးအချက်အလက် တွေရှာပေးတယ် ။ နောက်နည်းပညာအသစ်တွေကို ရှာပေးတဲ့အတွက် သူ့ကြောင့်လည်း ကျွန်တော IT ပညာရပ်တော်တော်များများကိုသိရှိနားလည်းခဲ့ပါတယ် ။ သူဟာ ကျွန်တော် ကွန်ပျုတာနည်းပညာရပ် များကိုလေ့လာဖို့အတွက် လမ်းပြပေးသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဒီဆိုဒ်လေးဟာ ကျွန်တော့်အတွက် ဘ၀တစ်ခုလိုဖြစ်နေပါတယ် ။ ကျွန်တော်ဘ၀မှာ လိုအပ်တဲ့ ပညာရပ်တွေ အပေါင်းအသင်းတွေ မိတ်ဆွေတွေဟာ ဒီblog လေးကြောင့် တိုက်ရိုက်သော်လည်းကောင်းသွယ်ဝိုင်သော်လည်းကောင်း ရရှိစေပါတယ် ။ ဒီ blog ရေးခြင်းဟာ ကျွန်တော့အတွက်တော့ ဘ၀အချိုးအကွေလေးတစ်ခုအဖြစ် မှတ်တမ်းတင်လို့နေပါတယ် ။

ကျွန်တော့် ဆိုဒ်မှာ ၀င်ရောက်ပြီးဝေဖန်ပေးတဲ့မှတ်ချက်ပေးတဲ့ အစ်ကိုအစ်မတွေအားလုံးကို ကျွန်တော်ကနေ အထူးပင်ကျေးဇူးတင်ရှိပါသည်။

ကိုရင်သာဂိ
အားလုံးကိုလေးစားစွာဖြင့်

Thursday, July 1, 2010

ကျွန်တော့်ဘ၀အားပြောင်းလဲပေးသောအရာများ

ကိုရင်သာဂိတစ်ယောက် Blog ဆိုတာကြီး ကို ၂၀၀၉ ခုနှစ် မှ စတင်ပြီး နဖူးတွေ့ဒူးတွေ့ လုပ်ဖူးတာပါ ။ အဲဒါလည်းရရော မျောက်လက်ထဲအုန်းသီးရသွားသလိုပါပဲ ရေးချင်တာတွေလျှောက်ရေး နေတာပေါ့ ။ အဟဲ……… ၀န်ခံစရာလေးတစ်ခုရှိသေးတယ်ဗျ ကျွန်တော့် Blog စရေးတော့ wordpress နဲ့ရေးတာပေါ့ဗျာ ။ ရေးရတယ်ဆိုတာကလည်း ကိုရင်သာဂိတို့တက်ခဲ့သင်တန်းက assignment အနေနဲ့ မရေးမနေရ ရေးရတာဗျ စရေးတုန်းကတော့ပျင်းစရာကြီးပေါ့ဗျာ နောက်တော့လည်း ကိုမိုးလှိုင်ညတို့ ရန်ုကုန်သားတို့နဲ့လည်းခင်မင်ရော ဟဲဟဲ ဘလော့ကိုစပြီးအားရပါးရရေးတော့တာပေါ့ဗျာ နောက်ပြီး Barcamp Yangon တုန်းကလည်း Volunteer သွားလုပ်တော့ ကိုရင်သာဂိဆိုတာ ဟိုလူကလည်းကြားဖူးတယ် ဒီလူကလည်းကြားဖူးတယ်တွေဖြစ်ကုန်ရောဗျ (အဲဒီလိုကိုယ်ကိုကိုယ်ကြွားနေတာ) ။ နောက်ပြီး ကျွန်တော်အိုင်တီလောကထဲကို ၀င်လာနိုင်ဖို့ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော့ကိုအထောက်အကူပေးတဲ့ အရာလေးတွေရှိခဲ့ပါတယ် အဲဒီတွေသာမရှိခဲ့ရင် ကျွန်တော်အခုရှေ့နေဖြစ်နေလောက်ပြီ။ အောက်မှာပြထားတာတွေက ကျွန်တော်အိုင်တီလောကကိုဝင်ရောက်နိုင်ဖို့အတွက် ကျွန်တော့်အားကူညီပေးတဲ့အရာလေးတွေပေါ့ဗျာ ။

ပထမဦးဆုံး ကဒ်အစိမ်းလေးက ကျွန်တော် ဘားကမ့်ရန်ကုန်မှာ Volunteer ၀င်လုပ်တုန်းက ကဒ်လေးပါ အဲဒီကဒ်လေးက ကျွန်တော်ကိုကွန်ပျူတာပဲရွှေးချယ်အောင်လုပ်ခဲ့တယ် လို့ပြောလည်းမမှားပါဘူး ။ အဲဒီကဒ်လေးကြောင့် ကျွန်တော် ရှေ့နေလိုင်းကိုမရွှေးတော့ပဲ ကွန်ပျူတာကိုလေ့လာခဲ့တာပါ ။ ကျွန်တော်အဲဒီဘားကမ့်ပွဲမှာ ပညာရှင်တွေအများကြီးကို အားကျခဲ့ရတယ် သူတို့ ကို အစက နာမည်ပဲကြားဖူးရာက ဘားကမ့်ရန်ကုန် ရဲ့ကျေးဇူးကြောင့် ပညာရှင်တွေတော်တော်များကိုမြင်ဘူးခဲ့တယ် နောက်ပြီးကွန်ပျူတာပညာရှင်တော်တော်များများနဲ့ခင်မင်ရင်းနှီးခဲ့တယ် ။ အဲဒီတော့ ဘားကမ့်ရန်ကုန်ဟာကျွန်တော့်အတွက် ဘ၀ကိုပြောင်းလဲစေခဲ့တဲ့အချိုးအကွေ့လေးတစ်ခုလို့တော့ကျွန်တော်မှတ်ယူထားပါတယ် ။
နောက်ထပ်ကဒ်အနီလေးကတော့ M51A ဆိုတဲ့ Mistake 51 Area ဆိုတဲ့ဆိုဒ်လေးကနေကျင်းပတဲ့ တစ်နှစ်ပြည့်အမှတ်တရပွဲလေးတုန်းက ၀င်ကူညီးပေးလို့ရတဲ့ကဒ်လေးပါ ။ အဲဒီပွဲလေးကို ကျွန်တောအရမ်းပဲကျေးဇူးတင်ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ကျွန်တော့အတွက် အလွန်ကောင်းမွန်တဲ့အရာလေးနှစ်ခုကိုအဲဒီပွဲလေးကနေ ဖန်တီးပေးခဲ့ပါတယ် ။ပထမက ကျွန်တော်အတွက် ငယ်ပေါင်းကြီးဖော်လိုခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေကို အဲဒီပွဲကနေ ကျွန်တော်ရရှိခဲ့ပါတယ် ။ နောက်တစ်ခု ကျွန်တော် ငမ်းငမ်းတက်လိုချင်နေတဲ့ Laptopကို အဲဒီပွဲလေးအကြောင်းပြပြီးအိမ်ကိုဝယ်ခိုင်းလို့ ၀ယ်ပေးခဲ့လို့ပါ ။ ကျွန်တော် အဲဒီLaptop ကို အရမ်းပဲလိုချင်ခဲပါတယ် နောက်ပြီး အဲဒီလက်တော့လ်လေးအကူအညီကြောင့်ပဲအသစ်သစ်သောနည်းပညာရပ်တွေကိုစမ်းသပ်လို့ရခဲတာပါ ။ ကျွန်တော့အိမ်က ကွန်ပျူတာကြီးက ဘာမှကိုသုံးလို့မရတော့တဲ့အချိန်မှာ အဲဒီလက်တော့လေးဝင်လာလို့ တော်တော်လေးကိုအဆင်ပြေသွားတာပါ ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ကျွန်တော်ကိုဘ၀ပြောင်းလဲဖိုပအတွက်လိုအပ်တဲ့Tools တွေအကုန်လုံးကို ဒီပွဲလေးကဖန်တီးပေးနိုင်ခဲ့တဲ့အတွက် ကိုထွန်း (Creater) ကို ကျေးဇူးအထူးပင်တင်ရှိပါတယ်ဗျာ။
နောက်တစ်ခုကတော့ဗျာ စတစ်ကာကပ်ထားတဲ့ အရာလေးပါ Ubuntu လို့ခေါ်ပါတယ် သူက Free Open Source Operating System ပါ အင်တာနက်ပေါ်ကနေ အလကားမှာလို့ရပြီး အခမဲ့ပို့ပေးတဲ့ တစ်ခုတည်းသော Free Linux OS ပါ ကျွန်တော်အဲဒါကိုတော်တော်လေးကြိုက်ပါတယ် အဲဒါကို ကျွန်တော်ကိုပထမဦးဆုံးမိတ်ဆက်ပေးခဲ့တာကတော့ ကျွန်တော့်သူငယ်ချင်းရန်ကုန်သားပါ သူက ကျွန်တော်ကို မနောရမ ပညာဒါနသင်တန်းမှာလုပ်တဲ့ ကိုကိုရဲ့ ရဲ့ Ubuntu နဲ့ပတ်သက်ပြီးပြောပြတဲ့ပွဲလေးကိုသွားရင်းစိတ်ဝင်စားခဲ့တာပါ။ ကျွန်တော်တော်တော်လေးကိုကြိုက်ပါတယ်ဗျာ ။နောက်ပြီး Programmingတို့ Networking တို့ WebDesigner တို့ဘာတို့ညာတို့တွေကိုမလေ့နိုင်သေးခင်မှာ ဦးဘထူးလေးကယ်တဲ့ အတွက် ကျွန်တော်ဟာ ကိုယ်ကိုယ်ကို ပညာရှင် (စိတ်ကူးယဉ်ပေါ့နော့)လို့သတ်မှတ်နိုင်တဲ့အတွက် ကျွန်တော့်ဘ၀ကိုပြောင်းလဲခဲ့တဲ့အရာတွေထဲမှာ ဒီ နည်းပညာရပ်လေးလည်းပါဝင်လို့နေပါတယ် ။
ကျွန်တော်အခုတင်ထားတဲ့ဓာတ်ပုံတွေထဲကအရာတွေအားလုံးဟာကျွန်တော်ကွန်ပျူတာလောကထဲကိုအခြေချဖို့အတွက် ကူညီပေးခဲတဲ့အရာတွေကို စုပြီးဓာတ်ပုံရိုက်ထားတာဗျ နောက်ပြီးကိုရင်သာဂိဆိုတာဖြစ်လာဖို့အတွက် ကူညီပေးခဲ့တဲ့အရာတွေလို့လည်းပြောလို့ရပါတယ် ။ ကိုရင်သာဂိဆိုတာဖြစ်လာဖို့အတွက်ကူညီပံပိုးပေးခဲ့သော ဆရာသမားအားလုံးနှင့်တစ်ကွ သူငယ်ချင်းများအား ကျေးဇူးတင်လျှက်
ကိုရင်သာဂိ

Happy Birthday Kyaw Nyi Nyi

Happy Birthday Kyaw Nyi Nyi
မနေ့က ကိုရင်သာဂိတစ်ယောက် သူငယ်ချင်းကဖိတ်လို့ မွေးနေ့တစ်ခုကိုသွားတယ်ဗျ ။ မွေးနေ့ရှင်ကဘယ်သူလဲဆိုတော့ ရခိုင်သားလေးရဲ့ဒီုင်ယာရီကိုရေးတဲ့ ကျော်ညီညီခိုင်ရဲမွေးနေ့ကိုသွားတာ ဗျ။ အရင်တုန်းက တော့ဒီလိုလူလူသူသူဖိတ်ခြင်းခံရတာမဟုတ်ဘူး အခုမှပဲ ဖိတ်တာခံရတော့တယ် ဟီး …………အဲဒီလို လူချစ်လူခင်ပေါတာဗျာ။ အဲ……………ကျွန်တော့အကြောင်းကိုရေးရင်းနဲ့ မူလအကြောင်းတောင့်မေ့တော့မလို့ ဗျ ……………………..ကျွန်တော်အခုဒီpostလေးကိုရေးတာ ကျွန်တော်သူငယ်ချင်းကျော်ညီညီခိုင်အတွက် မွေးနေ့ဆုတောင်းပေးမလို့ဗျ ။ ဆုတောင်းလေးကဒီလိုဗျ
ကျွန်တော့်သူငယ်ချင်း မိန်းမမြန်မြန်ရပါစေ
ကျွန်တော့်သူငယ်ချင်းကြီး ယောက္ခမဆိုးဆိုးကြီးနဲ့ တွေပါစေ
ကျွန်တော့်သူငယ်ချင်းကြီး ယောက်ဖကောင်းကောင်းနဲ့ တွေ့ပါစေ
ကျွန်တော့်သူငယ်ချင်းကြီး မိန်းမချောချောလေးတွေနဲ့ ဝေးပါစေ
ကျွန်တော့်သူငယ်ချင်းကြီး အသက်ကြီးကြီး အဒေါ်ကြီး တွေနဲ့ညားပါစေ
(မှတ်ချက် အထက်ပါဆုတောင်းများအားပြောင်းပြန်ယူဆပေးပါနော် )
(အဟဲ……………………….သယ်ရင်းရေစတာနော် စိတ်မဆိုးနဲ့)

သူငယ်ချင်း မင်းအသက်ကတော့တစ်နှစ်ကြီးသွားပြီး အတိတ်မှာဘာတွေလုပ်ခဲ့ပြီးပြီလဲ အနာဂတ်မှာကောဘာတွေလုပ်ဖို့စဉ်းစားထားသလဲ ။ တွေးဖို့အချိန်ရောက်တော့မယ်နော် လောကကြီးမှာနေတဲ့အခါ လုပ် သင့်လုပ်ထိုက်တာတွေလည်း လုပ်ရမယ် လုပ်ချင်တာတွေလည်းလုပ်ရမယ် လုပ်ချင်တာတွေချည်းပဲလုပ်လို့မရလို လုပ်သင့်လုပ်ထိုက်တာတွေချည်ပဲလည်းမလုပ်သင့်ပါဘူး။ ဒီတော့ သယ်ရင်းမင်းအတွက်အရေးကြီးဆုံးက အနာဂတ်ဆိုတာ မင်းလက်ထဲမှာပဲရှိတယ် ဘယ်သူဆီမှာမှမရှိဘူး။ အဲဒီတော့ကိုယ်လက်ထဲမှာရှိတဲ့ အနာဂတ်ကို ကိုယ်တိုင်ပဲ ဖန်တီးလိုက်စမ်းပါ သယ်ရင်း ဘ၀မှာပျော်ရွှင်ပါစေ ကွာ……………………………………… ကိုရင်သာဂိ

Wednesday, June 30, 2010

Pay Per Post

ဒီခေါင်းစဉ်လေးကတော့ ကျွန်တော် သူငယ်ချင်းတစ်ယောက် ကျွန်တော်ကိုပြောပြောနေတဲ့စကားလေးဖြစ်ပါတယ် ။ သူက ကျွန်တော်ကို အဲဒီ Pay Per Post နဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ် ။ သူက Blog ရေးရင်းနဲ့ ပိုက်ဆံဘယ်လိုရှာနိုင်မလဲနည်းလမ်းကို Reserch လုပ်နေတဲ့သူဖြစ်ပါတယ် ။ ကျွန်တော်က သု့လောက်တော့မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သူလုပ်သမျှ လုပ်ငန်းစဉ်တွေတော့နားလည်သလိုရှိပါတယ် ။(ဟီး………………..ဘာမှန်းကိုသေချာတော့သီဘူးဗျ) သူလုပ်တဲ့ Reserch လေးက စိတ်ဝင်စားဖွယ်ကောင်းလို့ သူငယ်ချင်းတွေကို မျှဝေပေးတာပါ။ ကျွန်တော်သူငယ်ချင်းက Barcamp Yangon နဲ့ M51A ပွဲတွေမှာ Professional Blogging နဲ့ပတ်သက်ပြီး ပြောခဲ့ပါသေးတယ် ဗျ။ သူလိုမျိုး Blogging နဲ့ပတ်သက်ပြီးလုပ်နေတဲ့သူတွေအများကြီးပဲရှိမယ်လို့ထင်ပါတယ် ။ ဒါပေမယ့် သူ သွားတဲ့လမ်းစဉ်းလေး ဖြစ်နိုင်မှုတွေများတယ် နောက်ပြီး တစ်ကယ်လည်း အသုံးကျတယ်ဆိုတာကိုတွေ့တဲ့အတွက် အားလုံပဲ သိရအောင် မျှဝေပေးလိုက်တာပါ။ ကျွန်တော်ပထမဦးဆုံးသူရေးထားတဲ့ ပေးပါပိုစ် နဲ့ပတ်သက်ပြီး သူရေးထားတဲ့အတိုင်း အရင်ဖေါ်ပြပေးလိုက်ပါတယ် သူဟာ ရေးပြီးတော့မှ ကျွန်တော် ပြောချင်တာလေးတွေ ထပ်ပြောတာပေါ့နော်


ပို့စ်ပါပေး


တကယ်တော့ ဘလော့ဂ်တစ်ခုကနေ ဝင်ငွေရအောင်လုပ်ဖို့ဆိုတာ လွယ်လည်းလွယ်တယ် ခက်လည်းခက်တယ်လို့ပြောရမလိုပါပဲ။ အသေအချာစဉ်းစားကြည့်တော ဒီမှာလည်း ဒီလောက်မလွတ်မလပ် ကြားထဲကတောင် လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိနေတာတွေ့ရပါတယ်။ပရိုဘလော့ဂ်တစ်ခုဖြစ်ဖို့ တစ်နည်းအားဖြင့်ဘလော့ဂ်ကနေဝင်ငွေရအောင်လုပ်နိုင်တဲ့နည်းလမ်းတစ်ခုအဖြစ် ကိုယ့်ဘလော့ဂမ်မှာ ပြည်တွင်းသုံးကြော်ငြာတွေထည့်သွင်းခြင်းကို နည်းလမ်းတစ်ခုအနေနဲ့ ကျွန်တော်တင်ပြခ့ပဲါတယ်။ဒါဟာ မည်သူမဆို အသုံးပြုနိုင်မဲ့ အခြေခံနည်းလမ်းတစ်ခုမို့လို့ ရှေ့တန်းတင် ပေးလိုက်တာပါပဲ။ တကယ်လို့ ကိုယ်ကသက် ဆိုင်ရာနယ်ပယ်တစ်ခုမှာ ကျွမ်းကျင်သူ ပညာရှင်တစ်ဦးဖြစ်မယ်။ ဥပမာ ရှေ့နေဆိုပါစို့။ အိုကေ ဘလော့ဂ်ကိုအသုံးပြုပြီး အမှုသည်ဘယ်လိုရှာမလဲ။ ကျွန်တော်တောင် ဥပဒေသမားမဟုတ်ပေမဲ့ ထွက်လာလိုက်တဲ့ စိတ်ကူးတွေအများကြီးပဲ။ အိုင်တီသမား၊ network သမား။ ဒီလောက်ဆိုတော်တော် ပေါက်လောက်ပါပြီ။ ဒါတွေဟာ ကိုယ်ဘလော့ဂ်ကို အခြေပြုပြီး ဝင်ငွေရှာတာပဲ ပရိုဘလော့ဂ်ဂင်းပဲပေါ့။ (ကြိုးစားရင်ဖြစ်ပါတယ်ဗျာ)ကဲ ကျွန်တော်သုံးနေတ့နဲ ည်းတစ်ခုကိုလည်း ပြောပြမယ်ခင်ဗျ။ အွန်လိုင်းပေါ်မှာရှိတဲ့ Payperpost ဆိုတ့စဲ နစ်ကိုကိုယ့်ရေခံမြေခံနဲ့ ကိုက်ညီအောင်လုပ်ကြည့်ထားတာလေ။ ပို့စ်ပါပေး တ့ေဲ လ။
ဝဘ်ပေါ်မှာ ဘလော့ဂ်ဂါတွေအတွက် ငွေရှာနည်းတစ်ခုအဖြစ် Adsense တို့လို့ ကြော်ငြာထည့်ပေuးserကလစ်နှိပ် ပိုက်ဆံရတဲ့ဆိုဒ်တွေအပြင် PayperPost ဆိုတ့ဆဲိုဒ်တေလွ ည်း ရှိတယ်ခင်ဗျ။ ခင်ဗျားရေးတဲ့ ပို့စ်တွေအတွက် ပိုက်ဆံပေးမယ်ပေါ့ဗျာ။ဒါပေမဲ့တစ်ခုရှိတာက သူတို့ရေးခိုင်းတာကို ရေးရမှာခင်ဗျ။ နောက်ပြီး သူတို့ကလည်း ကြိုက်ဦးမှ။ ဒီအပြင်အဲလိုရေးခွင့်ရဖို့ဆိုတာကလည်း ကိုယ့်ဘလော့ဂ်က အင်္ဂလိပ်ဘာသာစကားကိုပဲ အသုံးပြုထားရမယ် တို့၊ အနည်းဆုံးဘလော့ဂ်သက်တမ်းတစ်လ ပို့စ်ဆယ်ခုကျော်အောင်ရှိမယ်တို့ ကိုယ်ရေးလိုက်တဲ့ပို့စ် ကလည်း အနည်းဆုံးစာလုံးရေဘယ်လောက် ရှိရမယ်တို့ စတဲ့ စည်းကမ်းလေးတွေကို လိုက်နာရဦးမယ်ခင်ဗျ။ တစ်ချို့ဆားဗစ်တွေဆို ကိုယ့် visitor
အရေအတွက်ကိုတောင် ကြည့်ပါတယ်။ထားတော့ အဲဒီလိုမျိုးကျွန်တော်တို့ကလုပ်ချင်တယ်။ ဒီမှာနေပြီး သူပြောတ့အဲ ချက်အလက်တွေကိုစည်းကမ်းတွေကို ကျော်ဖြတ်နိုင်တ့ထဲား နောက်ဆုံး ငေလွှဲတ့အဲ ခါ ရွာလည်ဦးမှာပါပဲ အဲလို အဲလို။ ( ဒီမှာ Paypal ဆားဗစ်ပွဲစားတွေရှိပေမဲ့လည်း စစချင်းကိုယ်ရမဲ့ပိုက်ဆံလေးနဲ့ နောက်တခြားအခက်အခဲတွေက စိတ်ရှုပ်စရာပါ) ဒီတော့အင်တာနေရှင်နယ်မှာ ဝင်ပလေးလို့မရတဲ့ ကျွန်တော်က တစ်မျိုးကြံပါတယ်။အလုပ်မရှိပေမဲ့ အလုပ်လိုက်မရှာတော့ဘဲ အလုပ်ကိုကိုယ့်ဆီရောက်လာ အောင်ကို လုပ်ထည့်လိုက် တာပါ။ ခုဆိုကျွန်တော့်ဘလော့ဂ်အသစ် yangonese.tk ဟာ အဲဒီလိုစခန်းသွားနေတာပေါ့။ နည်းလမ်းက ဘယ်လိုလဲဆိုတော့ပို့စ်တွေရေးတ့အဲ ခါမှာ နည်းနည်းလေးပိုအားထုတ်တယ်။ ပြီးတော့ ကိုယ့်ပို့စ်တွေကို ဒီက စာနယ်ဇင်းတွေဆီ ပို့တာပါပဲ။တစ်နည်း အားဖြင့် ခုခေတ်စားနေတဲ့ Freelance Reporter အလုပ်ပေါ့။ အိုကေတယ်ဗျ။ လွတ်လည်းလွတ် လပ်တယ်။ဘာအနှောင်အဖွဲ့မှမရှိ ကိုယ်ကြိုက်တာကိုယ်ရေး။ ပြီးရင် သက်ဆိုင်ရာ စာနယ်ဇင်းကိုပို့။ ဟိုကရွေးရင် ပိုက်ဆံရ။အဟား ဒါလည်း PayperPost တစ်မျိုးပေပဲ။ ဒါပေမဲ့ ဝဘ်ပေါ်က PayperPost စနစ်နဲ့တော့ နည်းနည်းကွဲသွားတာပေါ့ဗျာ။အင်္ဂလိပ်လိုအသံထွက်က ပေးပါပို့စ် ကိုယ့်ရေးလိုက်တဲ့ပိုစ်ကို ပေးမယ်ပေါ့။ ကျွန်တော်ကတော့ ပို့စ်ပါပေးကိုယ်ပို့စ်လေးဂျာနယ်မှာပါလာရင် စာမူခပေးတော့မှာလေ ဟုတ်ဖူးလား အဟဲ
Yangonese

သူရေးထားတဲ့ပိုစ်ပါပေးဆိုတဲ့စာလေးတော့ကျွန်တော်ဖော်ပြပေးပြီးသွားပြီ။စာဖတ်သူကောဘယ်လိုမြင်လဲ ကျွန်တော် က သူနဲ့ တော်တော်လေး ရင်းနှီးတဲ့ သူငယ်ချင်းဆိုတော့ သူ့အကြောင်းကိုသိပါတယ် ။ သူ လုပ်တဲ့ Reserch ကအောင်မြင်သွားတယ် ဗျ။သူက ဘယ်လိုလုပ်လဲဆိုတော့ သူကဂျာနယ်မှာ စာမူသွားပို့တယ် နောက်ပြီး ပို့တဲ့စာမူကို သူ့ Blog မှာ တင်တယ် ဂျာနယ်ထွက်တော့ သူ့ ပေးထားတဲ့ သတင်းကပါလာတယ် ၊ နောက်ပိုက်ပိုက်ရတယ် ။ ကျွန်တော်ပြောချင်တာက သူလုပ်သွားတဲ့ပုံစံကိုပြောတာပါ ကျွန်တော် တို့ Blog ရေးတဲ့သူတွေ Blogနဲ့ ပတ်သက်ပြီး ပိုက်ပိုက်ရဖူးကြသလားဗျ ၊ ဟီး……………အမှန်တိုင်းပြောရရင် ကျွန်တော်လည်းမရဖူးဘူးဗျ ရေးတာ တစ်နှစ်ပြည့်ပြီး အခုထိကို မရသေးဘူး။ အိတ်ထဲကစိုက်လိုက်ရတာ တော်တော်များတယ် အမေတောင်သိရင် အသေသက်လိမ့်မယ် ။ အကယ်၍များ အနာဂတ်မှာ ကျွန်တော်တို့ Blog ရေးရင်းနဲ့ ပိုက်ပိုက်များရလာရင် တစ်ကယ်ကိုFull Professional Blogger လို့ ကြွေးကြော်နိုင်တာပေါ့ဗျာ ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက အခုလောလောဆယ်တော့ Porfessional Blogger လို့ပဲ ပြောနိင်သေးတယ် ။ (ကျွန်တော်ပြောတဲ့ Professional ဆိုတာ ကို ဒီမှာကျွန်တော်ရှင်းပြထားပါတယ် ဗျာ) ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Online Banking စနစ်ကပေါ်ပေါက်လာတော့မယ်ဆိုတော့ အကယ်၍ များကျွန်တော်သူငယ်ချင်းပြောတဲ့ အနေအထားထက်ပိုကောင်းတဲ့အခွင်အလမ်းတွေဟာ ပေါ်ပေါက်လာနိုင်ပါတယ် ။ Blog ရေးနေတဲ့ ကျွန်တော့်သူငယ်ချင်းများအတွက် တွေးစရာလေးများကျန်ရစ်နိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ဗျာ။

moymoypalaboy

ကိုရင်သာဂိတစ်ယောက် ကိုကိုရဲ(ubuntu)ဆီက ဗီဒီယိုဖိုင်လေးတစ်ဖိုင်ရထားတာ အဲဒါလေးကိုအခုမှာကြည့်ဖြစ်တယ်ဗျ အဲဒီမှာ စိတ်ဝင်စားဖွယ်ရာကောင်းလို့ သူငယ်ချင်းတွေကို ညွန်ပေးလိုက်တာပါ ဘာဖြစ်လို့လည်းဆိုတော့ တစ်ခါတစ်လေ တစ်ယောက်တည်းဖြစ်နေတဲ့အခါကျရင် အဲဒီဗီဒီယိုလေး ကြည့်လိုက်ရင် အဖော်တွေရလာသလိုပဲ ဖြစ်သွားတယ်ဗျ ။ နောက်ပြီးရီရတယ်ဗျ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ့ဗီဒီယိုလေးထဲမှာ တော်တော်လေး လည်းကောင်းတယ် မြန်မာနိုင်ငံက ဆိုရင်တော့တော်တော်လေး ကိုဒေါင်းရမှာဗျ ။ ဒါပေမယ့်နိုင်ငံခြားရောက်နေတဲ့အစ်ကိုတွေအစ်မတွေသူငယ်ချင်းတွေများဖတ်မိလိုက်ရင် သူတို့အတွက်အဖော်လေးရသွားမယ်ထင်လို့ ညွန်ပေးလိုက်တာပါ ။ အဲဒီ video လေးက မွိုင်မွိုင်ပလာဗွိုင်တဲ့ ။ Youtube မှာကြည့်ရတာပါ ။ နာမည်ကြီးသီချင်းတွေကိုဟာသပြန်လုပ်ထားတာပါ မရယ်ရယ်အောင်လုပ်တာလဲ မဟုတ်ဘူးဗျ ဒါပေမယ့် တော်တော်လေးကိုရယ်ရတယ်ဗျ အခုရေးနေတဲ့အချိန်တောင်ကြည်နေတာ တော်တော်လေးကိုရယ်ရတယ်ဗျ…………………………….:D အကယ်၍များကွန်နက်ရှင်ကောင်း လို့ကြည့်ချင် တယ်ဆိုရင် အောက်မှာလင့်လေးပေးထားပါတယ် ဗျ ကြည့်ကြည့်လိုက်နော် မိုက်တယ် ဗျ……………………:P
www.youtube.com\moymoypalaboy

ကျွန်တော် ညွန်းချင်သော Blog Post (1)

ဒီနေ့ကိုရင်သာဂိတစ်ယောက်အင်တာနက်ပေါ်မျာသွားလည်းလေ့ရှိတဲ့ ဆိုဒ်လေးတစ်ခုကိုသွားလည် တာထူးခြားတာလေးတစ်ခုတွေ့တယ်ဗျ ။ Myanmar Tutorials မှာတင်ထားတာဗျ ဆောင်းပါးလေးတစ်ပုဒ်ပေါ့ဗျာ ကျွန်တော်လည်းစိတ်ဝင်စားတာနဲ့ဖတ်ကြည့်လိုက်တော့အရမ်းကို အကျိုးရှိသွား တယ် အိုင်တီနည်းပညာနဲ့ နိုင်ငံတကာမှာအသက်မွေးဝမ်းကြောင်းလုပ်နေတဲ့ ပညာရှင်တွေကနေ သူတို့အတွ့အကြုံကို မျှဝေပေးတဲ့ အကြောင်းလေးပါ ။ ဆောင်းပါးနာမည်က ဘိဇနက်နှင့် ဘ၀သံသရာ ဆိုပြီးတော့ နှစ်ပိုင်းခွဲထား တာပါ။ကျွန်တော်တို့မြန်မာနိုင်ငံမှာ နေတယ် နိုင်ငံတကာမှာဖြစ်ပျက်နေတဲံ အရာတွေကိုအင်တာနက်ပေါ်ကနေ ရှာဖွေပြီး သိကောင်းသိနိုင်ပါလိမ့်မယ့် ဒါပေမယ့် ပညာရှင်တစ်ယောက်ရဲ့ အတွေ့အကြုံကိုတော့သူမမျှဝေ ကျွန်တော်တို့မရနိုင်ပါဘူး ။ ကျွန်တော်အခုညွန်းတဲ့ ဆောင်းပါးလေး က ကျွန်တော်တို့လူငယ်တွေအတွက် အကျိုးလုံးဝရှိသွားမှာကို ရဲရဲဝံ၀ံ ပြောနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ အဲဒီဆောင်းပါးမှာတင်ပြထားတဲ့ အကြောင်းအရာလေးဟာ မြန်မာနိုင်ငံမှာ လူသိနည်းသေးတဲ့ အကြောင်းအရာလေးပါ ။ ကျွန်တော်ကတော့ ကျွန်တော့်သူငယ်ချင်းတွေကို ဒီဆောင်းပါးလေးကို ဖတ်စေချင်ပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာနိုင်ငံကြီးဖွံဖြိုးတိုးတက်ဖို့ဆိုတဲ့ အဆင့်လောက်ထိကို ကျွန်တော်ပြောချင်ပါတယ် ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ မရှိသေးပေမယ့် အကယ်၍များနောင်တစ် ချိန်ကျရင်ဖြစ်လာနိုင်တာတွေချည်းပပါပဲ ။ အဲဒီတော့ ဗျာ မိတ်ဆွေတို့အနေနဲ့ အချိန်လေးများအနည်းငယ်ရရင် ဒီဆောင်းပါးလေးနှစ်ပုဒ်ကိုဖတ်စေချင်ပါတယ် ။ဆောင်းပါးအပြင် အောင်မှာ ၀ိုင်းပြီးဆွေးနွေးထားတဲ့ comment လေးတွေပါဖတ်ပေးမယ်ဆိုရင် ပိုပြီးတော့ ကောင်းနိုင်မယ်လို့ကျွန်တော်ယူမိပါတယ် ။ မြန်မာနိုင်ငံမှာ ဒီလိုအသိဥဏ်ပေးနိုင်တဲ့ ဆိုဒ်တွေ တော်တော်လေးကိုနည်းပါးသေးတာဖြစ်တဲ့အတွက် တိုးပွားအောင်လည်း လုပ်သင့်တယ်လို့ကျွန်တော်ယူဆ မိပါတယ် ။ ကျွန်တော် အဲဒီဆောင်းပါးလေးကိုဖတ်ပြီးချိန်မှာ ကျွန်တော် တော်တော်လေးကိုလိုအပ်သေးတယ် လို့ကျွန်တော်တွေးမိသွားတယ် ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလူငယ်တော်တော် များများဟာ မြန်မာနိုင်ငံအဆင်မှာပဲရပ်တန့်နေကြပါတယ် ။ ပြည့်တွင်း မှာပဲပြိုင်ဆိုင်မှုတွေလုပ်နေကြပါတယ် မြန်မာနိုင်ငံအပြင်ဘက်ကိုအထွက်နိုင်ကြသေးပါဘူး ။ ထွက်နိုင်ကြတဲ့လူတွေကလည်း Outsourcing ဖြစ်သွားတဲ့အတွက်……………………………….ဖြစ်နေတာပေါ့ဗျာ ။ ကဲပါထားလိုက်တာပေါ့ဗျာ ကျွန်တော် အခုပြောတဲ့ဆောင်းပါးလေးကိုအောက်မှာလင့် ပေးထားပါတယ် စိတ်ဝင်စားမယ်ဆိုရင်တော့ ဖတ်ကြည့်လိုက် ပေါ့ဗျာ။ တစ်ခုခုတော့ရသွားမှာပါ ။ မရရင်တော့လည်းမတတ်နိုင်ဘူးပေါ့ဗျာ ……………………:p
http://www.myanmartutorials.com/mm-tutorials/articles/business-and-life-cycle/
http://www.myanmartutorials.com/mm-tutorials/articles/business-and-life-cycle-2/
ဘိဇနက်နှင့်ဘ၀သံသရာ အပိုင်း(၁)
ဘိဇနက်နှင့်ဘ၀သံသရာ အပိုင်း(၂)

ပျင်းရိငြီးငွေမှုက ငါတို့အားဖျက်ဆီးနေသည်

ဟီး…………ဒါကတော့ကျွန်တော်ကိုယ်ကျွန်တော်ပြောနေကျစကားလေးပါ တစ်ခါတစ်လေ စာရေးဖို့ပျင်းလာရင် ကျွန်တော်ရေရွတ်လေ့ရှိပါတယ် ။ တစ်ခါတစ်လေ လုပ်စရာတွေရှိဖို့လုပ်မယ်ဆိုပြီးမလုပ်ဖြစ်တဲ့အရာတွေအများကြီးပါ ။ နောက်ပြီးခေါင်းထဲမှာစာရေးဖို့ပေါ်လာတဲ့အချိန်စာရေးဖို့ ကွန်ပျူတာက ပျက်နေတာတို့ မီးက မလာတာတို့ သူငယ်ချင်းတွေလာခေါ်သွားတာတို့ တွေရှိတဲ့အခါ စာမရေးဖြစ်တော့ပါဘူး ။ နောက်အားတဲ့အချိန်လည်းကျရော စာရေးမယ်လဲဆိုရော ခေါင်းထဲမှာဘာမှမရှိတော့ဘူး အဲဒီလိုနဲ့ဆုံးရုံးသွားတဲ့ စာသားတွေအများကြီးရှိပါတယ် ။ တစ်ခါတစ်လေ စာဖတ်ဖို့ စာတွေလေ့လာဖို့ဆိုပြီးအမျိုးမျိုး ကြွေးကြော်ပြီးတစ်ကယ်တမ်းလက်တွေမှာကတော့ ဘာမှကိုမလုပ်ဖြစ်ဘူး ။ ဒီလိုပါပဲ ပျင်းရိခြင်းက ကျွန်တော် အားအမှန်အကန်ဖျက်ဆီးနေတယ်ဗျ ။ ဆင်ခြေပေးခြင်းသည်က ပျင်းရိငြီးငွေ့မှုကနေ၍ ပေါ်ထွက်လာတဲ့ စကားသို့ အကြောင်းအရာလေးဖြစ်တယ်ဗျ ။ သူ့အတွက် စကားပုံလေးတောင်ရှိတယ်ဗျ ဆင်ခြေပေးတဲ့ပါးစပ် ထမင်းငတ်တယ်တဲ့ ။ ဒါတွေဟာ ပျင်းရိငြိးငွေမှုနဲ့ပတ်သက်ပြီး လောကထဲမှာ လူတွေ တော်တော်များများ အသုံးပြုလေ့ရှိတဲ့အကြောင်းလေးပေါ့ဗျ ။ နာရီတွေက တချပ်ချပ်နဲ့ကုန်ဆုံးသွားနေတဲ့အတွက် လုပ်စရာရှိတာတွေမလုပ်ဖြစ်ဘူးဆိုရင် တန်ဖိုးရှိတယ် အချိန်တွေဟာ အကျိုးမဲ့စွာနဲ့ကုန်ဆုံးသွားတာပေါ့ဗျာ…………….တစ်နေ့တစ်နေ့အချိန်တွေသည် ကုန်ဆုံးသွားနေသည် ကျွန်တော်တို့အသက်တွေသည်ကြီးလာပြီ အိပ်ချိန်နီးပြီးရင်းနီးလာပြီးဒါပေမယ့် အခု မအိပ်သေးခင် ကျွန်တော် လုပ်စရာတွေလုပ်တော့မည် ။ ဒီလိုပဲတွေပြိးပြောနေပေမယ့် တစ်ကယ်တမ်းလက်တွေ့အကောင်အထည်ဖေါ်နိုင်ဖို့ဆိုရင် တော်တော်လေးကိုခက်ခဲတယ်ဗျ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ကိုယ်ကိုတိုက်ခိုက်ရတဲ့ကိစ္စမို့လို့ပါပဲဗျာ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ။ ပင်ပန်းပေမယ့်လည်းရင်ဆိုင်ဖြေရှင်ကြရမှာပဲ လောကကြီးမှာဒိကိစ္စလေးတောင်မကျော်ဖြတ်နိုင်ရင် ကိုယ်ဟာ ဘာတွေဖြစ်လာမလဲဆိုတာကိုတွေးကြည့်၇င်တောင်ရပါတယ်ဗျာ ။

Sunday, June 27, 2010

ဘ၀အတွက်

လူရယ်လို့ဖြစ်လာတော့ အချစ်ဆိုတာလည်းရှိလာခဲ့တယ် ရင်နာနာနဲ့ ဘ၀အတွက် အချစ်တွေကိုပေးဆပ်လိုက်ရတာလည်းရှိတယ် ။ မျှော်လင့်ထားတဲ့ရည်းမှန်းချက်တွေကြောင့် ဘ၀မှာ နှလုံးသားကို ကျောက်ရုပ်လုပ်ပြီး အသိဥာဏ်နဲ့ ရှင်သန်ခဲ့တယ် ငါ မှားများမှာလေသလား ??????? တစ်ကိုယ်ကောင်းဆန်သောလူုလို့ င့ါကို လူအချို့က ခါခါဟစ်ကြွေး အော်ဟစ်ပေးပေမယ့် ငါရင်ထဲကလူ ငါ့ လူဟာ ငါ့တွက် ငါ့ကိုနားလည်းပေးလို့နေခဲ့တယ်။ ဒီမယ်ချစ်သူ ငါ့ရင်မှာ မင်းကိုချစ်တဲ့စိတ်တွေပြည့်လျှံပေမယ့် ငါ့အသိဥဏ်က မင်းကို ထပ်ပြီးချစ်ဖို့ ကိုခွင့်မပြုခဲ့ဘူးဖြစ်နေတယ် ။ ငါ့အဘိဓမ္မာ မှာချစ်တယ်ဆိုတဲ့စကားလုံးကို အဓိပါယ်ဖွင့်ဆိုထားတာက တော့ အချစ်ဆိုတာငါ့အတွက်တော့တမ်းတဖွယ်ရာကောင်းတဲ့ ရင်ခုန်ုမှု့ တစ်ခုပါပဲ ။ မင်းကြောင့်ငါ့ဘ၀သမိုင်းမှာ အချစ်ဆိုတဲ့စကားလုံးကို ရေးထွင်းဖြစ်ခဲ့တယ် ။ မင်းကြောင့်ပဲ ငါ့ရဲ့ ပတ်ဝန်းကျင်မှာ လိုအပ်ချက်တွေရှိခဲ့တယ် ၊ မင်းကိုချစ်တဲ့အချစ်ကြောင့်ပဲ ငါ့ရဲ့ ရည်မှန်းချက်တွေကို မြေမြုပ်သင်းဂြိုလ်ဖို့ ကြိုးစားခံခဲရတယ် ။ ဒါပေမယ့်…………………………ငါရှင်သန်ခဲ့တယ် အဲဒါအသိဥဏ်ကြောင့်ပဲ ငါ့ကျမယ့်ချောက်တွေအများကြီးကနေ လွှတ်မြောက်ခဲ့တယ် အဲဒီတော့ အချစ် မင်းနဲ့ငါ ဒီဘ၀ ဒီအမျှနဲ့ပဲရန့်တန့်ရအောင်ကွာ…………………………………………

I Like Posts Collection

ဒိရက်ပိုင်းတွင်းစာတွေမရေးပဲစာတွေဖတ်ဖြစ်နေတယ် နောက်ပြီးတော့် အင်တာနက်ပေါ်ကိုတက်ပြီး Blog တွေဖတ်ဖြစ်နေတယ်အဲဒီအထဲကကောင်းနိုးရာရာလေးတွေပေါ့ဗျာ ကျွန်တော်ဖော်ပြပေးချင်ပါတယ် ။ မူရင်းစာရေးသူတွေကိုလည်းဖော်ပြခွင်ပြုပေးပါရန် ဒီစာထဲကနေလည်းတောင်းပန်ထားတာပါ။ ကျွန်တော်ဒီတစ်ပတ်အတွင်းဖတ်ရတဲ့အထဲမှာ စိတ်ဝင်းစားစရာအကောင်းဆုံးPost လေးကအစဉ်လိုက်ဖေါ်ပြပေးသွားပ့ါမယ် အစုံပဲပေါ့ ဗျာ အိုင်တီနဲ့ပတ်သတ်တာတွေနောက်ပြီးတော့ဖတ်ပြီးခံစားခဲ့ရတဲ့ Post လေးတွေပေါ့ဗျာ ။
ဖတ်ပြီးခံစားရတဲ့ Story လေးပေါ့
ဒီနေရာမှာ ဖတ်နိုင်ပါတယ
သူကခေါင်းစဉ်တပ်ထားတာက အရာရာကိုအောင်နိုင်တဲ့မေတ္တာတဲ့ ရေးထားတဲ့အကြောင်းအရာလေးကတော်တော်ကိုစိတ်ဝင်စားဖွယ်ရာကောင်းလှပါတယ် အထူးသဖြင့် ကျွန်တော်ခံစားရတာက အမှားကိုဝန်ခံရဲတဲ့ လူတစ်ယောက်ရဲ့ သတ္တိပါ ဒါဟာ လူသားတစ်ယောက်အတွက် တော်တော်လေးကိုခက်ခဲတဲ့အရာပါ ကိုယ်ကျူးလွန်ခဲ့တဲ့အမှားတစ်ခု အမှတ်တရရှိပြီး ပြန်လည်ပေးဆပ်ဖို့အတွက် ကြိုးစားခဲ့တဲ့ အာချီလိဆိုတဲ့လူကို လေးစားမိပါတယ် အပြစ်ကို ကျူးလွန်ခဲ့တဲ့အတွက် အဲဒါကိုအပြစ်လို့မှတ်ယူနိုင်တဲ့စိတ်ဓါတ်ကိုလေးစားမိတယ်ဗျ နောက်ပြီးတော့ မိခင်တစ်ဦးရဲ့မေတ္တာနဲ့ ကိုယ်သမီးမဟုတ်ပေမယ့် ကိုယ့်သမီးကဲ့သို မေတ္တာထားနိုင်တဲ့ အဖေဖြစ်တဲ့သူကိုလည်းလေးစားတယ်ဗျ အဲဒိအတွက်ကြောင့် ကျွန်တော်ဖတ်ပြီးခံစားရတဲ့အတွက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ် ဗျာ။
ဖတ်ပြီးတော်တော်လေးကို ရယ်မောရတဲ့ ကိုအိမ်ရဲ့ Post လေးပါ
ဒီနေရာမှာဖတ်နိုင်ပါတယ်
အဲဒီPost လေးကခေါင်းစဉ်လေးတတ်ထားတာက စနိုးတာဝါ(သို့)ကျွန်တော်ပြောချင်သောကျွန်တော့အကြောင်း၁၃ တဲ့ တစ်ကယ်ပါဗျာ အဲဒါကိုဖတ်ပြီးတော်တော်ကြာကိုရယ်ရတယ်ဗျ ကျွန်တော်လည်းသူရေးထားတဲ့အကြောင်းအရာလေးကိုဖတ်ပြီး ပြန်တွေးလေ ရယ်ရလေပဲဗျာ အဲဒီတော့ကျွန်တော်သူငယ်ချင်းတွေ လည်းအားရပါးရရီရအောင် ဖတ်ကြည့်လိုက်နော်…………………ပျောက်ရွှင်ပါစေဗျာ
ငပေါ ဂေဟာ၏အငြိမ်လေးပေါ့ဗျာ
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
ကိုဗီလိန်ရဲ့ အိပ်ရာထဲမှာရှိတဲ့ ဒီအင်တာနက်ပေါ်က စာသားတွေနဲ့တင်ဆက်ထားတဲ့ ဒီအငြိမ်လေး ဟာ ကျွန်တော်အမြင်နဲ့ ပြောရရင် ဆိုဒ်တော်တော်များများမှာမတွေဖူးဘူးဗျ နောက်ပြီးတော်တော်လေးလည်းထူးဆန်းတယ် ဗျ ဖတ်ရတာလည်းမိုက်တယ် ဘာပဲဖြစ်ဖြစ် ဖတ်ပြီးသွားတဲ့သူတွေလည်းရှိမယ်လို့ထင်ပါတယ် မကယ်၍ မဖတ်ရသေးဘူးဆိုရင် ဖတ်ကြည့်ဖို့တိုက်တွန်းချင်တယ် ဗျာ ဘာပဲဖြစ်ဖြစ်ပေါ့ အပန်းပြေတာပေါ့နော် …………….ဖတ်ကြည်လိုက်ပါ ကြိုက်သွားမှာပါလို့တော့ပြေချင်ပါတယ် အကယ်၍များတစ်ချို့စာသားတွေကို မြန်မာစာပေစီစစ်ရေးအဖွဲလို နည်းနည်းလောက် လုပ်ပေးလိုက်ရင် အားလုံးလည်းဖတ်လို့အဆင်ပြေသွားမယ်လို့တော့ကျွန်တော်ယူဆမိပါတယ်ဗျာ………………….
အလိုချင်ဆုံးပစ္စည်းလေးပေါ့ဗျာ
ဒိနေရာမှာကြည့်နိုင်ပါတယ်
ဒီရက်ပိုင်းအင်တာနက်သုံးနေရင်းနဲ့ ပစ္စည်းလေးတစ်ခုတွေ့တယ်ဗျ ဘာလဲလို့မေးလာရင် အိုင်တီလောကသားတွေရော ပိုက်ပိုက်ဖြုန်းနိုင်တဲ့သူတွေကောနောက်ပြီးလူတော်တော်များများကိုင်ချင်တဲ့ iPhone4 လေဗျာ ကျွန်တော်တို့အစ်ကိုကြီးကိုထူးတေဇက အဲဒိအိုင်ဖုန်းအကြောင်းကိုသေသေချာချာရေးထားပုံများ ဟင်း………………………….တော်တော်လေးကိုလိုချင်တယ် ၀ယ်ဖိုကျတော့လည်း အင်တာနက်ဖိုးတောင် အမေ့ဆီကမနည်းတောင်းနေရတဲ့ဘ၀ အဟင့် လိုချင်လိုက်တာပဲဗျာ ဆိုပြီးငြီးလို့ နေတော့မယ်ဗျာ .။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ အခုတစ်လောထွက်တဲ့ နည်းပညာသတင်းတွေထဲမှာအဲဒီအိုင်ဖုန်းဖိုး ဆိုတာကိုပဲ တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ် မြန်မာနိုင်ငံမှာ ကံစမ်းမဲလာဖောက်ပေးရင်းကောင်းမှာပဲလို စိတ်ကူးပဲယဉ်နိုင်တယ် ဘ၀ အော် ………………..ဗမာနိုင်ငံသားဖြစ်ရတာ ပိုက်ဆံကုန်သက်သာပါလားလို့တွေ့မိတယ်ဗျာ .။ အဲကျန်သေးလို့…………… အဲဒီ iPhone4 က အခုကျွန်တော်တို့ MPT ကထုတ်ပေးထားတဲ့ SIM Card နဲ့သုံးလို့မရဘူးတဲ့ သူသုံးတာက Mini SIM ကဒ်တဲ့ ကဲ အဲဒါတွေကြောင့် iPhone တွေကိုမကိုင်တာ ဆယ်ငါးသိန်းတန်ကဒ်ကြီးကိုဘာကြောင့်ချိုးပစ်ပြီးသုံးရမှာလဲနော် …………ဟုတ်တယ်မလား
ဖတ်လို့အမြဲတမ်းကောင်းနေတဲ့ဆိုဒ်
ဒီဆိုဒ်လေးပါ
ဒီဆိုဒ်လေးက မြန်မာနိုင်ငံမှာရှိတဲ့ ကွန်ပျူတာအသုံးပြုနေသူများသာမက လူငယ်တော်တော်များများဖတ်သင့်တဲ့ဆိုဒ်လေးပါ အိုင်တီနည်းပညာများအပြင် လူငယ်တွေအတွက်အသုံးဝင်တဲ့ ဗဟုသုတလေးတွေ အသိပညာတွေ အတတ်ပညာတွေကိုတော်တော်လေးကို ဖော်ပြပေးထားတာပါ နောက်ပြီးခတ်မှီတဲ့ အကြောင်းအရာတွေ နောက်ပြီးတော့ပညာရှင်တွေရဲ့ interview တွေ အမေးအဖြေလေးတွေနောက်ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေ တော်တော်များများကိုဖော်ပြပေးထားပါတယ် ။ သူကတော့myanmar tutorial ပါ မြန်မာကျူတိုရီရယ်ဆိုတာကထက် အိုင်တီသာမကအင်္ဂလိပ်စာကောနောက်ပြီး အသိပညာဆိုတဲ့ ခတ်သစ်အသုံးလုံးကိုသင်ကြားပေးတဲ့ဆိုလေးဖြစ်တဲ့အတွက် ကျွန်တော်အင်တာနက်သုံးတိုင်း ကြည်လေ့ရှိတဲ့ဆိုဒ်လေးပါ အကယ်၍များမိတ်ဆွေအနေဖြင့် အချိန်လေးများရခဲ့ရင် ဒီဆိုဒ်မှာရှိတဲ့ ဒီPost လေးကိုဖတ်ကြည့်ပါဦး သူက လေးပိုင်းရှိပါတယ် အောက်မှာ လင့်လေးကိုပေးထားပါတယ် ။ ဖတ်ပြီးရင်တစ်ခုခုတော့ကျံခဲ့မယ်ဆိုတာကို ကျွန်တော်ယုံကြည်လျှက် ။အားလုံးပဲပျော်ရွှင်ပါစေဗျာ……………………………………
သူငယ်ချင်းတွေစုပြီးလုပ်ငန်းတစ်ခု စတော့မှာလား(၁)
သူငယ်ချင်းတွေစုပြီးလုပ်ငန်းတစ်ခု စတော့မှာလား(၂)
သူငယ်ချင်းတွေစုပြီးလုပ်ငန်းတစ်ခု စတော့မှာလား(၃)
သူငယ်ချင်းတွေစုပြီးလုပ်ငန်းတစ်ခု စတော့မှာလား(၄)

Saturday, June 19, 2010

ဝတ္တုရေးသောအခါ

သူငယ်ချင်း အားလုံးလိုအပ်မယ်ထင်လို့ ဒီအကြောင်းအရာလေးကို ရေးလိုက်တာပါ စိတ်ဝင်စားမယ်လို့လည်းမျှော်လင့်ပါတယ် ၀တ္ထုရေးရင်းတန်းလန်း ဘာဆက်လုပ်ရမှန်းမသိတော့တဲ့အခါဆိုတဲ့ဆောင်းပါးလေးထဲက အကြောင်းအရာလေးပါ သြဂုတ်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းထဲက ဆရာဦးဝင်းငြိမ်းဘာသာပြန်တဲ့ အင်္ဂလိပ်စာရေးဆရာမကြီး Phyillis A. Whitney ကအကြံပြုထားတဲ့ အကြောင်းအရာလေးတွေကိုဘာသာပြန်ထားတာပါ ။သူငယ်ချင်းတစ်ချို့ ၀တ္ထုရေးနေတာကိုတွေ့လို့ အသုံးဝင်မယ်ထင်တဲ့ အချက်လေးတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

အော် ဒါနဲ့ကျွန်တော်ရဲ့သူငယ်ချင်းတွေထဲမှာ citizen journalist လုပ်မည့်သူများကျွန်တော်လည်းအပါအ၀င် ဆိုတော့ တစ်ခါတစ်လေမှာ သတင်းဆောင်းပါးလေးတွေလည်းရေးမယ်ဆိုတော့ အခုရေးထားတဲ့အချက်လေးတွေက အသုံးဝင်မယ်လို့မျှော်လင့်မိပါတယ်။

၁။ မိမိကိုယ်ကို စာရွှက်ပေါ်မှာစကားပြောကြည့်ပါတဲ့

ဒီအချက်လေးက အလွန်တရာမှကောင်းတယ်လို့ ယူဆမိပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့တွေဟာ မိမိကိုယ်ကို စိတ်ထဲမှာစကားပြောလေ့ရှိပေမယ့် စာရွှက်ပေါ်မှာချပြီးစကားပြောဖို့ကခက်ခဲတယ်လို့ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အခုပြောတဲ့အကြောင်းအရာလေးကို လက်တွေအသုံးပြုတဲ့ အခါ အသုံးဝင်နေတာတွေရတယ် ၊ကျွန်တော်က စာရေးရင်းနဲ့တစ်ခါတစ်လေ ရပ်သွားတတ်တယ် ဘာကြောင့်မှန်းလည်းမသိဘူး ဘာဆက်ရေးရမှန်းတောင်မသိဘူး ။ အခုမှစာစရေးတဲ့ သူတွေဆိုပြီးပိုပြီးသိသာမယ်လို့ထင်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ရေးမယ်လို့တွေးထားတဲ့အကြောင်းအရာလေးတွေကုန်သွားတဲ့အခါတို့ ဘာရေးရမှန်းမသိတော့တာတို့ တွေ အများကြီးဖြစ်ဖူးပါတယ်။ အခုလည်းဖြစ်နေဆဲပါပဲ။ဒါပေမယ့် အခုတင်ပြထားတဲ့ အကြောင်းအရာလေးကိုအသုံးပြုလိုက်တဲ့အခါ အလွန်တရာအဆင်ပြေသွားပါတယ် အဲဒါကြောင့်သူငယ်ချင်းများအားလုံးအတွက် မျှဝေပေးလိုက်ပါတယ်။

၂။ ကိုယ်ရေးမည့်အကြောင်းအရာကိုပြန်လည်သုံးသပ်ခြင်း

ကိုယ်ဘာရေးနေသလဲဆိုတာကိုပြန်လည်သုံးသပ်ခြင်းက ဘာအကျိုးအမြတ်တွေရရှိလာနိုင်သလဲ ၊ အများကြီးရှိနိုင်တယ်လို့ပြောပါရစေ ။ဘာဖြစ်လို့လည်းဆိုတော့ မိမိဘာတွေရေးနေတာလဲ ဘာအကြောင်း အရာတွေရေးနေသလဲ ဘာကိုတင်ပြချင်သလည်းဆိုတာကို အနည်းဆုံးသုံးကြိမ်လောက် မရေးခင်ရယ် ရေးနေဆဲအချိန်ရယ် ရေးပြီးအချိန်ရယ် သုံးသပ်ကြည့်လိုက်ပါ မိတ်ဆွေ သင်မတူညီတဲ့မူလကတွေးထားတဲ့အကြောင်အရာထက်ပိုပြီးပြည်စုံလာတာကိုတွေရပါလိမ့်မည် ။ ဘာဖြစ်လို့လည်းဆိုတော့ ပထမအကြိမ်မှာသုံးသပ်စဉ်းစားတဲ့အခါ လိုအပ်ချက်အနည်းငယ်ဆိုတာရှိနေပါတယ် ဒါပေမယ့်ဒုတိယအကြိမ် စာရေးစဉ်မှာ ပြန်လည်သုံးသပ်ကြည့်သည့်အခါ မိမိရေးမည့်ကြောင်းအရာများတွင်လိုအပ်ခဲ့သော အကြောင်းအရာတွေတွေ့မြင်နိုင်ပါလိမ့်မည် ။ တတိယအကြိမ် စာရေးပြီးချိန်မှာ သုံးသပ်ကြည့်မယ်ဆိုရင်တော့ သင်ရေးထားတဲ့အကြောင်းအရာတွေကပြည့်စုံသလောက်ရှိပြီလို့ပြောနိုင်ပါတယ် ။ ကျွန်တော်စမ်းသပ်ကြည့်တာတော့ တော်တော်လေးကိုအသုံးဝင်ပါတယ် ။ သူငယ်ချင်းတို့လည်းအသုံးဝင်မယ်လို့လည်းမျှော်လင့်မိပါတယ် ။



မူလကဖော်ပြထားတာ ဆယ်ချက်ပါ ဒါပေမယ့် ကျွန်တော်ကနှစ်ချက်လောက်ပဲ ကြိုက်လို့ဖော်ပြပေးလိုက်ပါတယ် ။

ကိုရင်သာဂိ

စာရေးရသောဒုက္ခ

(ကိုရင်သာဂိတစ်ယောက်လယ်တောလေးမ၀ယ်ခင်က ရေးထားတဲ့Post လေးပါ့ဗျာ စိတ်ပျက်လက်ပျက်နဲ့ ရေးထားတာ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင် ခင်တုန်းက မျက်လုံးအကိုက်ခံ အဆူခံပြီတော့ အမေလစ်တုန်းလေးကွပျူတာရှေ့ထိုင်ပြီးရေးတဲ့ post လေးပေါ့ဗျာ အမှတ်တရလေးပေါ့ ဗျာ)


ကိုရင်သာဂိတစ်ယောက်တော့ဗျာ ဒီရက်ပိုင်းအတွင်းမှာ ရွှေးကောက်ပွဲဥပဒေတွေထွက်လာတော့ တော်တော်လေးကိုအလုပ်ရှုပ်သွားတယ်ဗျာ.. ဘာဖြစ်လို့လည်းဆိုတော့ နားလည်အောင်ဖတ်နေရတာနဲ့တင် အချိန်တော်တော်လေးကိုကုန်သွားတယ် ဗျာ နောက်ပြီး ကိုရင်သာဂိသုံးတဲ့ အင်တာနက်ဆိုင်ကလည်း ကွန်နက်ရှင်ကတော်တော်လေးကို စုတ်တော့ အင်တာနက်ပေါ်ကိုတက်လိုက်ရင် facebook မှာ ကြည့်နေရတာနဲ့တင်အချိန်တစ်နာရီက ဘယ်လိုကုန်သွားမှန်းကိုမသိတော့ဘူးဗျာ ။ အခုတစ်လောလည်း ကိုရင်သဂိတစ်ယောက် စာရေးရတာအဆင်မပြေဘူးဖြစ်နေတယ်ဗျာ ဘာဖြစ်လို့လည်းဆိုတော့ ကိုရင်သာဂိအင်တာနက်သုံးရင်းနဲ့ Blog တစ်ခုမှာဖတ်လိုက်ရတာ စာရေးသူတစ်ယောက်ဟာ ကိုယ်ရေးတဲ့ စာ သို့ idea ကို တာဝန်ယူနိုင်စွမ်းရှိရမယ်တဲ့ အဲဒါလေးကိုဖတ်ပြီးခေါ်င်းထဲစွဲသွားတော့ဗျာ စာရေးရတာ တော်တော်လေးကို ခက်ခဲသွားတယ် ခေါ်င်းထဲမှာရေးဖို့စီထားတွေကတော့အမျာြး့ကီးပဲ ဒါပေမယ် ဗျာ တစ်ကယ်လည်းချရေးပြီးစစ်ကြည့်လိုက်တော့ တော်တော်လေးကို စားသွားတယ် ထောက်စရာတွေအများကြီးပဲ နောက်ပြီးတော့အကျိုးအကြောင့်မခိုင်လုံတာတွေအများကြီးတွေ့တော့တော်တော်လေးကိုစိတ်ပျက်သွားတယ် ။ အော် ငါ့တော်တော်လေးကိုမပြည့်သေးပါလားလို့ .။ ကိုရင်သာဂိသူငယ်ချင်းကတော့ပြောပါတယ် မင်းကလည်းကွာ ရေးစရာရှိတာ ရေးပေါ့ ဘာတွေကြောက်နေတာလဲ တဲ့ မင်းလိုစိတ်သာလူတိုင်းရှိရင်စာရေးဆရာဆိုတာရှိလာမှာမဟုတ်ဘူးတဲ့ ။ အင်း ကိုရင်သာဂိလည်း ဒီစကားလေးကိုကြားပြီးနောက် တော့လည်းအချိန်နည်းနည်လောက်ကြာပြီးတော့ အခုဒီဟာ စရေးတာဗျ ။ အဲ….. စာလည်းစရေးရော ဗျာ ကျွန်တော်တို့ရပ်ကွက်ထဲမှာရှိတဲ့ဓါတ်အားပေးတဲ့ပုံးကပေါက်သွားတော့ေ တ်ာတော်လေးကိုစိတ်နာသွားတယ်။ အဲ စာအုပ်နဲ့ချရေးထားတယ်ကြံတော့လည်း ကိုရင်သာဂိရေးနေကျစာအုပ်ကို ကိုရင်သာဂိအမေက ရှုပ်လို့ဆိုပြီးသိမ်းသွားတယ်… သေရော ဟာ ဘာမှကိုမရေးဖြစ်တော့ဘူး ။ နောက်နှစ်ရက်လောက်လည်းကျရော မီးလာလို့ ကွန်ပျူတာလေးလည်းဖွင့်လိုက်ရော power supply ကနေမီးခိုးလေးတွေထွက်လာတယ် ကြည့်လိုက်ရော မီးအားတွေ ဆောင့်တက်နေလို့ လောင်သွားတယ် သေရောဟ ကွန်ပျူတာ………….

အင်း ကိုရင်သာဂိလေး စားလေးတစ်ပုဒ်ရေးဖို့အရေးကိုတော်တော်လေးကိုအလုပ်ရှုပ်သွားတယ်ဗျ ။ နောက်ပြီးတော့ Mistake က အစ်ကိုတွေကလည်း သူတို့ဂျာနယ်ထုတ်မလို့ စာရေးပေးနိုင်ရင်ကောင်းမှာပဲလို့ တောင်းတော့ ကတိတော့ပေးလိုက်တယ် အခုထိတော့မရေးဖြစ်သေးဘူးဗျာ …. အင်းဖြစ်နိုင်မယ်ဆိုရင်တော့်လယ်တောလေးသာရှိနေမယ်ဆိုရင်တော့ ကိုရင်သာဂိလည်းမီးရှိတဲ့ လဘက်ရည်ဆိုင်ကိုသွာြး့ပီးရေးလို့ရတာပေါ့ ။ အခုကတော့ဗျာ စာတစ်ပုဒ်ရေးဖို့ကို တော်တော်လေးကိုအလုပ်ရှုပ်နေတယ် ။ အရေးထဲ အိမ်ကအလုပ်ကလည်းမီးလာမှလုပ်ရတာဆိုတော့ ကိုရင်သာဂိခမျာ အလုပ်လည်းလုပ်ရ စာလည်းရေးရ ဆိုတော့ မအိပ်ရတဲ့ရက်တွေတော်တော်လေးများနေပြီဗျာ ….တစ်ခါတစ်လေတော့လည်းတွေးကြည့်ပါတယ် ကျွန်တော်ဘာလို့ဒီလောက်ဆင်ခြေတွေပေးနေရတာလဲပေါ့ ကျွန်တော်လည်းစဉ်းစားပါတယ် အဟဲ နားတော့မလည်တော့ဘူးဗျာ……………… :P

ဤကမ္ဘာမြေစိမ်းလန်းပါစေ ဤ မြန်မာမြေစိမ်းလန်းပါစေ

ကျွန်တော်တို့နေထိုင်ရာ ဤကမ္ဘာမြေသည် အရင်ကစိမ်းလန်းခဲ့သည့် ။ သို့သော် ယခု …………….??? ။ကျွန်တော်တို့ နေထိုင်ရာ ဤမြန်မာမြေသည် အရင်ကစိမ်းလန်းခဲ့သည် ။ သို့သော် ယခု……………………??? ။စက်မှုခတ်သို့တိုးတက်မှုကြောင့် စီးပွားရေးတိုးတက်လာသည် ။ လူနေမှုများတိုးတက်လာသည် ။ လောဘများ တိုးတက်လာသည် ။ အတ္တများတိုးတက်လာသည် ။ ထို့အတွက် ကြောင့် ဤကမ္ဘာမြေကြီး ပျက်စီးခြင်းသို့တိုးတက်လာသည် ။ ထို့အတွက်ကြောင့် ကျွန်တောတို့ လူသားတွေ လွတ်လပ်စွာနေထိုင်ဖို့ ခက်ခဲခြင်းများတိုးတက်လာသည်။

ဤကမ္ဘာမြေသည် ကျွန်တော်တို့ အားခိုလုံရာဖြစ်အောင်ပေးထားသော လက်ဆောင်ကြီးတစ်ခုဖြစ်သည်။သို့သော် ယခု ဤခိုလုံရာကြီးအားလူသားတွေဖျက်ဆီးနေသည် ။ စိမ်းလမ်းမှုအားချစ်မြတ်နိုးသောသူများသည်သာ ကယ်တင်ဖို့ကြိုးစားနေသည် ။ ကျိုတိုပရိုတိုကော လည်းပြီးဆုံးသွားပြီ ။ ကိုပေဟေဂင် လည်း အသုံးမ၀င်တော့ပါ ။ ထို့အတွက်ကြောင့်လုပ်စရာရှိသည်များကို ကျွန်တော်တို့ကိုယ်တိုင်သာ လုပ်ရတော့မည် ။ သူတို့တွေသည်ကား လောဘသမားတွေရဲ့ စနက်ကြောင့် သူတို့ လုပ်သင့်လုပ်ထိုက်တာများကို ပျက်ကွက်လျှက်ရှိသည် ။ ထိုအပြင် မသိချင်ယောင်ဆောင်နေကြသည် ။ သူတို့က တော့ ဖွံဖြိုးတိုးတက်ရေးသာ အရေးကြီးသည် အခြားအရာတွေက အရေးမကြီးပါ ဖွံဖြိုးတိုးတက်မှုများပြီးဆုံးသွားရင် ပြန်လည်ပြုပြင်နိုင်သည့်ဟုပြောဆိုနေကြသည် ။ သို့သော်လည်း သူတို့လက်ချက်ကြောင့် ဂေဟစနစ်ကြီးပျက်စီး လာသည် ။ သဘာဝဘေးအန္တရယ်တွေ ရင်ဆိုင်လာကြသည်။ သစ်ပင်တွေကို ရက်ရက်စက်စက် ခုတ်ပြစ်နေကြသည် ။ အချို့သောစီးပွားရေးသမားတွေက တောမီးများရှို့ပြီး သူတို့ စက်ရုံများအတွက် နေရာများကိုဖန်တီးနေသည်။ လူငယ်များ ပညာရှင်များက သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအတွက် လုပ်နေသည်ကို လူကြီးများက အားမပေးကြ သူတို့စီးပွားရေးထိခိုက်သည့်အတွက် နိုင်ငံတစ်ကာ တွင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲများကို တရားမ၀င် ထိန်းချုပ်ဖို့ကြိုးစားနေကြသည် ။ NGO များ၏ လူဒါန်းသူဟုနာမည်ခံ ပြီးတော့ အခွန်ရှောင်သော သူဌေးတို့ ကား အံသြဖွယ်ရာကောင်းလှချည်ဗျာ ။ နိုင်ငံကြီးသားဟု သူတို့ဘာသာနာမည်တတ်ပြီး လုပ်စားနေသော သူဌေးများ လည်းဤလောကထဲတွင်ရှိကြပေသည် ။ နိုင်ငံကြီးများကလည်း သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးအတွက်ဆိုလျှင် လက်မရဲသလောက် လက်နှက်များထုတ်လုပ်ဖို့ဆိုရင် ရဲရဲဝံ၀ံ လုပ်နိုင်ကြသည် ထို့အတွက် ကျွန်တော်တို့ သည်လည်း ဘာမှမတတ်နိုင်ပေ။ ကျွန်တော်တို့လုပ်နိုင်သည်မှာ မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ အသိပညာများမျှဝေပေးခြင်းများပြုလုပ်၍ ထိမ်းသိမ်းကြရန်သာတတ်နိုင်ပေသည် ။ အော် ……………….လောကလောက ………………………….။ မြတ်စွာဘုရားဟောကြားသည်မှာမှန်လေစွ မှန်လေစွ လူဟူသည် ကားမကောင်းမှုတွင် အလွယ်တကူ စီးမျှောတတ်သည် ဟူသောစကားသည် သွေးထွက်အောင်မှန်ပေသည်တကား…………………….။

အတိတ်ကမြန်မာသမိုင်းရှိ ကဗျာများ ၀တ္တုများတွင်တွေ့ရသည့် မြန်မာနိုင်ငံသည် စိမ်းလမ်းဆိုပြေသော သစ်တောကြီးများစွာကို ပိုင်ဆိုင်သောနိုင်ငံ တစ်ခုအဖြစ်တည်ရှိခဲ့သည်။ သို့သော် ယခုအချိန်တွင်ကား………………..?????? ။ မဲဇာတောင်ခြေ ကဗျာတွင် မဲဇာတော၏ သစ်ပင်များပေါက်ရောက်ပုံကိုရေးထားသည်မှာ အားရဖွယ်ကောင်းလေသည် ။ နေပျောက်ပင် ထိုးမပေါက်နိုင်အောင် သစ်တောများဖြင့် ဖုံးလွမ်းခဲ့သော မဲဇာတောင်ခြေသည် ယခုတော့ လွင်ပြင် ထီးထီးဖြစ်နေသည် ။ မြကန်ကဗျာထဲကလို

တောင်ကျချောင်းဘေး ရေ၀င်ပြေးလှည်

ရေအေးကြည်စွာ ကန်ပိုင်မာလျှက်

ကြာပေါင်းထုံထုံးဌက်မျိုးစုံသည်

ဘုံဝတ္တိသာ နံန္ဒာပေသော

တူစွ ဟုတ္တာ…………………………..

မြကန်သည် ယခုတော့ ဆည်တာတမံကြီးဖြစ်နေသည် ။ အရင် ကသာယာလှပခဲ့သော သဘာဝအလှတရားသည် ယခုတော့ လူများဖန်တီးသည့်အလှတရားများဖြင့် တင့်တယ်နေသည်တကား…………………………………….

Joomla(CMS) အားအသုံးပြု၍ Website ရေးဆွဲနည်းသင်တန်းဖွင့်လှစ်မည်


ရန်ကုန်မြို့၊ ဆိပ်ကမ်းသား လမ်းရှိ ABC ကွန်ပျူတာအရောင်းဆိုင်မှနေ၍ Joomola အားအသုံးပြု၍ Website ရေးဆွဲနည်း သင်တန်းဖွင်လှစ်မည်ဖြစ်သည်။ အဆိုပါသင်တန်းသည် CMS(Content Management System ) အားမြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်သင်ကြားပေးသည့်သင်တန်းဖြစ်ပြီး ကွန်ပျူတာ အခြေံရှိယုံမျှနှင့် Website တစ်ခုအားလွယ်ကူစွားရေးသားနိုင်မည်ဖြစ်သည်။ Joomal သည် ကမ္ဘာ ပေါ်တွင်လူသုံးအများဆုံး CMS Software ဖြစ်သည်။ ။
ယင်းသင်တန်းကို ဇူလိုင်လ ၅ရက်နေ့တွင့်စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်လခွဲဖြစ်သည်။ သင်တန်းတစ်ခုတွင်သင်တန်းသာ ၁၅ ဦးသာလက်ခံမည်ဖြစ်ပြီး ပထမဦးဆုံးလာ ရောက်အပ်နှံသူ ၅ ဦးကို ၂၀% လျှော့ပေးမည်ဖြစ်ပြီး ၊ဒုတိယ ၅ဦးကို ၁၀% လျှော့ပေးမည်ဖြစ်ည်။ အထူးအစီအစဉ်အဖြစ် မီဒီယာများတွင်လုပ်ကိုင်နေသူများ ၊ Journalist များ ဤသင်တန်းကိုတက် ရောက်မည်ဆိုပါက ၅၀ % လျှော့ပေးသွားမည်ဖြစ်သည် ။ သင်တန်းကြေးမှာ ငွေကျပ် ခုနှစ်သောင်း ဖြင့်သတ်မှတ်ထားသည် ။ ယင်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျွမ်းကျင်သော Joomla ! Web Developer များပေါ်ထွက်လာစေရန်အတွက် ခြေခံကျကျသင်ကြားပေးမည်ဖြစ်သည်။
ဤသင်တန်းတွင် အခြေခံ HTML , CSS , နှင့် Basic Photoshop များ ကိုပါတွဲဖက်သင်ကြားပေးမည်ဖြစ်ပြီး ၊ သင်တန်းသားတစ်ဦးလျှင် လက်တွေလေ့ကျင်နိုင်စေရန် Online တွင် Website တစ်ခုတည်ဆောက်စေနိုင်ရန် Subdomain တစ်ခုစီစဉ်ပေးထားမည်ဖြစ်ကြောင်း ၊ အဆိုပါ Subdomain ကို သင်တန်း ပြီးတစ်လအထိ အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သင်တန်းအစီအစဉ်များအရသိရှိရသည်။ အဆိုပါသင်တန်းအားစိတ်ဝင်စားသူများအနေဖြင့် ABC Computer & Electornic Center အမှတ် ၁၀၆ , ဆင်မင်းလမ်း၊ အလုံမြို့နယ်နှင့် ဖုန်း ၀၁-၂၂၀၇၀၈ , ၀၉-၅၃၂၀၂၃၆၀ သို့ဆက်သွယ် စုံစမ်းအပ်နှံနိုင်ပါသည်။
ကိုရင်သာဂိ

Wednesday, June 16, 2010

ကော်ဖီတစ်ခွက် စာတစ်ရွက်ဖြင့်
ည ကိုငါ ဖြတ်သန်း နေသည်
ည ဘ၀ကို အမှောင်အတိ ဖြင့် ရှုးသွပ်စေသည့် ည
မိုးကောင်းကင်အား အနီရောင်အတိဖြင့် ပြည့်နှက်နေသည့် ည
လူအများအား တစ်ခဏခြင်းတွင် လေနှင့်အတူ သယ်ဆောင်သွားခဲ့သောည
နာဂစ်အား ခေါ်ဆောင်လာခဲ့သော ည
မာလာ နှင့်အတူ တကွ နေထိုင်ခဲ့ဘူးသောည
ဆူနာမီနှင့် အမျိုးတော်စပ်ခဲ့ဘူးသော ည
ဘာရေးလို့ရေးရမှန်းမသိဘဲ လျှောက်ရေးနေခဲ့မိသေည

Online တွင်ပိုက်ဆံရှာနိုင်မည်လော

ကိုရင်သာဂိတစယောက် ဒီနေ့ 7Days Journal ကို အိမ်ကလည်းဝယ်ထားတာနဲ့ ဖတ်ကြည့်မိတယ်ဗျ အဲဒီမှာ Technology ဆိုတဲ့ စာရွက်လေးမှာ သတင်းတစ်ပုဒ်သွားတွေ့တယ် နည်းနည်းလေးတော့စိတ်ဝင်စားသွားတယ် ။ အဲဒီသတင်းခေါင်းစဉ်က ”အွန်လိုင်းကြော်ငြာလုပ်ငန်းက မြန်မာဝက်ဆိုက်များအတွက် ကြောငြားများရှာပေးမည် ” အဲဒီသတင်းလေးက ကျွန်တော်တို့လို အင်တာနက်ပေါ်မှာနေတဲ့ သူတွေအတွက်တော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ် ။ သူရဲ့ သတင်းမှာ ဆိုထားတာက Myanmar Online Advertising မှ မြန်မာဝင်ဆိုက်များအတွက် ကြောငြာများရှာပေးမည်တဲ့ ။ အဆိုပါ ၀က်ဆိုဒ်များသည် နိုင်ငံရေးနဲ့သော်လည်းကောင်း ညစ်ညမ်းမှုများနှင့်သော်လည်းကောင်းသက်ဆိုင်မှုမရှိစေရတဲ့ ။ ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ မည်သည့် ISP များကလည်း ပိတ်ထားသော ၀င်ဆိုက်တစ်ခုဖြစ်ရမည် ။ ထို့အပြင် တစ်ရက်လျှင် လူ(၂၀)ကျော်ရှိရမည်ဖြစ်ပြီး Visitor Counter Widget ပါရှိရမည်ဖြစ်သည် ။ ၀က်ဆိုဒ်ရေးသူများသည် MOA ၏တရားဝင်းဝက်ဆိုဒ်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး တစ်ပတ်တိတိစောင့်ကြည်မည်ဖြစ်သည် ။ တစ်ပတ်ပြည့်လို့ သတ်မှတ်ထားသောစည်းကမ်းများနှင့်ညီပါ ၀က်ဆိုဒ်ရေးသူထံသို့ ကြောငြာနှင့် code ကိုပို့ပေးမည်ဖြစ်ပြီး ၀က်ဆိုက်၏ သိသာထင်ရှားသောနေရာတွင်ဖော်ပြပေးထားရမည်ဖြစ်သည် ။ ၀က်ဆိုက်ရေးသူတစ်ယောက်ကိုကြော်ငြာတစ်ခုသာရရှိမည်ဖြစ်ပြီး ကြော်ငြာတင်ပြီးနောက် တစ်ပတ်အပြီးတွင် မြန်မာငွေကျပ်ခြောက်သောင်းကိုလာရောက်ထုတ်ယူနိုင်မည်ဖြစ်သည် ။ ခြောက်လစာပေးအပ်ခြင်းဖြစ်ကြောင်းကိုဖော်ပြထားသည် ။ သတင်း အကျဉ်းချုပ်ကတော့ အဲဒီအတိုင်းပါပဲ ။ ဒါပေမယ့်နောက်ဆက်တွဲအရ ကျွန်တော်ရဲ့ထင်မြင်ချက်ကတော့ဗျာ အခုလို internet သုံးနေရင်း နဲ့ ပိုက်ဆံရှာလာနိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့လို အင်တာနက် ပေါ်က စာရေးသူတွေအတွက် အခွင့်အလမ်းတစ်ခုကိုဖန်းတီးပေးလိုက်နိုင်တာပေါ့ဗျာ ။ အင်တာနက်သုံးတယ်ဆိုတာ ကျွန်တော်တို့ ပတ်ဝန်းကျင်ကတော့ ပိုက်ဆံဖြုန်းနေတယ်လို့ပဲသိကြပါတယ် အိမ်ကပိုက်ဆံတောင်းပြီးတော့ အင်တာနက်ပေါ်မှာ အကျိုးမဲစွာအချိန်ကုန်နေတယ်လို့ပဲ လူကြီးတွေတော်တော်များများကထင်ကြပါတယ် ။ ဒီလိုမြင်ရတာလည်း အချို့သော အင်တာနက်ကိုလွဲမှားစွာသုံးနေကြတဲ့သူတွေကြောင့် ဖြစ်တယ်လို့တော့ကျွန်တော်ထင်ပါတယ်။ အခုသတင်းလေး ဟာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ် ၀က်ဆိုက်ရေးသူတွေနဲ့ blog ရေးသူတွေအတွက် ဒါဟာပိုက်ဆံရှာနိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ ။ အင်တာနက်လောကမှ ဖွံဖြိုးတိုးတက်လာဖို့အတွက်ဒါဟာ ပထမဦးဆုံးခြေလှမ်းလို့ ယူဆနိုင်ပါတယ် ။ အခုလိုဖြစ်တာတာကိုကြိုဆိုပါတယ် ဗျာ …………………………… ကိုရင်သာဂိ

ကျွန်တော့်ဘဝ

မိုးတွေရွှာနေသောနေ့တစ်နေ့ ဗိုလ်တစ်ထောင်ဘုရားလမ်းမပေါ်တွင်ရှိသော RC1 ရှေ့တွင် ကျောင်းသားတစ်ယောက် ကျောင်းကိုကြည့်၍ ငေးငိုင်နေသည် ။ သူသည် ကား ယခုမှဆယ်တန်းအောင်၍ လူ့လောကထဲ့သို့ ၀င်ရောက်ရန်အတွက် ပထဦးဆုံးစတင်သောခြေလှမ်း ကိုပြင်ဆင်နေသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။
သူ ကျောင်းထဲကို ငေးလို့ဝပြီးနောက် ကျောင်းထဲသို့ ၀င်သွားသည့် ။ သူကား လူ့စွမ်းအား အရင်းမြစ် ဖွံဖြိုးရေးသင်တန်းမှကျောင်းသားတစ်ယောက်ဖြစ်သည်။ သူ သည် ဤကျောင်းတော်ကြီးတွင် သူ့ဘ၀၏ ပထမဦးဆုံးလူ့လောက်ကို ၀င်ရောက်လာခြင်းဖြစ်သည်။ ထို့အတူ နှလုံးသားကျောင်းတော်ကြီးကို သူ၏ဘ၀အတွက်ပထမဦးဆုံးတက်ရန် ရာထားခြင်းခံရသူဖြစ်သည်။
ထို့နေ့က မိုးတွေသည်းထန်စွာရွာနေသည် ကျောင်းထဲတွင် ထီးမပါသောကောင်လေးနှင့် အိမ်ကလာမကြိုသေးသော ကောင်မလေးတစ်ယောက်တို့ သည် ကိုရွှေမိုးကို မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ကြည့်ရှု့နေရသည်။ ကောင်လေးသည် ထို့အချိန်တွင် ရင်ခုန်သံများသည် မူလထက် ပိုမိုလျှင်မြန်လျက်ရှိသည် ။ သူသည်ကား ကောင်မလေးကို ချစ်နေသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် ကျောင်းရှေ့သို့ကားတစ်စီး ထိုးရပ်လာသည်။ ထိုကောင်းလေး ကြည့်နေစဉ်အတွင်းမှာပင် ထိုကောင်မလေးသည် အဆိုပါကားပေါ်သို့ တက်ကာ ထွက်ခွာဖို့ပြင်ဆင်နေသည် ။ ထိုအချိန်ရုတ်တရက် ကောင်မလေးသည် နောက်သို့လှည့်၍ ကောင်လေးအားလက်ပြလိုက်သည် ။ ကောင်လေး၏ရင်ထဲတွင် တော်ပီဒိုများထိမှန်သွားသလို့ နှလုံးသားထဲတွင် ပေါက်ကွဲထွက်သွားသည် ။ မင်းကိုကိုယ်ချစ်မိသွားပြီးမရယ် ။ ဒီလို နဲ့ အချိန်တွေ ကြာလာသည့်အမျှ ကောင်လေးနှင့် အဆိုပါကောင်မလေးတို့ သံယောဇဉ် ကျိုးများခိုင်မြဲလာသည် ။ မိုးရွာသောနေ့တစ်နေ့မှာ ကောင်လေးသည် ကောင်မလေးကိုချစ်သည်ဟုသွားပြောသည် ။ ကောင်မလေးသည် ရုတ်တရက်စိတ်ဆိုးသွားသည် ။ ထို့နောက်ကောင်လေးရှေ့မှထွက်ပြေးသွားသည် ။ ကောင်လေး၏ ရင်တွင် ဓါတုဗေဒဗုံးပေါက်သလို ခံစားရခက်နေသည်။ ထို့နောက်ကောင်လေးသည် ကောင်မလေးအားစာတစ်စောင်ပေးလိုက်သည် ။ ထိုစာမှာ
မ မကိုလေကျွန်တော်ဟာ ရင်ခုန်ခြင်းများစွာဖြင့် ချစ်မိသွားပြီဗျာ ။ မ ကျွန်တော်ကိုပြန်ချစ်နိုင်မလားဟင် ။ မ……….. မ ကျွန်တော် ကိုမချစ်ဘူးဆိုရင်လည်း မ ကိုကျွန်တော်အပြစ်မတင်ပါဘူး ဘာကြောင့်လဲဆိုရင် ကျွန်တော်ဟာ ဘုန်းကြီးကျောင်းမှာကပ်နေတဲ့ ဘုန်းကြီးကျောင်းသားဆိုတော့ မ လို့ တော်ဝန်ပန်းကို အညတရ ကျွန်တော်က လှမ်းဆွတ်ခူးသလိုဖြစ်နေလို့ပါ ။ ဒါပေမယ့် ကျွန်တော်ရင်ထဲမှာခံစားချက်တွေဟာ ထိမ်းမရလို့ဖြစ်ပေါ်လာတဲ့အတွက် မ ကို့ကျွန်တော်ချစ်မိသွားတာပါ မ ရယ် ။ မ ကျွန်တော်ကိုပြန်ချစ်နိုင်မလားဟင် ။ အကယ်၍များ မသာ ကျွန်တော်ကိုချစ်တယ် ဆိုရင်လေ မနက်ဖြန်ကျရင် မရဲ့ ပါးပြင်လေးမှာ ပါးကွက်လေးကွက်ပြီး ကျေင်းကိုလာခဲ့ပါနော် မ………………………. ရင်ခုန်ခြင်းများစွားဖြင့် ကျွန်တော်
နောက်နေ့လည်းရောက်ရော ကောင်မလေး က သူရဲ့ပါးပြင်ထက်မှာ ပါးကွက်လေးကိုသူ့ရဲ့ ရှည်လျားသောဆံနွယ်များဖြင့် ဖုံးကွယ်၍ ကျောင်းသို့ရောက်လာခဲ့သည် ။ ကောင်လေးပျော်သွားသည် သူ့၏ မ သည် သူ့ကိုချစ်နေသည်ကို သိရှိသွားသောကြောင့်ဖြစ်သည် ။ဒီလိုနှင့်ကောင်လေးနှင့်သူ၏ မ သည် ချစ်သူများဖြစ်သွားခဲ့သည် ။ ချစ်သူဘ၀တွင် မိုးလေးရွာလျှင်လည်းချစ်သည် ။နေများပူနေလျှင်လည်းချစ်နေသည် ။ ထိုအချိန်တွင်ကောင်လေးသည် ချစ်သူနှင့်အတူ ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနေသည် ။ ထို့အချိန်တွင် ရုတ်တရက် ကောင်လေးနှင့်သူ၏ မ တို့ကြားတွင် မှန်တိုင်းများတိုက်ခတ်လာသည် ။ ကောင်လေးနှင့် ကောင်မလေးတို့ချစ်နေကြသည်ကို ကောင်မလေး၏ အမေသည် သိသွားပြီး ကောင်လေးအား အောက်ပါအတိုင်းပြောလေသည်
ဒီမယ်ကောင်လေး မင်းလို ဘုန်းကြီးကျောင်းသားက ငါရဲ့ သမီးနဲ့တူလို့လားတန်လို့လား ။ မင်းစဉ်းစားကြည့်စမ်း မင်းသာငါ့သမီးနဲ့ ငြားရင် မိန်းမထမိန်နားခိုစားမယ့်ကောင့်ပဲဖြစ်မှာ မင်းမှာဘယ်အလို အစွမ်းအစရှိလို့ ငါ့သမီးကိုကြိုက်ရတာလဲပြောစမ်း မင်းနဲ့ င့ါသမီးက လုံးဝမတန်ဘူး သူတောင်းစားက မင်းသမီးကို မှန်းလို့ ရာရာစစ မင်းကများငါ့သမီးကို ။
ထိုစကားလုံးများသည် ကောင်လေး၏ ရင်ထဲတွင် နှိပ်စက်နေသည် ။ သူ သည် သူ၏ချစ်သူ မ နှင့်ဝေးကွာသွားသည့်ဟု ခံစားမိသည် ။ ကောင်လေး၏ သူငယ်ချင်းမျာသည် ကောင်လေးအားဖေးမပေးနေလျှက်ရှိသည် ။ ထိုအချိန်တွင်ရုတ်တရက် ကောင်လေး၏ မ ရောက်လာသည် သူတစ်ယောက်တည်းတော့မဟုတ်ချေ သူနှင့်လက်ထပ်မည့် ဟုဆိုသော ကောင်လေးတစ်ယောက်နှင့်အတူ ကောင်လေးထိုင်နေရာ လဘက်ရည်ဆိုင်ဆိုင်သို့ရောက်လာသည် ။ ကောင်လေး၏ မ သည် ပျော်ရွှင်နေသည် ကိုတွေ့ရသည် ထိုအချိန်တွင် ကောင်လေးသည် သူ၏ မ အားစိတ်နာသွားသည် ထိုအချိန်မှ စ၍ ကောင်လေးသည် ဘုန်းကြီးကျောင်းသားဘ၀မှ နေ၍ သူ၏အိမ်သို့ပြန်၍ မူလဘ၀အတိုင်းနေလေသည် ။ ကောင်လေး၏ ရင်ထဲတွင် သူ၏ မ အားစိတ်နာနေသည် ။ သူတွေးသည်မှာ မိန်းမဆိုသည် မှာ သူ၏ မ အတိုင်းပင်သစ္စာမရှိဘူးဟု ယူဆပြီး မိန်းမများအားမချစ်တော့ပေ ။ ကောင်လေး ပညာရှင်ဖြစ်သည့်အချိန်တွင် သူ၏ မ သည် လက်ထပ်ပြီးဖြစ်နေသည် ။ ကောင်လေး ချမ်းသာချိန်တွင် သူ၏ မသည် အိမ်ထောင်တစ်ခုကိုရုန်းကန်နေသည် ။ ကောင်လေး တစ်ယောက် လူကြီးဖြစ်ချိန်တွင် သူ၏ မ သည် ကလေးများနှင့်ဖြစ်နေသည် ။တစ်ချိန်တွင်ကောင်လေးသည် နိုင်ငံခြားသို့ပညာတော်သင်သွားပြီးပြန်လာချိန်တွင် သူ၏ မ သည် သူအားနောင်တ မျက်ရည်များဖြင့် ကြည့်နေသည် အဘယ်ကြောင့်ဆိုသော သူမ လက်ထပ်ထားသည့် သူသည်ကား သစ္စာမရှိသောသူဖြစ်နေခြင်းကြောင့် ဖြစ်သည် ။ ထိုအချိန်မှစ၍ ကောင်လေးသသည် လောကကြိးအားနားလည်သွားလေ သတည်း………………………………………

Monday, June 7, 2010

ဆူနာမီ လေးထပ်ဖြစ်သွားရင်

ကိုရင်သာဂိတစ်ယောက် နေမကောင်းလို့ ပျင်းပျင်းရှိတာနဲ့ ဗီဒီယိုအခွေလေးတစ်ခွေဌားကြည့်လိုက်တယ် အဲဒီဗီဒီယိုဇတ်ကားက TSUNARMI တဲ့ ကိုရီးယားက ရိုက်ကူးတင်ဆက်ထားတာ ။အဲဒီဇတ်ကားကို ကြည့်ပြီးတော့ ကျွန်တော်လည်း ရင်တွေအရမ်းခုန်သွားတယ် သူတို့ရိုက်ပြထားသလိုမျိုးသာ ကျွန်တော်တို့နိုင်ငံမှာ တစ်ကယ်ဖြစ်လာရင်ဘယ်လိုလုပ်မလဲ။ ရုပ်ရှင် က စိတ်ကူးယဉ်လို့ပြောလို့ရပေမယ့် ဖြစ်လာနိုင်ခြေတွေအများကြီးရှိတယ်ဗျ ။ အဲဒီရုပ်ရှင်ထဲမှာက အဓိကပြထားတာ ကိုရီးယားနိုင်ငံမှာ ဆူနာမီဖြစ်ပေါ်မှုကြောင့် ပျက်စီးသွားမှု တွေရယ် မဖြစ်ခင်ကအခြေအနေတွေရယ် ကယ်ဆယ်ရေးတွေရဲ့ အခန်းဂဏ္ဍကိုဖေါ်ပြထားတယ် ။ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ ကိုရင်သာဂိတို့နိုင်ငံမှာ နာဂစ်ဖြစ်တုန်းကအတိုင်းပဲ ။ ရုပ်ရှင်ကိုကြည့်ပြီး တွေးမိတာလေးတစ်ခုရှိတယ်ဗျ အဲဒါကဘာလဲ ဆိုတော့ ဖွံဖြိုးတိုးတက်မှုကြောင့် သဘာဝအရန်အတားတွေမရှိတော့ပဲ ပျက်စီးသွား တယ်ဆိုတဲ့ အကြောင်းအရာလေးဗျာ ။ ကိုရင်သာဂိလည်းစဉ်းစားပါတယ် အကယ်၍ ကိုရင်သာဂိတို့နိုင်ငံလည်းဖွံဖြိုးတိုးတက်လာပြီဆိုရင် အဲဒီကိစ္စတွေလိုမျိုးတွေဖြစ်လာနိုင်ပါတယ် ။ ဘာဖြစ်လို့လည်းဆိုရင် စီးပွားရေးသမားဆိုတာ အများအားဖြင့် ကိုယ့်ရဲ့ အကျိုးစီးပွားကိုသာကြည့်တတ်ကြပါတယ် အားလုံးတော့မဟုတ်ပါဘူး အဲဒီလိုမျိုး စီးပွားရေးသမားတွေလည်းတွေဘူးပါတယ် ။ ကိုရင်သာဂိတို့ မြန်မာနိုင်ငံကြီးဟာ မကြာတော့တဲ့အချိန်မှာ ဖွံဖြိုးတိုးတက်မှုတွေဖြစ်ပေါ်လာမှာဖြစ်တဲ့အတွက် ဤကဲ့သို့ကိစ္စတွေဟာလည်း မဖြစ်နိုင်ဘူးလို့ပြောလို့မရပါဘူး ရုပ်ရှင်ကြည့်လိုက်ရတဲ့အချိန်မှာ ကိုယ်ရင်သာဂိခံစားရတာက ဖွံဖြိုးတိုးတက်မှုဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပြောင်းပြန်အချိုးကျနေတယ်လို့ခံစားရပါတယ် ။ ကိုရင်သာဂိ ကြည့်ဘူးတဲ့ ရုပ်ရှင်ကားတွေတော်တော်များများဟာ သဘာဝပတ်ဝန်းကျင်ထက် ဖွံဖြိုးတိုးတက်မှုကို သာအသားပေးဖေါ်ပြလေ့ရှိပါတယ် အဲဒီအရာတွေက သဘာဝပတ်ဝန်းကျင်အတွက်အဆိပ်တွေပါပဲ ။ တစ်ကယ်တမ်းပြောရရင် ဖွံဖြိုးတိုးတက်မှုကို အပြစ်ပြောတာတော့မဟုတ်ပါဘူး လိုအပ်နေတယ်ထင်လို့ပါ ။ ဖွံ ဖြိုးတိုးတက်တာ နိုင်ငံအတွက်ကောလူမျိုးအတွက်ပါကောင်းပါတယ် ဒါပေမယ် ဖွံဖြိုးတိုးတက်မှုဟာ သဘာဝပတ်ဝန်းကျင်ကို ကြီးကြီးမားမားဖျက်စီးနေတယ်ဆိုတာလေးကိုသာ ကာကွယ်နိုင်မယ်ဆိုရင် အတိုင်းအထက်အလွန်ပါပဲ။ ဖွံဖြိုးတိုးတက်မှုဟာ ကုန်ပစ္စည်းတွေအများကြီးထုတ်မှ ဖွံဖြိုးတိုးတက်တာမဟုတ်ပါဘူး အသိဥဏ်များ အသိပညာများကိုအသုံးပြု ပြီးဖွံဖြိုးတိုးတက် အောင်လုပ်ဆောင်လို့ရပါတယ် ။ ယနေ့ ကမ္ဘာကြီးဟာ ပူနွေးမှုတွေ ကာဗွန်ဒိုင်အောက် ဆိုဒ်ပြသနာတွေ အိုဇုန်လွှာကိစ္စတွေ နဲ့ ဖျားနာလို့နေပါတယ် သစ်တော့တွေ စည်းမဲ့ကမ်းမဲ့ ခုတ်မှုတွေ စက်ရုံတွေ ကားတွေ အဲယားကွန်းတွေကနေထုတ်လွှတ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တွေ နူကလီးယားဗုံးဖောက်ခွဲမှုတွေ ဓါတုဓါတ်ပစ္စည်းတွေ စည်းမဲ့ကမ်းမဲ့ စွန်ပြစ်မှုတွေဟာ လည်းကမ္ဘာကြီးကိုဖျားနာစေပါတယ် ။အဲဒီအကြောင်း အရာတွေရဲ့အကျိုးဆက်တွေက ဘာတွေလဲလို့ပြောရရင် သဘာဝဖောက်ပြန်မှုတွေ အပူလွန်ကဲမှုတွေ အအေးလွန်ကဲမှုတွေ အာတိတ်က ရေခဲတွေအရေပျှော်မှုတွေ မုန်တိုင်းတွေ ၊ငလျင်တွေကို ဖြစ်ပေါ်စေပါတယ် ။ကိုရင်သာဂိတို့တိုင်းပြည်မှာလည်း လွန်ခဲ့တဲ့နှစ်တွေက မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရန်ကုန်ကိုဝင်မွှေသွားတဲ့ နာဂစ်လိုမျိုးတွေဟာ လည်း သဘာဝပတ်ဝန်းကျင်းပျက်စီးမှုကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေပါ ။
အဲဒီတော့ ကိုရင်သာဂိတို့ဘာတွေလုပ်ဆောင်ရင်ကောင်းမလဲ ဖွံဖြိုးတိုးတက်မှု နှင့်အတူဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်ကိစ္စတွေကိုဘယ်လိုဖြည့်တင်းမလဲ။ ဒီကိစ္စကပြောရတာတော့လွယ်ပေမယ့် တစ်ကယ်တမ်းအကောင်အထည်ဖေါ်ရရင်အရမ်းခက်ပါတယ် ။ ကိုရင်သာဂိ အဲဒီရုပ်ရှင်လေးကိုကြည့်ပြီးတော့ တော်တော်လေး ကို ကမ္ဘာမြေကြီးကိုချစ်တဲ့စိတ် လေးဝင်လာတယ် ။ လူတစ်ချို့ကပြောကြတယ် ငါ့တို့အသက်ရှင်နေတုန်းမှာ ကောင်းနေတာပဲ ဘာလို့ မဖြစ်သေးတဲ့ အနာဂတ်အတွက် ပူနေတာလဲလို့ ကိုရင်သာဂိကိုလာလာပြီးပြောတယ် ။ကျွန်တော်ကတော့ပြန် ပြောလိုက်တယ် မသေချာတဲ့အနာဂတ် မဟုတ်ဘူး သေချာတဲ့အနာဂတ်လို့ ။ ဘာဖြစ်လို့လည်းဆိုတော့ အခုတစ်လောဖြစ်ပျက်နေတဲ့ သဘာဝဘေးအန္တာရယ်တွေ ကအဲဒီမေးခွန်းအတွက်သက်သေတွေပါပဲ ။ ကိုရင်သာဂိလည်း ဒီရုပ်ရှင်လေးကို သူငယ်ချင်းတစ်ယောက်ကိုပြကြည့်တော့ သူပြောတဲ့စကားလေးက လူတွေရုပ်ပိုင်းဆိုင်ရာဖွံဖြိုးခြင်းထက် စိတ်ပိုင်းဆိုင်ရာတွေသာဖွံဖြိုးမယ်ဆိုရင် လူလောကကြီးမှာ အခုလိုပြသနာတွေမရှိနိုင်တော့ဘူးတဲ့ .အဲဒီစကားလေးကို ကျွန်တော်အရမ်း ကြိုက်သွားတယ် ဗျာ ။ မိတ်ဆွေတို့ရောဘယ်လိုနေမလဲ ။ ကျွန်တော်ကတော့ ဗျာ ကိုယ်ဖြစ်စေချင်တာတွေထက် ဖြစ်သင့်တာလေးတွေပြောပြချင်တယ်ဗျ။
ကိုရင်သာဂိတို့ တက်နေတဲ့ သင်တန်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတွေ သင်တုန်းကအဲဒီလောက်မတွေးမိဘူး အခု ဒီရုပ်ရှင်လေးကိုကြည့်လိုက်တော့မှပဲ ဒီအတွေးလေးဝင်လာတယ်။ ကိုယ်ရင်သာဂိတို့ သဘာဝပတ်ဝန်းကျင်အကြောင်းသင်တုန်းက သိလာရတာတစ်ခုရှိတယ် ကျွန်တော်တို့ နာဂစ်ဖြစ်တုန်းက အရင်အခြေအနေမှာဆိုရင် အခုလောက်မဆိုးရွှားနိုင်ပါဘူး ။ ဒါပေမယ် ဒီရေတောတွေ လက်လွတ်စံပယ်ခုတ်ယူမှုကြောင့် မြစ်ဝကျွန်းပေါ်ဒေသမှာ သဘာဝအရံအတားတွေ မရှိတော့ပဲ ဆိုးဆိုးရွှားရွှားခံခဲ့ရတာပါ။ အဲဒီတော့ ကိုရင်သာဂိပြောချင်တာက မိမိကမ္ဘာမြေကြီးကို ကိုယ့်ရဲ့ ရည်းစားလိုသာချစ်ခင်ကြမယ်ဆိုရင် ကိုယ်ရင်သာဂိတို့မြန်မာနိုင်ငံမပြောနဲ့ တစ်ကမ္ဘာလုံးကပင် သဘာဝဘေးအန္တာရယ်တွေကိုတောာင် တွေးပူစရာမလိုတော့ပါဘူး ။ ကိုယ်ရင်သာဂိတို့ ကြားဖူးတဲ့ စကားပုံလေးတစ်ခုရှိတယ် တန်ဆေးလွန်ဘေး တဲ့ ဒီစကားလေးဟာလက်ရှိ လူ့ဘောင်လောကအတွက် အသုံးဝင်မယ်လို့ထင်ပါတယ် ဒီစကားပုံလေးကိုသာလက်ကိုင်ထားပြီး ဖွံဖြိုးတိုးတက်မှုတွေပြုလုပ်ကြရင် ပိုမိုကောင်းမွန်တဲ့ ဘ၀များကို နောင်လာမည့် လူသားအရင်းအမြစ်များခံစားရမှာသေချာပါတယ်။
နိဂုံးချုပ်ဆိုရရင် ကိုရင်သာဂိကြည့်ခဲ့ရတဲ့ ရုပ်ရှင်လေးဟာ တစ်ကယ်တန်းဆိုရင်ဘာမှမဟုတ်ပေမယ့် နောင်အနာဂတ်မှာ ဖြစ်လာနိုင်ခြေတွေရှိပါတယ် ။အဲဒီအတွက်ကြောင့် ကိုရင်သာဂိအနေနဲ့ ကြိုတင်ကာကွယ်စောင့်ရှောက်ထားမယ်ဆိုရင် သဘာဝဘေးအန္တာရယ်တွေရဲ့ ရိုက်ခတ်မှုကိုကာ ကွယ်ပြင်ဆင်နိုင်မှာပါ။ ကိုရင်သာဂိတို့နိုင်ငံဟာအရင်တစ်ချိန်တုန်းက ကမ္ဘာမှာ နေထိုင်လို့အသင့်တော်ဆုံး နိုင်ငံတစ်ခုဖြစ်ပါတယ် အခုလည်း ဖြစ်သေးတယ်လို့ပြောနိုင်ပါတယ် ။ မုတ်သုံရာသီဥတုဟာ နိုင်ငံတိုင်းမှာ မရှိပါဘူး ။ နိုင်ငံအချို့မှာသာရှိပါတယ။ အဲဒီအထဲမှာ ကိုရင်သာဂိတို့မြန်မာနိုင်ငံလည်းအပါအ၀င်ဖြစ်ပါတယ် ။ သဘာဝပတ်ဝန်းကျင်ဆိုတာ ဟာ မိမိရဲ့ပတ်ဝန်းကျင်သာမက ပဲ ကမ္ဘာသူကမ္ဘာသားအားလုံးရဲ့ ပတ်ဝန်းကျင်ဖြစ်သည့်အတွက် မိမိပတ်ဝန်းကျင်သာမက တစ်ကမ္ဘာလုံးရဲ့ပတ်ဝန်းကျင်ကိုသာ ထိမ်းသိန်းနိုင်မယ်ဆိုရင်ကမ္ဘာကြီးအတွက် အလွန်တရာပင် တန်ဖိုးရှိသော အနာဂတ်များပိုင်ဆိုင်နိုင် မည်ဖြစ်ပါသည် ။
[မပင့်ဂိုးဦးဆောင်၍ သူငယ်ချင်းများနှင့်သစ်ပင်စိုက်ခြင်းအမှတ်တရ (၁) ] ကိုရင်သာဂိ

Monday, May 31, 2010

အဆိုးဆုံး ၊အကောင်းဆုံးများ

၁။ အဆိုးဆုံးအကျင့်လို့ပြောတာက သောက
တွေးကြည့်ရင်တော့ သောကဆိုတာက လူကို အတော်လေးပူလောင်စေတဲ့ အရာပါပဲ တစ်ကယ်တမ်းသောကကိုသာငြိမ်းအေးအောင်လုပ်နိုင်တဲ့အရာလို့ကျွှန်တော်ထင်တာကမေတ္တာတရားပါကျွန်
တော်သောကတွေတော်တော်များများတွေ့ခဲရပါတယ် ဒါပေမယ့် ကျွန်တော်အရမ်းမခံရခဲ့ပါ ဘူး သောကရဲ့အပူကို ဘာကြောင့်လဲဆိုတော့ မေတ္တာစိတ်လေးထားပြီးနေလိုက်တာ သောကတွေပျောက်သွားတယ်လို့တောင်ထင်ရတဲ့အထိအေးချမ်းမိပါတယ် ကျွန်တော်တင်ပြထားတဲ့ အဆိုးဆုံးအကျင့်ကို ပျောက်အောင်ကုစားပေးနိုင်မယ်လို့ထင်ရတဲ့ဖြေဆေးလေးကိုဖော်ပြလိုက်ပါတယ်။
၂။ စိတ်ချမ်းသာစရာအကောင်းဆုံးက ပေးကမ်းချင်း
လောကကြီးမှာနေရတာ တစ်ခါတစ်လေကျရင် ကိုယ်မှာရှိတဲ့အရာတွေကိုထိမ်းသိမ်းစောင့်ရှောက်ရင်နဲ့ကုန်ဆုံးသွားတဲ့အချိန်တွေက သေသေချာချာစဉ်းစားကြည့်ရင် တော်တော်လေးသမြောဖို့ကောင်းပါတယ် ။ဒါပေမယ့်တန်ဖိုးရှိသောပေးကမ်ချင်းဆိုတာလေးတွေတော့ရှိပါတယ် အဲဒါကိုပေးလိုက်လို့ကိုယ်မှာဘာမှမဆုံးရှံသွားပါဘူး အဲဒါတွေက မေတ္တာပေးကမ်းချင်း၊ အကြင်နာများပေးကမ်းချင်း၊ ဂရုဏာများပေးကမ်းချင်း စသည်ဖြင့်များစွာရှိပါတယ် ။ မိတ်ဆွေကျွန်တော်ပြောတဲ့အရာလေးတွေပေးကမ်းကြည့်လိုက်ပါ သင်မှာအများကြီးရလာပါလိမ့်မည်လိုရဲရဲကြီးပြောရဲပါတယ်။
၃။ကျေနပ်စရာအကောင်းဆုံးက သူတစ်ပါးကိုကူညီချင်း
အဲဒီစာလေးကိုဖတ်ပြီးတော့ တွေလာရတာတော့ သူများကိုကူညီရတာ တော်တော်လေးကျေနပ်စရာအရမ်းကောင်းပါတယ်ဆိုတဲ့အဆိုကို ကျွန်တော် ထောက်ခံချင်ပါတယ်ဘာကြောင့်လဲဆိုတော့ နာဂစ်ဖြစ်တဲ့အခါ လူတွေရဲ့ ပေးကမ်းချင်း ဆိုတဲ့စိတ်ဓါတ်များဟာရှင်သန်ကြီးထွားလာတယ်ဆိုတာ အားလုံးပဲသိကြမယ်ထင်ပါတယ် ။ သွားလှုတဲ့လူတွေမေးကြည့်လိုက်ပါ သွားလှုတဲ့အတွက်ဘာတွေရပါသလဲလို့ ဖြေမယ်လို့ထင်တဲ့အဖြေလေးတစ်ခုလောက်ပြောပြပါရစေ ပိတိတွေ ရလာတယ်လို့ပေါ့ဗျာ။
၎။ အရုပ်အဆိုးဆုံး ကိုယ်ရည်ကိုယ်သွေးက တစ်ကိုယ်ကောင်းဆန်ခြင်း
အဲဒါကတော့တစ်ကယ်ဗျ ကျွန်တော်ကိုယ်တွေ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင် တစ်ကိုယ်ကောင်းဆန် ဖူးတဲ့အပြင် သူများဆန်တာလည်း မြင်ဖူးလို့ပါ ။ ကိုယ်တော့ဘယ်လိုနေမလဲတော့ မသိဘူး သူများတွေ ကတော့ကြည့်ရတာ နည်းနည်းလေး ဆိုးတယ်ဗျ ။ အဟဲ…………………..
၅။ အထက်ဆုံး အားဆေးက အားပေးခြင်းတဲ့
အားပေးခြင်း အဲဒီစကားလေးကို ကြားရုံနဲ့တင် တော်တော်လေးကိုနေသာထိုင်သာရှိသွားတယ် ဗျ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူငယ်တော်တော်များများဟာ အချင်းချင်းအားပေးရင်းနဲ့ နေထိုင်လေ့ရှိပါတယ် ။ လူငယ်တွေအတွက် အကောင်းဆုံးအားဆေးက အားပေးခြင်းလို့ တော့ ယူဆမိတယ် ဗျ။
၆။ ကျော်လွှားဖို့ အခက်အခဲဆုံးက အကြောက်တရား
အကြောက်တရားတဲ့ဗျ တစ်ကယ်ပါဗျာ အစ်ကိုတို့ အစ်မတို့တွေ သရဲခြောက်တာခံဘူးလားဗျ ။ ကျွန်တော် ရင်ဆိုင် ဖူးတယ် ဗျ ဘာမှန်းကိုမသိဘူး ။ ကျွန်တော်သိတာ လန့်နေတယ်ဆိုတာပဲ သိတယ် ။ ဒါပေမယ့် ဗျာ တစ်ကယ့်ဘ၀ ထဲမှာကျတော့ အဲဒီအကြောက်တရားကြောင်း ဆုံးရှုံးမှုတွေအများကြီး ဖြစ်လာနိုင်ပါတယ် ။ အဲဒိလောက်ပဲပြောပါရစေ ဗျာ
၇။ အထိရောက်ဆုံးအိပ်ဆေးက စိတ်ငြိမ်းချမ်းမှု
၈။ အချိနဲ့ဆုံးနှင့် ကျဆုံးနိုင်ခြေ အများဆုံးရောဂါက ဆင်ခြေဆင်လက်တဲ့ဗျို့
၉။ အင်းအားအကြီးမားဆုံးအရာက မေတ္တာတရားတဲ့ (လောကကြီးကိုအုပ်စိုးနိုင်တာ ကမေတ္တာတစ်ရားတစ်ခုပဲရှိတယ်တဲ့)
၁၀။အန္တရာယ်အကြီးဆုံးပုဂ္ဂုလ်ကျော်က အတင်းပြောတတ်သူတဲ့ (အင်းအဲဒါကိုကျွန်တော့လက်ခံတယ်ဗျာ)
၁၁။မရှိရင်မဖြစ်ဆုံးအရာကမျှော်လင့်ချက်တဲ့ (တကယ်လည်းရှိသင့်ပါတယ်)
၁၂။ ကြောက်စရာအကောင်းဆုံးလက်နက်က လျှာ တဲ့
၁၃။ သြဇာအရှိဆုံးစကားလုံးက "ငါလုပ်နိုင်တယ်"(မှန်ပါတယ်ဗျာ)
၁၄။အကောင်းဆုံးပိုင်ဆိုင်မှုက ယုံကြည်မှု(That is Right)
၁၅။ တန်ဖိုးအမဲ့ဆုံးခံစားမှုက ကိုယ့်ကိုယ်ကို သနားတာ
၁၆။ အကောင်ဆုံးဝတ်စုံ လို့ထင်တာတော့ အပြုံးပါဗျာ
၁၇။ တန်ဖိုးအရှိဆုံးကိုယ်ပိုင်ပစ္စည်းကား ဖြောင့်မတ်တည်ကြည်မှု( တစ်ကယ်ကိုခက်ခဲတဲ့အရာပါပဲဗျာ ဒါပေမယ့် အသုံးဝင်တယ်ဗျ )
၁၈။ အကူးအစက်လွယ်ဆုံးကတော့ စိတ်အားထက်သန်မှုတဲ့ ( စိတ်အားထက်သန်မှု ဟာ ကျွန်တော်အတွက်တော့ အကောင်းဆုံ အဖော်မွန်ပါပဲလို့ ပြောချင်ပါတယ်ဗျာ )
အော်ဘာရယ်မဟုတ်ပါဘူး ကျောင်းကပြန်လာတော့ အနားယူရင်း စာအုပ်ဖတ်လိုက်တာ ကြိုက်တာလေးတွေလို့ ကိုယ် အတွေးအခေါ်လေးတွေထည့်ပြီးတော့ ရေးလို့တာပါ စာအုပ်လေးက ဆရာဆူဒိုနင် ရဲ့ ဘ၀တူရိယာ ဆိုတဲ့စာအုပ်လေးပါ။အားလုံးလည်း ကြိုက်မယ်လို့မျှော်လင့်ပါတယ်
ကိုရင်သာဂိ

ရာသီဥတု

ပူလောင်မှု့သည် လူတိုင်းအားပင်ပန်းနွမ်းနယ်အောင် ပြုလုပ်လျှက်ရှိသည် ။ လူတိုင်းသည် နေ့အချိန်တွင် တတ်နိုင်သမျှ အိမ်တွင်းသို့ ရုံးအတွင်းသို့အောင်းနေကြသည် ( အဲယားကွန်းဖွင့်ထားလို့ထင်ပါတယ်) ။ တစ်ချို့သောကောင်မလေးနှင့်ကောင်လေးအတွဲများသည် အအေးပေးထားသောအခန်းများ(ကော်ဖီဆိုင်)တွင် ပုန်းခိုနေလျှက်ရှိသည် ။ ပွဲစားများသည် အပြင်တွင်စကားမပြောနိုင်၍ အဲယားကွန်းဖွင့်ထားသော ဆိုင် (ဘီယာဆိုင် ) အော်ကြီးဟစ်ကျယ်ပြောဆိုနေသည့် ။ အလုပ်သမားများသည့် နေပူထဲတွင့် အပူဒဏ်ကိုအံတု၍ အလုပ်လုပ်နေကြသည် ။ လူတစ်ယောက် သုဿန်တွင် ထိုင်နေသည့် သူ၏ရင်သည် ပူလောင်နေသည့် ။ အပြင်လောက၏အပူဒဏ်သည် သူ့ရင်ထဲတွင်ဖြစ်ပေါ်နေသာအပူဒဏ်ကိုမမှီချေ။ လူတစ်ယောက် ထီဆိုင်ရှေ့တွင် ရပ်၍ စိတ်ကူးယဉ်နေသည် သူ၏ အတွေးတွင် ပျော်ရွှင်နေသည် အပြင်လောက၏ အပူဒဏ်သည့် သူ့၏ရင်ထဲတွင်ရှိသောပျော်ရွှင်မှု့ကို မဖျက်ဆီးနိုင်ပေ။ ၀ုန်း……………. လူတစ်ယောက်၏လဲကျသံထွက်လာသည် အပူဒဏ်သည့် သူ၏ ခန္ဓာကိုယ်အားရိုက်ခတ်သွားသည့် သူ့………………… မူးလဲသွားသည့်။ ခလေးတစ်ယောက် အော်ဟစ်၍ငိုနေသည့် …………သူ လက်မှာ ပိုက်များ တပ်ဆင်၍ ဆေးသွင်းထားသည့်အတွက်ဖြစ်သည်။ ကယ်ကြပါဦးဗျို့………………………………….. မီးဗျို့…………………မီး………….. ရပ်ကွက်ထဲတွင် လူများ အထက်ပါကဲ့သို့အော်ဟစ်ပြီးပြေးလွှားလျှက်ရှိသည်။ အကြောင်းအရင်းမှာ အပူချိန်လွန်ကဲမှုများနှင့် လူတို့၏ပေါ့ဆမှုကြောင့် မီးလောင်ခြင်းဖြစ်သည်။ ရာသီဥတုကပူတော့လည်းပူလို့ အေးတော့လည်းအေးလို့ အော် လူတွေရယ် ဘာကြောင်များ ဒီလိုလောဘတွေတက်နေတာလို့များတစ်ခါတစ်ခါစဉ်းစားမိတယ် ။

ထူးထူးခြားခြား ကိုယ့်အကြောင်းကို မှန်အောင်ပြောနိုင်သော အရာ

ကျွန်တော်ဆီကို အလင်းစေတမန်ကနေ စာလေးတစ်စောင်ရောက်လာတယ် ဗျ ကျွန်တော်လည်း အားမှဖတ်မယ်ဆိုပြီး အိမ်ကို ဒေါင်းလာတယ် နောက်တော့လည်း ကျွန်တော် အလုပ်တွေရှုပ်နေတာနဲ့ ကျွန်တော် မဖတ်ဖြစ်ခဲ့ဘူး ဒီနေ့တော့ ကျွန်တော် လည်း အားတာနဲ့ ကျွန်တော် အင်တာနက်ပေါကနေ download လုပ်လာတဲ့ web pages တွေကိုကြည့်မိလိုက်တယ် အဲဒီ မှာ ခုဏကပြောတဲ့ မေးလ်ကိုတွေ့တယ်ဗျ psyco testeing လေးဗျ အဲဒါလေးကို ဖတ်ကြည့်ပြီးစိတ်ဝင်းစားတာနဲ့ သူပြောတဲ့အတိုင်းလုပ်ကြည့်လိုက်တယ် ကျွန်တော့အတွက်ထူးခြားစွာနဲ့မှန်တာကိုတွေ့ရတယ်ဗျ အဲဒါကြောင့် သူငယ်ချင်းတို့လည်း စိတ်ဝင်စားရင်စမ်းသပ်ကြည့်လို့ရအောင် share ပေးလိုက်ပါတယ် ။ကျွန်တော် မူလစာရေးသူရေးတဲ့အတိုင်းပဲပြန်တင်ပေးလိုက်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ copyright ကြောင့် အပြင် စာရေးသူကို လေးစားသမူ့နဲ့ပါ (ကျွန်တော်ရေးလိုက်ရင် မူရင်းအဓိပ္ပါယ်လွဲသွားမှာလည်းကြောက်လို့ပါ ) ။ အားလုံးပဲပျော်ရွှင်နိုင်ပါစေဗျာ………………………….

သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ့ ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။
(အခုဖော်ပြမယ့် အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက်
တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာအတ္တကျော်ရေးသားတင်ပြထားတဲ့အပျင်းပြေ(၂) ဆိုတဲ့ အမေးအဖြေလေးပါ။ စိတ်ပညာဆိုင်ရာ သဘောလေးတစ်ခုလို့ ပြောပါတယ်။ လူ့ စိတ်ကိုစနစ်တ ကျစမ်းသပ်တာတစ်မျိုးလို့ ပြောနိုင်ပါတယ်တဲ့။အပျင်းပြေလေးနဲ့  ပျော်စရာကောင်းလို့ ကျမသူငယ်ချင်းတစ်ယောက်ကကျမကိုစမ်းသပ်မေးပါတယ်။ သူပြောတဲ့ အတိုင်းဘာမှ မသိပဲ လိုက်ဖြေကြည့်မိတယ်။အဖြေတွေအား လုံးနီးပါးတိုက်တိုက်ဆိုင်မှန်ကန်နေခဲ့ပါတယ်။ ဒီဟာလေးကိုသဘောကျလို့ဂျာနယ်ရှာပြီး သိမ်းထားခဲ့တာပါ။ တစ်ခါတစ်ခါ မသိသေးတဲ့သူငယ်ချင်းတွေနဲ့မေးစမ်းကြည့် တော့လဲ မှန်ပါတယ်။ မညာဖို့ နဲ့ သူများသိမှာစိုးရိမ်ရင်တစ်ယောက်ထဲ ဖြေကြည့်နော်။နံပါတ်စဉ်လေးတွေ ညွှန်းတာနဲ့ တစ်ချို့ ပြောချင်တာလေးတွေကိုနည်းနည်းပြင်ရေးထားပါတယ်။ ကျန်တာအားလုံးကတော့ အရင်းအတိုင်းပါပဲ။ သူငယ်ချင်းတွေကိုသတိရလို့ ပျော်ရအောင်ရည်ရွယ်ပြီး အင်း . . . အညောင်းခံပြီး၊ ပြန်ရိုက်လို
့တင်ပြလိုက်ပါတယ်နော်။သူငယ်ချင်းတို့ ပြောတဲ့အတိုင်းလုပ်နော်။ လောလောဆယ်ဘောပင်နဲ့ စာရွက်သာအမြန်ယူထားလိုက်တော့။
* * * * * * * * * *
သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ပျော်တယ်လို့ 
စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို့ လိုမှာပါ။
ဒါပေမယ့် ပျော်စရာလေးပါ။အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို့ ပါပဲ။ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ့ လှည့်ဖျားမယ်ဆိုင်တော့
အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက်
နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန်ယူပြီးဒါလေးကို
စမ်းကြည့်ပါ။ ကောင်းကောင်းကြီးပျော်သွားရပါစေမယ်။သည်စာကို ပို့ လိုက်တဲ့သူကပြောတယ်။ သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ့ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ ဒါပေမယ့် မညာကြေး၊ မလိမ်ကြေးနော်. . .။ပျော်စရာလည်းကောင်း ၊ အံ့သြစရာလည်းကောင်းတဲ့ အဖြေတွေပေါ်လာလိမ့်မယ်။
သည်နေရာကစပြီး တစ်ကြောင်းမှကျော်မဖတ်ပါနဲ့ ၊ သူ့ အစီအစဉ်အတိုင်းဖတ်ရင်းလုပ်သွားပါ။

ကိုင်း . . . စလိုက်ကြရအောင်။

ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ့ မင်တံတစ်ချောင်းယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊
ခဲတံဖြစ်ဖြစ်ပေါ့။ ရေးလို့ ထင်ရင်ပြီးတာပဲနော့ ။သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ့ တကယ်သိကျွမ်းနေတဲ့သူ၊ ရင်းနှီးတဲ့သူတွေကိုသာရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ့ ပထမဆုံးပေါ်လာတာတွေကိုသာ ချရေးပါနော်။ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။လုံးဝကျော်မဖတ်နဲ့ ၊ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။

စပါပြီ . . .

(က) ရှေ့ ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။
နံပါတ်စဉ်ထိုးတဲ့ သဘောပါ။
နမူနာ - 1
2
3
4
5
6
7
8
9
10
11
(ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)

(ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)

(ဃ) နံပါတ် 3 ဘေး နဲ့  နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန့် ကျင်ဘက်များရဲ
့နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊
မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက်နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊
မြန်မြန်လေး)

ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ့ နော်၊ ကျော်ဖတ်ရင်
အားလုံးလွဲကုန်ပါလိမ့်မယ်။
ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို့ ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။

(င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊
သူငယ်ချင်းထဲကဖြစ်ဖြစ်
ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။
(အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။

သတိပေးချင်ပါသေးတယ်။ အလိမ်နဲ့ ၊ မညာနဲ့ နော်။ လိမ်ညာမိရင်နောက်မှ
နောင်တရနေလိမ့်မယ်။

(စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ့  11 ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ
ခံစားမိသလို ဖျတ်ကနဲပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ့ )

(ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။

အားလုံးသေချာပြီဆိုရင်တော့အဖြေတွေကို ကြည့်လိုက်တော့နော်


အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို

နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ
သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း
တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို့ ပြောချင်တယ်
နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်)

နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ့ လား)

နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ
့သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။

နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊
အလေးပေးမိဆုံးပါတဲ့။

နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည်
သူပေပဲပေါ့။

နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။

နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ
့လိုက်ဖက်တဲ့ သီချင်းလေးပါ။

နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။

နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို
အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။

နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘ၀ခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။

* * * * * * * * * *

ကဲ သူငယ်ချင်းတို့ ရေ နည်းနည်းတော့ဆန်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အပျင်းပြေလေးနဲ့ ကျေနပ်မယ်ဆိုရင် ဒီစာလေးကိုပြန်ရိုက်ပြီးဖော်ပြရ
ကျိုးလေးနပ်ပြီ။ ကျေးဇူးတင်ပါတယ်။)
ကိုရင်သာဂိ

Thursday, April 29, 2010

GOOGLE သို့မဟုတ် ကျွန်တော်တို့အားသင်ကြားပေးနေသော ဆရာတစ်ဦး



ယနေ့ အင်တာနက်ကိုလူတွေ တွင်တွင်ကျယ်ကျယ်သုံးလာတာ သိပ်တော့မကြာသေးကြပေမယ့် အသုံးပြုတဲ့ လူတွေတော်တော်များများဟာ Google နဲ့တော့ စတင်ထိတွေ ကြဖူးမယ်လို့ ယုံကြည်ရပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့ လိုအပ်သမျှသော နည်းပညာတွေ အသိပညာတွေကို လွယ်ကူစွာ ရှာဖွေဖို့အတွက် Google မှနေ၍ ထောက်ပံပေးထားပါတယ် နောက်ပြီး ကျွန်တော်တို့ အင်တာနက်သုံးရာမှာလိုအပ်တဲ့ services တွေဖြစ်တဲ့G-mail, G-talk,Blogger,Picasa တို့အပြင် လူသုံးများတဲ့ Google News , Google Video and You Tube တို့ဟာ Google ကနေတည် ဆောက်ပေးထားတဲ့ ၀န်ဆောင်မှုတွေ ဖြစ်ပါတယ် အားလုံးအတွက် ၀န်ဆောင်မှုကတော့ Free ပါ ။ ဒါပေမယ့် ဗျာ G-mail သုံးတယ်ဆိုရင်တော့ mail ထဲမှာ ကြောငြာ Link လေးတွေ တော့ နည်းနည်းပါးပါးလေး တော့ဖေါ်ပြလိမ့်မယ် ဒီလောက်လေးကတော့ဗျာ လက်ခံနိုင်ဖွယ်ရာအကြောင်းတော့ရှိပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ကလည်းသူ့ဆီက ၀န်ဆောင်မှုတွေတော် တော်များကို အသုံးချနေတာကိုးဗျ ။ Googleကို တကယ်သာလေ့ လာကြည့် မယ်ဆိုရင် professional တစ်ယောက်တောင် ဖြစ်သွားနိုင်တယ်ဗျ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ Google ကြီးက professional တစ်ယောက်ဖြစ်နိုင်ဖို့အ တွက်လိုအပ်တဲ့ Tools တွေအကုန်လုံးကို အလကားပေးထားတယ်ဗျ ။ ကဲ…… အဲဒီတော့ ဘာလိုသေးလဲ ။ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်ဖို့ပဲ ကျန်တော့တယ် ။ တစ်နေ့ တစ်နေ့ ကျွန်တော်တို့ လူငယ်တွေဟာ အင်တာနက်ပေါ်မှာ အကျိုးမဲ့စွာအချိန်ကုန်နေလေ့ရှိပါတယ် ။ အဲဒါကိုတွေကိုပြုပြင်ပြောင်းလဲဖို့ကို အရမ်းပဲ လိုအပ်နေပါတယ် ။ အဲဒီအတွက် အင်တာနက်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် အင်တာနက်ကိုဘယ် လိုသုံးမလဲ ဆိုတာကို အခြေခံအားဖြင့် သိရှိနားလည်ဖို့လိုပါတယ် ။ အဲဒီအတွက် ကျွန်တော်တို့တွေဟာ အင်တာနက် ကိုဘယ် လိုသုံးနေကြသလဲ ဘယ်လိုသုံးနိုင်သလဲဆိုတာကို အတတ်နိုင်ဆုံးကြိုးစားပြီး ဖော်ပြထားပါတယ် ။ ဒါဟာ ကျွန်တော်တတ်နိုင်သမျှလေ့လာလို့ရရှိသမျှနည်းပညာဗဟုသုတတွေကိုမျှဝေပေးခြင်းဖြစ်ပါတယ်။လိုအပ်ချက်များ လည်းရှိကောင်း ရှိနိုင်ပါတယ် ထို့အတွက်နား လည်းပေးနိုင်ကြလိမ့်မယ် လို့တော့ မျှော်လင့်ပါတယ် ။
ကျွန်တော်တို့ လူငယ်တွေဟာ အင်တာနက်ကို တစ်နေတာသုံးတဲ့ နေရာမှာအောက်ပါအ ချက်ခြောက်ချက်ကို အခြေခံပြီး အသုံးပြုလေ့ရှိပါတယ် ။ အဲဒီအချက်ခြောက်ချက်က တော့ ဗျာ…………………………………….

(၁) အင်တာနက်ပေါ်ကနေသင်ယူခြင်း ( leraning from Internet)
(၂) ဆက်သွယ်ရေး (communication )
(၃) ဖျော်ဖြေရေး ( Entertainment)
(၄) မိတ်ဆွေအပေါင်းအသင်းတွေနှင့် ဆက်သွယ်ခြင်း ( Social Networking )
(၅) အသိပညာတွေကိုမျှဝေပေးခြင်း ( Knowledge Sharing )
(၆) အလုပ်အကိုင် ရှာဖွေခြင်း ( work ) အတွက်တို့ဖြစ်ကြပါတယ် ။
ကျွန်တ်ေတို့ အဲဒီလို့ အသုံးပြုနေခြင်းအတွက် ကျွန်တော်တို့ရဲ့ဆရာကြီးဖြစ်တဲ့ Google က ဘယ်လို့ထောက်ပံပေးသလဲ ။ ဘယ်လိုခရီးရောက်အောင် ပို့ဆောင်ပေးသလဲ ……………..?????

(၁) အင်တာနက်ပေါ်ကနေသင်ယူခြင်း ( Learning From Internet )
ကဲ ကျွန်တော်တို့ကိုအင်တာနက်ပေါ်ကနေ သင်ယူနိုင်အောင်Google ကနေ ဘယ်လိုထောက်ပံ့ ပေးထားသလဲ………………ကျွန်တော်တို့ဟာ အင်တာနက်ကိုစသုံးပြီဆိုရင် အရင်ဆုံး G-talk အဲ Google ကိုသုံးဖို့အရင်ဆုံးသင်ရပါတယ် ။ ဟုတ်ပါတယ် ကျွန်တော်တို့တွေဟာ အင်တာနက်ကိုစပြီးအသုံးပြုမယ်ဆိုတာနဲ့ အရင်ဆုံးအနေနဲ့ Google ကိုသိကိုသိရပါတယ် ။ အားလုံးပဲ ဒီအထဲမှာ Google ကိုမသိတဲ့ သူတွေများပါသေးလား ။ မသိဘူးဆိုရင် တော့ အခုချက်ခြင်း ဒီအနီးအနားမှာရှိတဲ့ အင်တာနက်ဆိုင်ကိုသွားပြီးတော့ Mozilla Firefox ကိုခေါ် ပြီးတော့ Google လို့သာရိုက်ကြည်ပေါ့ဗျာ ။ ကျွန်တော်ပြောတဲ့ဆိုဒ်လေးကိုတွေ့ရပါလိမ့်မယ်(ကဲဘယ်လောက်လွယ်လဲ)။ အင်တာနက်ပေါ်ကနေ ဘယ်လိုသင်ယူနိုင်မလဲဆိုတာက တစ်ကယ်တမ်းတော့အရမ်းကြီးကိုခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့လည်း သင်တန်းတွေ ဘာတွေတက်ပြီး ဆရာကြီးတွေ ဖြစ်လာတာမှမဟုတ်တာ ဗျာ (အဟဲ….ငါကွ) ။ အဲဒီတော့ တဖြည်းဖြည်းနဲ့ လေ့လာ သွားရတာပဲဗျ ပြောချင်တာက များနေပြီး လိုရင်းကိုမရောက်တော့ဘူးဗျာ ။ Google ကနေကျွန် တော်တို့ကိုအင်တာနက်ပေါ်မှာ လွယ်ကူစွာ လေ့လာဖို့အတွက် ဘယ်လိုများထောက်ပံ ပေးထားသလဲဆိုတော့ ကျွှန်တော်တို့တွေလိုချင်တဲ့ သတင်းအချက်အ လက်တွေကိုရှာဖွေဖို့အတွက် Google Serch engine ကြီးတစ်ခုကိုတည်ဆောက်ပေးထားပါတယ် ကျွန်တော်တို့ အတွက်လိုအပ်တဲ့ရှာ ဖွေမှုတွေကို အပြည့်စုံ ဆုံးရှာဖွေပေးနိုင်ပါတယ် အဲဒီအတွက် ကျွန်တော်တို့ဟာ အချိန်ကုန်ဆုံးမှုတွေတော်တော်များ ကိုသက်သာ သွားပါတယ် ။ အဲဒီတော့ဗျာ ကျွန်တော်တို့ အင်တာနက်ကိုသုံးတော့ မယ်ဆိုရင် အခြားအရာ တွေနဲ့သာ အချိန်ကုန်မယ့်အစား ကိုယ်လိုချင်တာလေးတစ်ခုကို ဘယ်လိုရှာဖွေမလဲဆိုပြီး စမ်းသပ်ကြည့် နေကြမယ်ဆိုရင် ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ အချိန်တွေ ဖြစ်လာမယ်ဆိုတာကို ကျွန်တော်ရဲရဲကြီး အာမခံနိုင်ပါတယ် ။ နောက်ပြီးတော့ကျွန်တော်တို့ ဟာ အင်တာနက်ကို သတင်းတွေဖတ်ဖို့ အသစ်အသစ်သော နည်းပညာ တွေကိုရှာဖွေလေ့လာဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ် ။ နောက်ဆုံးဖြစ်ပေါ်နေတဲ့ သတင်း တွေကိုဖတ်ဖို့ ဘယ်လိုလုပ်ရမလဲ….? Google ကနေပြီးတော့ ကျွန်တော်တို့ အတွက် အသစ်သစ်သော သတင်းတွေ ကိုဖတ်ဖို့အတွက် ဘယ်လို ထောက်ပံပေးထားသလဲ …………? ။ ဟုတ်ကဲ့ ကျွန်တော်တို့တွေ အတွက်လိုအပ်တဲ့ သတင်းအချက် အလက်တွေကို အချိန်နဲ့တပြေးညီ ဖော်ပြဖို့အတွက် Mr.Goolge ကြီးမှနေ၍ Google News လို့ခေါ်တဲ့ ၀န်ဆောင် မှု့လေးတစ်ခုကို ဖန်တီးပေးထားပါတယ် ။ အဲဒီဝန်ဆောင်မှုလေးမှာ အချိန်နဲ့တပြေးညီ ကမ္ဘာနဲ့အ၀န်း ဖြစ်ပျက်သမျှသတင်း တွေကိုဖေါ်ပြပေးနေပါတယ် ။ သတင်းWebsite ပေါင်းမြောက်မြားစွာကို သွားကြည့်ဖို့မလိုတော့ပါဘူး ဘယ်သတင်းက အထူးခြားဆုံးလဲ အဲဒီသတင်းကို ဘယ်ဆိုဒ်မှာ ဖေါ်ပြပေးသလဲ ဆိုတာကို အချိန်နှင့်အမျှ ဖော်ပြပေးနေတဲ့အတွက် ကျွန်တော့်အတွက်တော့ အလွန်တရာပင် အသုံးဝင်တဲ့ ၀န်ဆောင်မှုလေးတစ်ခုဖြစ်ပါတယ်။ ကဲ………….ဒုတိယအချက် ကိုဆက် ပြီးကြည့်ရအောင်ဗျာ။
(၂)ဆက်သွယ်ရေး (Communication)
ဆက်သွယ်ရေး နဲ့ပတ်သက်လို့ Google ကနေကျွန်တော်တို့ကိုဘယ်လို ထောက်ပံပေးထား သလဲဆိုတော့ ကျွန်တော်တို့ အင်တာနက်သုံးတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ အရာလေးတစ်ခုရှိပါတယ် အဲဒါက ဘာလဲဆိုတော့ E-mail account လေးတစ်ခုပါ အဲဒီအရာလေးရှိမှသာလျှင် ကျွန်တော်တို့ ဟာ အင်တာ နက်ပေါ်မှာ သတင်းရှာတာတွေ သူငယ်ချင်းအချင်းချင်း ဆက်သွယ်တာတို့ ဘာတို့ညာတို့ပေါ့ ဒါအပြင် ကျွန်တော်တို့ဟာ Social Network တို့ Blog တို့တွေ နောက်ပြီးတော့ Website ထောင်တာတွေ လုပ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီ E-mail လို့ခေါ်တဲ့အရာလေးရှိမှသာလျှင် ကျွန်တော်တို့ဟာ လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ။ Google ကကျွန်တော်တို့ကို အဲဒီအရာနဲ့ပတ်သက်ပြီး ဘာတွေကို ထောက်ပံပေးထားသလဲ ။ ကျွန်တော်တို့ စွယ်စုံသုံးနိုင်တဲ့ E-mail service လေးတစ်ခုကိုထောက်ပံပေးထားပါတယ် ။ အဲဒါကို G-mail သို့ Google mail လို့ ခေါ်ပါတယ် အခြားနိုင်ငံတွေမှာ အခြား web services တွေပေးတဲ့ website တွေအများကြီးခတ်စားပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ အင်တာနက်သုံးစွဲသူတိုင်းဟာ G-mail account လေးတစ်ခုမှမရှိရင် ခတ်မမှီတော့တဲ့ အနေအထားရောက်နေပါပြီ ။ Google mail မှာ E-mail service အပြင် G-talk လို့ခေါ်တဲ့ software လေးတစ်ခုကို ကိုယ်စက်ထဲမှာ သွင်းပြီး ကိုယ်ရဲ့သူငယ်ချင်းတွေနဲ့ လွယ်ကူစွာ စကားပြောဆိုဆက်သွယ်နိုင်ပါတယ် ။ နောက်ပြီးတော့ တယ်လီဖုန်းလိုမျိုးကိုယ်ရဲ့သူငယ်ချင်းတွေနဲ့ အင်တာနက် ပေါ်မှာစကားပြောနိုင်တဲ့ ၀န်ဆောင်မှုတစ်ခုကိုလည်း အခမဲ့ပေး ထားသေးတယ် ။ အပွင့်လင်းဆုံးဝင်ခံရရင် Google ဟာ ကျွန်တော်တို့ကို အဆင်အတန်းလေး တစ်ခုဖြစ်လာ အောင်လို့ လိုအပ်တဲ့အရာအားလုံးကို ဖန်တီးပေးထားတဲ့အပြင် ကျွန်တော်တို့ရဲ့ အင်တာနက်ပေါ်မှာ နေထိုင် ဘ၀တွေကိုရှင်သန် ဖို့အတွက်လိုအပ်တဲ့ Tool တွေအားလုံးကို ဖန်တီးပေးထားပါတယ် ။ G-mail ဆိုတာဟာ ကျွန်တော်အတွက်တော့ အတတ်ပညာအားလုံးကို ရှာဖွေဖို့အတွက် ပေါင်းကူးပေးထားတဲ့ တံတားလေးတစ်ခုလို့ပါပဲ ကျွန်တော်လိုအပ်သမျှအရာ အားလုံးကို အဲဒီတံတားလေးကိုကျော်ဖြတ်ပြီး ကျွန်တောသွားချင်တဲ့ပန်းတိုင်ကို ရောက်အောင် သွားရောက်နိုင် တဲ့အရာလေးတစ်ခုဖြစ်ပါတယ် ။ ကျွန်တောတို့ အင်တာနက်သုံးတဲ့လူတိုင်းမှာ G-mail လေးတစ်ခုစီ တော့ရှိကြပါတယ် ။ အဲဒီအရာလေးကိုသာ အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် အလွန်တရာမှ အသုံးဝင်တဲ့ tools လေးတစ်ခုပဲကိုပြောရင်း နောက်ထပ် တစ်ခုကိုပြောရအောင်ဗျာ ။ (ကျွန်တော်ပြောတာတွေဟာအချို့သော စာဖတ်သူတွေ အတွက် အလွန် တရာမှပျင်းရိဖွယ် ရာကောင်းပေမယ့် နည်းနည်းလေး တော့ကျွန်တော့ကို ခွင့်လွှတ်ပေး စေချင်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ အခုမှ အင်တာနက်စသုံးသူ တွေအတွက် အသိပညာလေး နည်းနည်းပါးပါး လေးလောက် ရသွားနိုင်မယ်ဆိုရင် ကျွန်တော် ရေးရကြိုးနပ်ပါပြီးဗျာ ကျွန်တော် အခုလိုအကျယ်တ၀န့် ရှင်းပြနေရတဲ့ အကြောင်း အရင်းလေးကို နားလည်းပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ် )
(၃) ဖျော်ဖြေရေး (Entertainment)
တတိယအချက်နေနဲ့ကျတော့ကျွန်တော်တို့တွေဟာ အင်တာနက်ကို ဖျော်ဖြေရေးအနေနဲ့ အသုံးပြုလေ့ ရှိကြပါတယ် ။ ဖျော်ဖြေရေးအနေနဲ့ ကျွန်တော်တို့တွေဟာ ရုပ်ရှင်တွေ ကြည့်တာတို့ သီချင်းနားထောင် တာတို့ကိုလုပ် လေ့ရှိကြပါတယ် အဲဒီလိုအပ်မှုတွေ ကိုဘယ်လိုဖြည့်ဆည်းပေးထားသလဲဆိုရင်Google ကနေကျွန်တော်တို့ကို ရုပ်ရှင်တွေ ကြည့်ဖို့အတွက် Youtube ဆိုတဲ့ Video ၀န်ဆောင်မှုကို ဖန်တီးပေးထားတဲ့အပြင် မလုံလောက်မှာစိုးလို့ Google Video လို့ခေါ်တဲ့ ၀န်ဆောင်မှု့လေးတောင်ဖန်တီးပေးထားသေးတယ်ဗျာ ။ တစ်နေ့တစ်နေ့ ကျွန်တော်တို့တွေဟာ အင်တာနက် ပေါ်မှာ လေ့လာစရာတွေနဲ့ပြည့်နှက်နေတဲ့အတွက် Mr.Google က ကျွန်တော်တို့ကို အပန်းပြေစေရန်အလို့ငါ ရုပ်ရှင်တွေ ဟာသတွေ ထူးဆန်းထွေလာတွေ နောက်ပြီးတော့ ထွေရာလီရာလေးတွေပေါ့ဗျာ။ Youtube ဆိုရင် ကိုယ်ပိုင်TV line လေးတောင်ထောင်ထားလို့ရသေးတယ် ။ ကိုယ့်ရဲ့အမှတ်ရလေးတွေကို သူများတွေလည်းကြည့်ရအောင် တင်ထားပေးလို့ရ သေးတယ်နောက်ပြီးသူငယ်ချင်းတွေ နဲ့အချင်းချင်း video လေးတွေမျှဝေပေးလို့ရတယ် နောက်ပြီး အဲဒီ You Tube ကရှာ ကြည့်မယ်ဆိုရင်နောက်ဆုံးပေါ် MTVတွေ Moviesတွေ သီချင်းတွေကိုလည်း အခမဲ့ကြည့်နိုင်တယ်ဗျ ။ ကျွန်တော်တို့မြန်မာနိုင်ငံက ကွန်နက်ရှင်နဲ့ဆိုရင်တော့ ကြည့်ဖို့ နည်းနည်းလေးတော့ အဆင်မပြေဘူးဗျ ဘာဖြစ်လို့လည်း ကျွန်တော်တို့ မှ ကွန်နက်ရှင် ကနည်းနည်းလေး ကိုနှေး နေလို့ဗျ ။ အကယ်၍ ကြည့်ချင်တယ်ဆိုရင်တော့ ကျော်ခွပြီး ကြည့် downloaderတွေနဲပဆွဲ အဲဒါဆိုရင်တော့ ကြည့်လို့အဆင်ပြေပါတယ် ။ သူက Google ပိုင်တဲ့ ကုမ္မဏီဆိုပေမယ့် ကျွန်တော်တို့ရဲ့
လည်းရှိကောင်း ရှိနိုင်ပါတယ် ထို့အတွက်နား လည်းပေးနိုင်ကြလိမ့်မယ် လို့တော့ မျှော်လင့်ပါတယ် ။
ကျွန်တော်တို့ လူငယ်တွေဟာ အင်တာနက်ကို တစ်နေတာသုံးတဲ့ နေရာမှာအောက်ပါအ ချက်ခြောက်ချက်ကို အခြေခံပြီး အသုံးပြုလေ့ရှိပါတယ် ။ အဲဒီအချက်ခြောက်ချက်က တော့ ဗျာ…………………………………….
(၁) အင်တာနက်ပေါ်ကနေသင်ယူခြင်း ( leraning from Internet)
(၂) ဆက်သွယ်ရေး (communication )
ရှာဖွေဖို့အတွက် Google မှနေ၍ ထောက်ပံပေးထားပါတယ် နောက်ပြီး ကျွန်တော်တို့ အင်တာနက်သုံးရာမှာလိုအပ်တဲ့ services တွေဖြစ်တဲ့G-mail, G-talk,Blogger,Picasa တို့အပြင် လူသုံးများတဲ့ Google News , Google Video and You Tube တို့ဟာ Google ကနေတည် ဆောက်ပေးထားတဲ့ ၀န်ဆောင်မှုတွေ ဖြစ်ပါတယ် အားလုံးအတွက် ၀န်ဆောင်မှုကတော့ Free ပါ ။ ဒါပေမယ့် ဗျာ G-mail သုံးတယ်ဆိုရင်တော့ mail ထဲမှာ ကြောငြာ Link လေးတွေ တော့ နည်းနည်းပါးပါးလေး တော့ဖေါ်ပြလိမ့်မယ် ဒီလောက်လေးကတော့ဗျာ လက်ခံနိုင်ဖွယ်ရာအကြောင်းတော့ရှိပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ကလည်းသူ့ဆီက ၀န်ဆောင်မှုတွေတော် တော်များကို အသုံးချနေတာကိုးဗျ ။ Googleကို တကယ်သာလေ့ လာကြည့် မယ်ဆိုရင် professional တစ်ယောက်တောင် ဖြစ်သွားနိုင်တယ်ဗျ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ Google ကြီးက professional တစ်ယောက်ဖြစ်နိုင်ဖို့အ တွက်လိုအပ်တဲ့ Tools တွေအကုန်လုံးကို အလကားပေးထားတယ်ဗျ ။ ကဲ…… အဲဒီတော့ ဘာလိုသေးလဲ ။ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်ဖို့ပဲ ကျန်တော့တယ် ။ တစ်နေ့ တစ်နေ့ ကျွန်တော်တို့ လူငယ်တွေဟာ အင်တာနက်ပေါ်မှာ အကျိုးမဲ့စွာအချိန်ကုန်နေလေ့ရှိပါတယ် ။ အဲဒါကိုတွေကိုပြုပြင်ပြောင်းလဲဖို့ကို အရမ်းပဲ လိုအပ်နေပါတယ် ။ အဲဒီအတွက် အင်တာနက်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် အင်တာနက်ကိုဘယ် လိုသုံးမလဲ ဆိုတာကို အခြေခံအားဖြင့် သိရှိနားလည်ဖို့လိုပါတယ် ။ အဲဒီအတွက် ကျွန်တော်တို့တွေဟာ အင်တာနက် ကိုဘယ် လိုသုံးနေကြသလဲ ဘယ်လိုသုံးနိုင်သလဲဆိုတာကို အတတ်နိုင်ဆုံးကြိုးစားပြီး ဖော်ပြထားပါတယ် ။ ဒါဟာ
ယနေ့ အင်တာနက်ကိုလူတွေ တွင်တွင်ကျယ်ကျယ်သုံးလာတာ သိပ်တော့မကြာသေးကြပေမယ့် အသုံးပြုတဲ့ လူတွေတော်တော်များများဟာ Google နဲ့တော့ စတင်ထိတွေ ကြဖူးမယ်လို့ ယုံကြည်ရပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့ လိုအပ်သမျှသော နည်းပညာတွေ အသိပညာတွေကို လွယ်ကူစွာ

Tuesday, April 6, 2010

အတွေးများနှင့်ရောက်တတ်ရာရာ


ဒီ blog လေးက ကိုရင်သာဂိအတွက် ဒိုင်ယာရီလေးတစ်ခုပါပဲ။ ကိုယ်ဘာလုပ်ခဲ့လည်း ဘာတွေကိုတွေ့ကြုံခဲ့လည်းဆိုတာတွေအတွက် မှတ်တမ်းလေးတစ်ခုအဖြစ် သိမ်းဆည်းထားတဲ့အရာ လေးအဖြစ်ကျွန်တော် သတ်မှတ်ထားတာပါ။ ဒီဆိုဒ်လေးကြောင့် ကိုရင်သာဂိဆိုတာလေးဖြစ်လာတာပါ။ ကျွန်တော်ဒီဆိုဒ်ကိုစပြီးဆွဲတော့ ကိုရင်သာဂိတို့တက်တဲ့ကျောင်းက assignment တစ်ခုအနေနဲ့ လုပ်ခဲ့ရတာပါ ။ နောက်တော့လည်း ရေးရင်း ရေးရင်းကနေပြီးတော့ ၀ါသနာပါသွားတာ ။ နောက်တော့လည်းကျောင်းပြီးသွားတော့ တာဝန်တစ်ခုအနေနဲ့မဟုတ်ပဲ ၀ါသနာအရ ရေးဖြစ်သွားတာပါ။ ဒီဆိုဒ်လေးက ကျွန်တော်အတွက်တော့ ဘ၀ရဲ့မှတ်တိုင်တစ်ခုလိုပါပဲ။ ဒီဆိုဒ်လေးကိုအရင်းပြုပြီး မိတ်ဆွေတွေလည်းရခဲ့တယ် ။နောက်ပြီးအပေါင်းအသင်းတွေ အသင်းအဖွဲ့တွေမှာလည်း ပါဝင်ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါဟာ ကျွန်တော်ရဲ့ဘ၀ပါပဲ။ ကွန်ပျူတာကိုသင်တန်းမှာသင်တာတော်တော်လေးကိုကြာခဲ့ပေမယ့် ကွန်ပျူတာလောကလူတွေကိုသိတာ လပိုင်းလေးပဲရှိပါသေးတယ်။ အရင်တုန်းက Blogger ဆိုတာလေးကို Service + ကမိတ်ဆက်ပေးလို့ နည်းနည်းပါးပါးလေးနားလည်ပေမယ့် မသုံးဖြစ်ခဲ့ဘူး ။ နောက်တော့ Myanmar Egress မှာသတင်းထောက်သင်တန်းဖွင့်တယ်ဆိုလို့သွားတက်လိုက်တယ် ။အဲဒီမှာ ကိုရင်သာဂိတို့က Blogging ကို subject တစ်ခုအနေနဲ့သင်ရတယ် ။ နောက်ပြီး ကိုရင်သာဂိနဲ့သင်တန်းမှာ အမြဲတွဲနေတဲ့သူငယ်ချင်းက Blogger ဆိုတော့ ကိုရင်သာဂိလည်း သူ့ရဲ့ အကူအညီနဲ့ ပဲ ဒီဆိုဒ်လေးကိုတည်ဆောက်ဖြစ်တာပေါ့ဗျာ။ ကျွန်တော်ကို စာရေးဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။ ကျွန်တော်ကိုရင်သာဂိဆိုတာဖြစ်လာဖို့ဆိုရင်သူ ကူညီခဲ့တာတွေလည်းမနည်းပါဘူး။ အဲဒီ blogger က yangonese.wordpress.com နဲ့ ရေးတယ်ဗျာ သူ့ကိုလူအများကတော့ Yangonese လို့တော့သိကြတာပဲ။ ကျွန်တော်ရဲ့ ဆရာလို့လည်းပြောလို့ရတယ် နောက်ပြီးသယ်ရင်းလို့လည်းပြောလို့ရတယ်။
အော် ကျွန်တော်တစ်ယောက်လည်း ရောက်တတ်ရာရာလိုပပြောထားလို့ပဲနော် အဲဒီလိုသာမပြောထားဘူးဆိုရင် ဖတ်ရတဲ့သူတွေက တစ်မျိုးကြိးဖြစ်နေမှာပေါ့ဗျာ။ လူတွေရဲ့စိတ်ဆိုတာ အဲဒီလိုမျိုးပဲ တစ်ခါတစ်လေကျရင် ပြောနေတာက တစ်မျိုး ရေးနေတာကတစ်မျိုး တွေးနေတာကတစ်မျိုး တစ်ခုတည်းကို စိုက်လိုက်မတ်တပ် လုပ်ဖို့ဆိုတာ တစ်ကယ်ကိုတော်တဲ့လုတွေမှလုပ်နိုင်ကြတာပါ ။ ကျွန်တော် ဒီpost ကိုရေးတော့ အေးအေးဆေးဆေးထိုင်ရေးနေတာတော့မဟုတ်ပါဘူး စာလေးတစ်ကြောင်းနှစ်ကြောင်းလောက်ရိုက်လို်က် အဖေကခေါ်လို့သွားလိုက် အစ်မေက ခိုင်းလို့ သွားလုပ်လိုက် အော် အလုပ်ကိုရှုပ်နေတာပဲ အဲဒီလောက်အလုပ်ရှုနေတာတောင် ရောက်တတ်ရာရာတွေးနိုင်သေးတဲ့ စိတ်ဆိုတဲ့အရာကို တော်တော်လေးကို ကြိုက်သွားပြီ ။ အခုလောလောဆယ်တော့ စာရေးနေတုန်း မှာနားထောင်နေတဲ့သီချင်းက ချမ်းချမ်းရဲ့အချစ်ပဲလိုတယ်ဆိုတဲ့သီချင်း လေးပေါ့။ တစ်ကယ်ခံစားပြီးနားထောင်ကြည့်ရင်တော့ စိတ်ကူးယှဉ်တတ်တဲ့သူတွေအတွက်တော့ ဒီသီချင်းလေး က တော်တော်လေးကိုနားထောင်လို့ကောင်းမှာပဲ ကျွန်တော်အတွက်တော့ ဒိသီချင်းလေးက တော်တော်လေးကိုနားထောင်လို့ကောင်းပေမယ့် အပြင်မှာတစ်ကယ်တမ်း သာ အဲဒိအတိုင်းဆိုရင်တော့ မဖြစ်ဘူးလို့တော့တွေးမိတယ်ဗျာ ။ သူကဘာဆိုထားလဲဆိုတော့ သတ္တိမရှိဘူးလားမောင်ရယ်တဲ့ တစ်ကယ်ဆိုရင်အချစ်ပဲလို့တယ် တဲ့ ကျွန်တော်တော်တော်လေးကိုစဉ်းစားသွားတယ် တစ်ကယ်ဆို အချစ်ပဲလိုတယ်ဆိုရင် အိမ်ထောင်ပြုကြမယ်ဆိုရင် အချစ်တစ်ခုတည်းနဲ့တည်ဆောင်ကြည့်ရင် မှားနိုင်တယ်လို့တော့ ကျွန်တော်ယူဆမိပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ချစ်ကြတယ်ဆိုတဲ့အရာက ဆယ်ကျော်သက် တွေရဲ့ ဘ၀အတွေ့အကြုံတစ်ခုပါ ။ ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာလည်း အဲဒီအချစ်ကိုရှေ့တမ်းတင်မှုကြောင့် ဘ၀ပျက်သွားတဲ့သူငယ်ချင်းတွေလည်းတောတော်များများကို တွေခဲ့ဘူးပါတယ် ။ အဲဒီတော့ ကျွန်တော်စဉ်းစားကြည့်ပါတယ် အိမ်ထောင်တစ်ခုကိုတည်ထောင်တော့မယ်ဆိုရင် အချစ်ပဲလိုတာလား ………… ဒါဟာ ကျွန်တော်အတွက် အလွန် ပဲ ခက်ခဲ့တဲ့ ပုဒ်စာတစ်ပုဒ်ဖြစ်ခဲ့လို့ပါပဲ ဗျာ ………………ကျွန်တော်ရင်ထဲမှာ ခဏတာဖြစ်သွားခဲ့တဲ့ရောက်တတ်ရာရာတွေပါဗျာ…………………
ကိုရင်သာဂိ

Saturday, April 3, 2010

Ubuntu စသုံးခြင်း


ကိုရင်သာဂိတစ်ယောက် လယ်တောလေးဝယ်ပြီးတော့ ubuntu လေးစမ်းပြီးတင်ကြည့်တယ်ဗျ
တော်တော်လေးကိုသုံးလို့အဆင်ပြေတယ် ဗျ ။ ဒီ OS က Free ရတယ် နောက်ပြီးတော့အိမ်တာရာရောက်ပို့ပေးတယ်ဗျ နိုင်ငံခြားမှာဆိုရင်ပေါ့ဗျာ ။ ရန်ကုန်မှာဆိုရင်တော့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ ဆက်သွယ်ရေးရုံးကိုသွားပြီးထုတ်ရတယ် ဗျ ပိုက်ဆံကတော့ စုစုပေါင်းဂျာနယ်ပါဝယ်မယ်ဆိုရင် တစ်ခွေကို ငါးရာကျော်ကျော်လေးပဲကျတယ်ဗျ ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ အပြင်မှာ Copy CD တစ်ခွေကိုငါးရာပေးနေရတာနဲ့စာရင်တော့တော်တော်လေးကိုတန်ပါတယ် ။မူရင်းအခွေကိုရလို့။ Ubuntu ကိုမှာမယ်ဆိုရင် shipit.ubuntu.com မှာ ၀င်ပြီးမှတ်ပုံတင်လုပ်ပြီး မှာနိုင်ပါတယ် နောက်ပြီး စာတိုက်ကြီးမှာသွားထုတ်မယ်ဆိုရင်မှတ်ပုံတင်ကိုတော့ဆောင်သွားဖို့မမေ့နဲ့ပေါ့ဗျာ ။ သူ့ကိုမှာမယ်ဆိုရင် အမည်အရင်းနဲ့ပဲမှာပါလို့အကြံပြုပါရစေ။ Nick Name နဲ့မှာရင်တော့ ရပ်ကွက်ရုံးကထောက်ခံစာကို သွားယူဖို့သာပြင်ပေတော့ ။ အဲဒီရုံးကလူတွေကိ တော်တော်လေးကိုအပေါက်ဆိုးတယ်ဗျ။ ကဲ ရန်ကုန်ရောက်တဲ့အပိုင်းတော့ပြီးပြီ ။ ပို့တဲ့အပိုင်းပဲကျန်တော့တယ်။

Ubuntu ဆိုတာက နယ်သာလန်နိုင်ငံမှာရှိတဲ့ Canonical limited ကနေဖန်တီးထားတဲ့ OSတစ်ခုဖြစ်ပါတယ် ။အဲဒီကုမဿမဏီနေ ပြီးတော့ Ubuntu , Ubuntu (server version), Kubuntu, Xubuntu,နဲ့ Edubuntu ဆိုပြီးအမျိုးအစားတွေ ခွဲပြီးထုတ်လုပ်ပါတယ် ။ အဲဒီ OS တွေအားလုံးဟာ free တွေပါပဲ ။ အဲဒီ OS တွေထဲမှာ မှာလို့ရတာက ပထမသုံးမျိုးပါ။ Ubuntu ရဲ့အားသာချက်က No Virus ပါသူ့က Linux paltform ကိုသုံးထားတဲ့အပြင် system ကိုပြင်ဖို့အတွက်ဆိုရင်တောင် root account တောင်ပြင်ချင်တိုင်းပြင်ဖို့ခက်ခဲပါတယ် ubuntu ကိုသုံးမယ်ဆိုရင် windows သမားအတွက် တော်တော်လေးကိုခက်ခဲ့တယ်လို့ထင်ရပေမယ့် တစ်ကယ်တမ်းတော့ အများကြီးမကွာခြားပါဘူး။ ဥပမာဗျာ
windows သမားတွေက စက်လေးတိုင်း refresh ကိုနှိပ်ကြပေမယ့် ubuntu မှာကျတော့ အဲဒီိ refresh ဆိုတာကြီးကမပါဘူးလေ။ windows နဲ့တူတာကတော့ သူ့မှာ My Computer လို့ပုံစံမျိုးလေးတွေပါတယ်။ ubuntu ကို သုံးရတာ အစပိုင်းမှာ တော်တော်လေးခက်ခဲ့မယ်လို့ယူဆလို့ရပေမယ့် ခဏလောက်ရင်းနှိးအောင် သာသုံးကြည့်လိုက် ခိုက်သွားမှာသေချာတယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ windows မှာမရာတွေအားလုံးကို ubuntu မှာသုံးလို့ရတယ်ဗျ ။ ဥပမာ desktop ကို windows မှာ ဆို ရင်အသေကြီးကြည့်နေရမှာ အခုမှထွက်လာတဲ့ windows 7မှာမှ Aero effect တွေပါလာတာ ubuntu က windows XP လောက်ကတည်းက windows 7ထက်သာတဲ့ effect တွေပါနေပြီဗျ။ အခိုင်မာဆုံးဥပမာ ကိုပြောရမယ်ဆိုရင်
windows 7 ကိုဝယ်သုံးမယ်ဆိုရင်အနိမ့်ဆုံးဒေါလာတစ်ရာကျော်ပေးရမှာ နောက်ပြီး နောက်ထပ် softwar တွေထပ်ထည့်မယ်ဆိုရင် တော်တော်များကိုကို ၀ယ်သုံးရမှာ MS Office တစ်ခုတည်းနဲ့တင် ဒေါလာခုနှစ်ရာကျော်နေပြီ စက်ဖိုးတောင် သူ့လောက်မများဘူး ။OS နဲ့ Office လေးပဲတင်တာတောင် ဒေါလာ ရှစ်ရာကျော်နေပြီ ။ ဒါတောင် photoshop တို့ ဘာတိုညာတို့မပါသေးဘူးနော် Ubuntu ကိုကြည့်မယ်ဆိုရင် OS က အလကားပေးတဲ့အပြင်အိမ်တိုင်ရာရောက်ပို့ပေးတယ်နောက်ြ့ပီးသူ့အထဲမှာMS Office လိုမျိုးသုံးလို့ရတဲ့ Open Office တွေပါတယ် နောက်ပြိး Photoshop လိုမျိုးသုံးလို့ရတဲ့ Gimp ပါတယ် နောက်ပြီး chatting အမျိုးမျိုးသုံးလို့ရတဲ့ Empathy ပါတယ် ကဲ ဘာလိုသေးလဲအခွေတစ်ခွေတည်းမှာအကုန်ပါတယ် ။ နောက်ပြီး ထွက်သမျှ software အသစ်တွေကိုအင်တာနက်ကယူမယ်ဆိုရင်လည်း အခမဲ့ပါဗျာ။ သူ့မှာရှိတဲ့အားနည်းချက်ကလေးက အင်တာနက်အပေါ အရမ်းမှီခိုပါတယ် ဥပမာ Mp3 သီချင်းလေးကိုဖွင့်ချင်တယ်ဆိုရင် သူနဲ့ပတ်သတ်တဲ့ file လေးတွေ download ချတာမျိုးတွေရှိပေမယ့် အားလုံးက အခမဲ့ပါ ။အင်တာနက်ကွန်နက်ရှင်သာရှိမယ်ဆိုရင် Ubuntuဟာ အရမ်းကိုသုံးလို့အဆင်ပြေတဲ့ OS တစ်ခုပေါ့ ဗျာ ။ သူ့မှာရှိတဲ့ အားနည်းချက်တွေနဲ့ Windows မှာရှိတဲ့ အားနည်းချက်တွေကိုယှဉ်ကြည့်ရင် တော့ Ubuntu က တော့ windows ထက်အများကြီးသာပါတယ် ဗျာ ။ သူက linux Distrol တွေအများကြီးရှိတဲ့အထဲမျာ No.1 ဗျ ။ အဲ...နောက်ပြိး ၂၀၁၃ ကျရင် မူပိုင်ခွင့် ဥပဒေသာ အတည်ပြုသွားမယ်ဆိုရင် လေကျွန်တော်တို့အခုသုံးနေတဲ့ MS ကနေ မြန်မာနှိင်ငံမှာသာရုံးလာဖွင့်ရင် ဗျာသွားပြီဗျ ဆောင်လေရောပဲဒဏ်ငွေ ။ တစ်သက်လုံးရှာထားရသမျှငွေတွေ ပါသွားမယ်။ အဲဒီ တော့ကိုရင်သာဂိတို့ကတော့အခုကတည်းက အဲဒီဒုက္ခတွေမကြုံချင်လို့ OS ပြောင်းသုံးနေတယ်ဗျ ။ အဓိကပြောချင်တာတော့ဗျာ Ubuntu OS ကိုတစ်ခါလောက်တော့စမ်းသုံးကြည့်ကြပါလို့ ။မြန်မာနိုင်ငံမှာလည်း တစ်ဖြည်းဖြည်းနဲ့လူသိများလာပြီဗျ ။ အဲဒီတော့ဗျာ ကျွန်တော်ကတော့ကျွန်တော့သူငယ်ချင်းအားလုံးကို Ubuntu ကိုစမ်းသုံးကြည့်ပါလို့ တိုက်တွန်းချင်တယ်ဗျာ။

Friday, February 5, 2010

ရန်ကုန်သား(Yangonese) နဲ့ကျွန်တော်

ကိုရင်သာဂိပြောမယ့် ရန်ကုန်သားက အင်တာနက်ပေါ်မှာ လူအချို့ က သူ့ကို (yangonese) လို့တော့သိကြတာပဲဗျ ။ သူ့အကြောင်းကိုပြောရရင်တော့ အင်း……… Myanmar Egress မှာသင်တန်းစတက်တဲ့အချိန်မှာပေါ့ဗျာ ။ အဲ အဲဒီတုန်းက သူက ဆရာကြီး အထာနဲ့ဗျ သူက ဘယ်သူ့ကိုမှ ဘာမထီတဲ့ ပုံစံနဲ့ပေါ့ဗျာ (အဲ မျက်တွင်းကတော့ အဲဒီတုန်းက ဟောက်ပက်ကြီးဗျ ) ။ကျွန်တော် လည်း သူ့ကို သတိမထားမိပဲ ကိုယ့်ဘာသာကို သင်တန်းဆက်တက်တာပေါ့ ဗျာ ။ သင်တန်းတက်ပြီး နှစ်ပတ်လောက်ကြာတော့ သင်တန်း(citizen journalist) က blog အကြောင်းကို ကိုညီလင်းဆက်ကလာပြိးပြောတော့ ကျွန်တော်တို့က စိတ်ဝင်စားပြီး သင်တန်းသားတွေကိုယ်တိုင် ကိုယ်ဘာသာကိုယ် blog လေးထောင်ထားမယ် ပေါ့ ။ကျွန်တော်လည်း စိတ်ဝင်စားပြီး အဲဒါကိုလုပ်ဖို့ ခေါင်းစဉ်ရွှေးတော့ ကိုရင်သာဂိလည်း ခေါင်းဆောင်ပေးတာပေါ့ဗျာ။ အဲ သူက အဲဒါကိုကျွမ်းကျွမ်းကျင်ကျင်ဆွဲတတ်တော့ သူက တာဝန်ယူမယ်ပေါ့ ကျွန်တော် ရယ် ကျွန်တော်သူငယ်ချင်း နေလင်းထိုက်(sparrow) ရယ်က နံမည်အတွက်တာဝန်ယူရတာပေါ့ဗျာ ။ အဲဒီအချိန်မှာ အဲဒီရန်ကုန်သားနဲ့ ကျွန်တော်စပြီးရင်းနှီးတယ်ပေါ့ဗျာ ။အဲသူက ပေါင်းရတာတော့ တော်တော်လေးကို ကောင်းပါတယ် ။.ဒါပေမယ့်စိတ်မလိုရင် ထဆဲတာလေးကလွဲလို့ပေါ့ဗျာ ။ သူနဲ့ကျွန်တော်တို့ဟာ သင်တန်းတက်တဲ့ကာလတစ်ဝက်လောက်တော့ မေးထူးခေါ်ပြော အဆင့်လောက်ပဲရှိတယ် ။ အဲ သင်တန်းပြီးခါနီးလည်းကျရော ရန်တွေအတူတူဖြစ် နောက်ပြီးတော့ ဂျာနယ်ထုတ်ရတော့ သူက သူ့အဖွဲ့မှာ သူကတစ်ယောက်တည်းလုပ် ကျွန်တော်ကလည်း ကျွန်တော့်အဖွဲ့မှာ တစ်ယောက်တည်းနီးပါ လုပ် ရင်းနဲ့ သူနဲ့တော်တော်လေးရင်းနှိးသွားတာပေါ့ဗျာ ။နောက်ဆုံးသင်တန်းပြီးခါနီးလေးမှာ ကျွန်တော်တို့ သင်တန်း တစ်ခုလုံးပေါင်းပြီး ဂျာနယ်ထုတ်ဖို့လုပ်တော့ သူရယ် ကျွန်တော်ရယ် က ကျွန်တော်တို့ကျောင်းမှာ အိပ်ကျတော့ ရင်းရင်းနှီးနှီးဖြစ်သွားတာပေါ့ဗျာ ။ အဲ သူက အိပ်ရေးများများပျက်ရင် ပေါင်းလို့မကောင်းဘူး သူ့နဲ့ စကားပြောရင် အရင် အိပ်ရေးဝလားလို့ကြည့်ရတယ်ဗျ(ဟဲ ဟဲ )။နောက်ဆုံးတော့တော်လေး ရင်းနှီးသွားတာက ကျွန်တော်တို့သင်တန်းကနေ ဖျာပုံကို ခရီးထွက်လိုက်ရတာပဲ အဲဒီမှာ ရန်ကုန်သားရယ် ကျွန်တော်ရယ် နောက် ကျွန်တော်တို့သူငယ်ချင်း မသုံးလုံး(အခုတော့အိမ်ထောင်ကျနေပြီးဟု သူကဆို) ရယ် ဒေးဒရဲ့အပိုင်ဖြစ်သော မငေးကြီး အစု ကန်စုကျေးရွှာရယ် မငေးကြီးကျေး ရွှာတွေကို ခရီးထွက်လိုက်တာ အင်းတော်တော်လေးကိုခင်သွားကြတာပဲဗျ။ အဲဒီမှာ ရန်ကုန်သားက ရေနစ်တယ်ဗျ(အင်း…ရန်ကုန်သားဆိုတော့က ) ချောင်းကလည်းတော်တော်လေးကိုကျယ်ပါတယ် ဗျာ ပလက်ဖောင်းလေးနှစ်ခုစာတောင်မရှိပါဘူး ။ ရေတက်ချိန်ဆိုတော့လူတစ်ရပ်ကျော်သွားတာပါဗျ ။ အဲ တစ်ကယ်တန်းကတော့ ရေနစ်တာကျွန်တော်ဗျ ဘာဖြစ်လို့လည်းဆိုတော့ သူကိုသွားဆယ်တဲ့ကျွန်တော်က ရေအောက်ရောက်နေပြီးသူက ကျွန်တော်ကို ခွပြီးတက်လိုက်တော့ သူကအပေါ်ကိုရောက်သွားတာပေါ့ဗျာ .. အဲဒိမှာ စပြီး တော့ ညီအစ်တွေလိုဖြစ်သွားကြတာပေါ့ဗျာ ။ အဲ ……….အဲဒီနေ့မှာရေနစ်တဲ့အထိမ်းအမှတ် မငေးကြီး ကျေးရွှာမှာရှိတဲ့တစ်ခုတည်းသော လဘက်ရည်ဆိုင်ဆီဒိုးနားကိုသွားပြီး အသက်ဘေးက လွတ်မြောက်လာခြင်းအထိမ်းအမှတ် ကော်ဖီလေးတော့သွားသောက်ကြပါတယ် ။ ကျွန်တော်ကို blog ရေးအောင်လုပ်တာ အဲဒီရန်ကုန်သားလို့ပြောလို့ရပါတယ် ။ ဒီ Blog ကို အစပိုင်းရေးတုန်းက နိုင်ငံရေးတွေရေးဖို့ ပြင်ဆင်ထားတာဗျ ။အဲ နောက်တော့ လည်းနောင်တတွေရသွားတာနဲ့ မရေးချင်တော့ဘူးဗျာ ။ နိုင်ငံရဲအရေးဟာ နိုင်ငံသားအားလုံးရဲ့အရေးပါ ဒါပေမယ့် ဗျာ နိုင်ငံသား တွေ အတွက် တော့ ဘာမှာ အကျိုးပြုနိုင်မှာ မဟုတ်လို့ မရေးတော့ဘူးလို့တွေးထားတာပဲ ။ အတွေးပေါ်လာလို့ရင်တော့တစ်မျိုးပေါ့ဗျာ
ကျွန်တော်နဲ့ ရန်ကုန်သားက တူညီတဲ့အတွေးတွေရှိတယ်ဗျ ။ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ သူကကျွန်တော်ရဲ့ဆရာ သို့သူငယ်ချင်းလည်းပြေလို့ရပါတယ် .။ တစ်ခါလေ တွေးမိပါတယ် သူနဲ့ကျွန်တော်ဘာကြောင့်တွဲမိတာလဲလို့ပေါ့နော်။ အဲဒီရန်ကုန်သားက ကျွန်တော်ရဲ့အကောင်းဆုံးသူငယ်ချင်းလို့တော့ပြောလို့ရတာပေါ့ဗျာ ။ အဲ သူ့ကြောင့် အင်တာနက်ပေါ်မှာ နံမည်လေးတစ်ခုတည်ဆောက်ဖို့ ကြိုးစားမိတာပေါ့ဗျာ ။ သူ့က ကျွန်တော်ကို အသိတရားလေး တွေတော်တော်လေးသင်ပေးပါတယ်။ အဲဒီအတွက် ကျွန်တော်ကတော့ သူ့ကို ဒီpost လေးနဲ့ ကျေးဇူးဆပ်တာပေါ့ဗျာ ။
ကဲ ရန်ကုန်သားရေ မင်းကို ဒီစာလေးနဲ့ မင်းအတင်းကိုပြောလိုက်တယ်နော်
ကိုရင်သာဂိ

ကျွန်တော်နှင့်ကွန်ပျူတာ Virus တို့၏ စစ်ပွဲ

ကိုရင်သာဂိတစ်ယောက် ခေါင်းစဉ်အကြီးကြီးတပ်လို့ သိပ်လည်းအထင်းမကြီးသွားပါနဲ့ဦးဗျ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့သော လေးလခန့်က ကိုရင်သာဂိတစ်ယောက် ဘုန်းကြီးသွားဝတ်တုန်း ကိုရင်သာဂိရဲ့ဦးလေးက သူရုံးက Virus တွေသယ်လာတယ်ဗျ ။ စစ်ပွဲက အဲဒီအချိန်ကျမှ စတာဗျ နောက် ပြီး ကျွန်တော်ကွန်ပျူတာထဲမှာ က ကျွန်တော်သူငယ်ချင်းတွေကြိုက်တဲ့ အရာတွေလည်းရှိတော့ သူတို့ကလည်း မန်မိုရီး စတစ်ကလေးတွေနဲ့လာကူးတော့ သူတို့စက်တွေလည်းကူးကုန်တာပေါ့ဗျာ အဲဒီVirus က မိုက်တယ်ဗျ သူက Taskmanger ရယ် Rgistry ရယ် နောက်ပြီး startup မှာ iiiiiii.exe , Fun.exe, svhq.exe ရယ် က ပေါ်နေတယ်ဗျ ။ အစပိုင်းမှာ တော့ကိုက်တာသိပေမယ့် ဘာလက္ခဏာမှမပြသေးဘူးဗျ ။တစ်ခုပဲရှိတယ် Data ထည့်ထားတဲ့ Hard Disk နောက်တစ်ပိုင်းကတော့ သူ့အထဲမှာ ရှိတဲ့ Files ,Folder တွေ အားလုံပျောက်သွားတယ် ။ Folder Option ပေါ်နေပေမယ့် Hidden File ပြန်ဖေါ်လိုက်တိုင်း ပျောက်သွားတော့ တိုင်တွေပတ်နေတာပေါ့ဗျာ ။ အဲ ဒီ အပိုင်းမှာ က ကျွန်တော် ရဲ့ Data တွေ အများကြီးပါသွားတယ်ဗျာ ။ အဲ အစပိုင်းကတော့ ကျွန်တော် တော်တော်လေးကိုလန့်သွားတယ်ဗျာ ကျွန်တော် Data တွေပျောက်ပြီးဆိုပြီးတော့။နောက်တော့မှ properties ခေါ်လိုက်တော့ space တွေက Data တွေရှိကြောင်းတော့ပြနေတော့ ကျွန်တော်တော်တော်လေး တော့စိတ်အေးသွားတယ်း ကျွတော်ဆီမှာ တင်ထားတဲ့ AntiVirus က Kasperkey 2007ဆိုတော့တော်တော်လေးကိုဒိတ်အောက်နေတယ် update လုပ်ပေးပေမယ့် အဆင်မပြေဘူး Virus ကိုသတ်လို့ကိုမရဘူး ။ အဲ ဒီလိုနဲ့ ကွန်ပျူတာကြီး ကို စိတ်ပျက်လက်ပျက်နဲ့ ပဲ ပြစ်ထားလိုက်ရောဗျာ ။ အဲ…. အဲဒီမှာ ထူးဆန်းတာတစ်ခုက နှစ်လလောက်လဲ ပြစ်ထားလိုက်ကော Hard Disk ထဲမှာFile တွေ Folder တွေပြန်တော့ ပေါ်လာတယ်ဗျ extension က .exe နဲ့ နှိတ်လို့တော့ရပါတယ် ဒါပေမယ့် system ကတော်တော်လေးကိုပျက်စီးနေပြီ ။ ကျွန်တော်လည်း တော်တော်လေးကိုစိတ်ပျက်သွားပြီး windows တင်ဖို့ကိုစဉ်းစားလိုက်တယ် ။ အဲ……… Data တွေက Virus ကိုက်နေတဲ့ Hard Disk ထဲမှာဆိုတော့ Format လည်းချလို့မရ တော်တော်လေးကိုတိုင်ပတ်နေတယ် ။ နောက် ဆုံး မှာ ဒီ Virusကိုလက်ရှော့ပြီး ဆိုင်ပို့ဖို့ကိုတောင် စိတ်ကူးမိတယ် နောက်တော့လည်းဘာရမလဲ ငါလည်း ပညာရှုင်ပဲဆိုပြီး အသိ အင်တာနက်ကဖီးကိုသွားပြီး အလကားရတဲ့ Avira ကို သွားတောင်းလိုက်တယ် . ပြီးတော့ Update ကိုလည်း Download ချလိုက်တယ် ။ ကဲ Virus ရေ နင်နဲ့ငါနဲ့တွေပြီဆိုပြီးတော့ ။ အဲ Antivirus ကို တင်ပြီးတော့ Scan လုပ် လိုက်တာကာမှာ ကျွန်တော်ဖိုင်တွေအကုန်လုံးကုန်ရော ဗျာ သူက .exe ဖိုင်တွေထဲမှာ ၀င်ပြီး ရေးထားတာဆိုတော့ သူက တွေသမျှ .exe file တွေ အားလုံးကို ၀င်ပြီး မွှေပါလေရောဗျာ ကျွန်တော်လည်းတော်တော်လေးကို စိတ်ပျက်သွားတယ် ။ နောက်တော့ ဘာရမလဲ Ubuntu နဲ့တက်ပြီး သတ်ရောဗျာ အဲဒီအချိန်ကျမှ Ubuntu ဆိုတာ ဘာလဲ စသိတာ ဗျ ။ နောက်တော့လည်း ဘယ်ရမလဲ နင်ကပဲ စွမ်းလား ငါကပဲ တတ်နိုင်သလား ဆိုပြီး ဖိုက်တာပေါ့ဗျာ ။ နောက်ဆုံးတော့လည်းကိုရင်သာဂိတစ်ယောက် computer virus များကိုအောင်နိုင်သွားပါတော့သည် ။

ဘားကမ့်ဘား(Barcamper) လေးကိုရင်သာဂိ

ကိုရင်သာဂိတစ်ယောက်တော့ facebook မှာတက်ပြီးတော့မွှေနေတုန်း ကိုရင်သာဂိရဲ့ မိတ်ဆွေ မိုးလှိုင်ည တစ်ယောက် ကိုရင်သာဂိကို သတင်းလေးတစ်ခုလာပြောတယ် ဗျ အဲ ဒါ က barcamp ဆိုတဲ့ပွဲလေးပေါ့ သူပြောတာက အဲဒီပွဲကို ကိုညီလင်းဆက်တို့ ကိုမင်းယွန်းသစ်တို့ ကိုကျော်ဇေယ တို့ မဘာညာတို့ ကိုကိုရဲတို့ နဲ့ MCPA ကဦးမင်းဦးတို့ 7days News Journal က အယ်ဒီတာချုပ် ဦးသောင်းစုညိန်းတို့ ပူပေါင်းပြီးလုပ်ကြတဲ့ပွဲ တဲ့ စိတ်ဝင်စားရင် ဒီလင့်ကလေး ကိုသွားလိုက်ဆိုပြီးတော့ ပြောလို့ သွားကြည့်လိုက်တာ ဗျ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ် ဗျ သူ့ရဲ့ ဆိုဒ်မှာရေးထားတဲ့ ဘားကမ့်ဆိုတာ ဘာလဲဆိုတာကို ရေးထားတယ်ဗျ အဲဒါက တော့

( barcmapyangon.org ကနေကူးယူထားခြင်းဖြစ်ပါသည် )

မြန်မာလိုဘဲ ပြောရတော့မှာပေါ့ မြန်မာဘားကမ့်ကို ရန်ကုန်မှာ စလုပ်တော့မှာ ဆိုတော့ လေ။ တကယ်တမ်း ဆိုရင် ဘားကမ့်ဆိုတဲ့ ဝေါဟာ ရရဲ့ သမိုင်းကို အင်တာနက်မှာ ရှာ တွေ့နိုင်တယ်ဆိုပေမယ့် အားလုံးနားလည်အောင်ပြောရရင် ဘားကမ့်ရဲ့သဘော တရား ကို ရှင်းရှင်းလင်းလင်း သိအောင် နားလည်အောင် ပြောရ မှာ အကောင်းဆုံးဘဲ။ ဘားကမ့်ဆိုတာ ပုံမှန် ဆွေးနွေးပွဲ၊ အစည်းအဝေး၊ တွေ့ဆုံပွဲ စတာတွေလို ကြိုတင် စီမံထားတဲ့ ခေါင်းစဉ်တွေ ထားရှိချင်းမရှိဘဲ တက်ရောက်လာသူတွေက ပြောလာ တဲ့၊ ပြောချင်တဲ့ အကြောင်းအရာတွေကို တချိန်ထဲ တပြိုင်ထဲ မှာ အများအပြား တင်ပြ ပေးနိုင် တဲ့ နေရာများစွာကို ဖန်တီးပေးမယ့် ပွဲတခု ဖြစ်ပါတယ်။ ဒီထက်ရှင်းလင်းအောင်ပြောရရင် ဘားကမ့် ပြုလုပ်တဲ့ ပွဲထဲမှာ ဘယ်လို စီမံပေး ထား တယ်ဆိုတာ ကိုအရင်ပြောပြဦးမယ်။ ဘားကမ့်စီစဉ်သူတွေက တက်ရောက်လာပြီး မိမိပြောလိုတဲ့ဆွေးနွေးလိုတဲ့ အကြောင်း အရာတွေကို သီးသန့်တင်ပြနိုင်အောင် အခန်းတွေစီမံပေးထားမယ်။ ပြောလိုတဲ့သူတွေဟာ မိမိတင်ပြပြောဆိုလိုတဲ့ အကြောင်းအရာ ခေါင်းစဉ်တွေကို ပွဲ အတွင်းအစီအစဉ် ကြေငြာသင်ပုန်းမှာ လွတ်လပ်စွာ လာရောက်ပြီး မိမိအစီအစဉ်နဲ့ လာကပ်ထားနိုင်တယ်။ အဲဒီသင်ပုန်းမှာတော့ စီစဉ်ထားတဲ့ အခန်းနံပတ်တွေနဲ့ အချိန် တွေကို ဖော်ပြထားမှာ ဖြစ်ပါတယ်။ ဒီလို လာရောက် ကပ်ထားနိုင်ဖို့ ဘားကမ့် စီစဉ် သူတွေနဲ့ ကူညီသူတွေက တက်ရောက်လာသူတွေကို ကူညီပေးဦးမှာ ဖြစ်ပါတယ်။ အစီအစဉ်အတိုင်းဘဲ အချိန်နဲ့နေရာ သတ်မှတ်ထားတဲ့နေရာတွေမှာ မတူညီတဲ့ အကြောင်းအရာတွေကို တပြိုင်နဲ့ ကျင်းပပေးနေမှာ ဖြစ်ပြီး ဘားကမ့်ကို လာရောက် သူတွေကလဲ အဲဒီတင်ပြပြောဆိုမှုတွေကို မိမိတို့စိတ်ဝင်စားရာ နေရာတွေမှာ လွတ် လပ်စွာ သွားရောက်နားထောင်ပြန်လှန်ဆွေးနွေးမှုတွေကို ပြုလုပ်နိုင်မှဖြစ်ပါတယ်။ ဒီလို မျိုး တင်ပြချက်တွေကို ပိုမိုကျယ်ပြန့်စွာ ဖလှယ်နိုင်ဖို့ အတွက် အကြောင်းအရာ တခုခြင်းစီအတွက် တင်ပြဆွေးနွေးချိန်တွေကိုတော့ အနည်းငယ်အချိန်ကန့်သတ်မှု တွေနဲ့ စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။ ဒါကလဲ အများအပြားထွက်ပေါ်လာမည့် ခေါင်း စဉ်တွေအတွက် အားလုံးနားထောင်လို့ရအောင် ပြုလုပ်ပေးရတာဖြစ်ပြီး လူအများ စိတ်ဝင်စားမှုနဲ့ အားပေးမှု ဖြစ်နေတဲ့ ခေါင်းစဉ်အောက်က ဆွေးနွေးချက်များအတွက် အချိန်ပိုရရှိနိုင်အောင်ဆောင်ရွက်ပေးထားမှာလဲဖြစ်ပါတယ်။ တခုရှိတာကတော့ ဒီဆွေးနွေးပွဲတွေကနေပြီး ဘယ်လို ရလဒ်ကောင်းတွေရရှိလာမယ်ဆိုတာကတော့ ဘားကမ့်စီစဉ်သူတွေက ၀င်ရောက်စွက်ဖက်မှာ မဟုတ်တဲ့အတွက် မိမိတို့ ဘာသာ လွတ်လပ်စွာ နှီးနှော ဖလှယ်နိုင်မှာဖြစ်ပါတယ်။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး၊ ဘားကမ့်ပြုလုပ်တဲ့ပွဲတွေမှာ လူမှုရေး၊စီးပွားရေး၊နည်းပညာစတဲ့ ကဏ္ဍများစွာ ကိုပေါင်းကူးပေးတာ ဖြစ်တဲ့အတွက် နည်းပညာ ရှိပြီး စီးပွားရေးအကြောင်းသိရှိချင်သူ၊ စီးပွားရေး နယ်ပယ်မှာထွန်းကားပေမယ့် နည်းပညာပိုင်းမှာ အားနည်းနေသူ စတဲ့ သူတွေအချင်းချင်းကို တွေ့ဆုံပေးနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ဘားကမ့်တွေရဲ့ ပြုလုပ်ရ တဲ့ ရည်ရွယ်ရင်းဟာ ဘာလဲဆိုပြီးမေးလာ စရာဖြစ်လာနိုင်ပါတယ်။ ဘားကမ့် စီစဉ်သူတွေဟာ ဒီလို တချိန်တည်းတပြိုင်ထဲမှာ အခွင့်အလမ်းပေါင်းများစွာ တိုးတက် လာစေမယ့် ရည်ရွယ်ချက်ကလွဲပြီး မည်သည့် ရည်ရွယ်ချက်မှမရှိဘူးဆိုတာတော့ ရဲရဲပြောချင်ပါတယ်။ ကမ္ဘာနဲ့ တလွှားဘာကြောင့်ဘားကမ့်ပေါင်း များစွာ ကို အကြိမ်ကြိမ်ပြုလုပ်နေတယ်ဆိုတဲ့အကြောင်းဟာ မိမိတို့ဒေသအတွင်းမှာရှိတဲ့ ပြန့်ကျဲနေတဲ့ အားတွေကို စုစည်းပေးစေနိုင်တာကြောင့် လို့ဘဲ ဆိုရမှာ ဖြစ်ပါတယ်။
ဘားကမ့်ဟာ မတူညီတဲ့ လုပ်ရိုးလုပ်စဉ်တွေကို တွန်းဖယ်ပြီး တချိန်ထဲမှာ များစွာသော ကဏ္ဍတွေအတွက် အချိန်တိုတိုနဲ့ထိရောက်တဲ့ ပေါင်းစည်းမှုတခုကို ရရှိစေမယ့် ပွဲတွေလို့ ဆိုရင်လဲ ကျွန်တော်တို့ ပြုလုပ်တဲ့ ရည်ရွယ်ရင်းကို ပိုမိုထိရောက်မယ်လို့ထင်ပါတယ်။
ဒါကြောင့် ဘားကမ့်ကိုလာတဲ့ စိတ်ဝင်စားသူတွေအတွက်ရရှိနိုင်မယ့် အကျိုးအမြတ်ပါးပါးလေးတခုလောက်ကို ထုတ်ကြည့်ရရင် မိမိတို့ တင်ပြချင်တဲ့အကြောင်း အရာတွေ နည်းပညာတွေ စိတ်ကူးတွေကို မိမိတို့အစီအစဉ်နဲ့ သီးသန့်လုပ်ဆောင်တဲ့အခါ ကုန်ကျမယ့် ငွေကြေးနဲ့အချိန်တွေကို လုံးဝလျော့ချပေးလိုက်နိုင်ပါတယ်။ နောက်တခုကတော့ မိမိတို့ သဘောတရားတွေကို မိမိရဲ့ ထင်မြင်ယူဆချက်တွေကို ပြန်လှန်မေးခွန်းထုတ်ခြင်းတွေ အတွက် လုံလောက်တဲ့ ပညာရှင်အများ အပြား ကိုလဲ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ လာရောက်သူတွေအတွက် အဓိကကျတဲ့ ပြင်ဆင်မှုကတော့ မိမိက ဘာကိုသိချင်တယ်၊ ဘာကို တင်ပြချင်တယ်၊ ဘာကို မေးမြန်း ချင်တယ်၊ ဘယ်လိုအကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုတဲ့အချက်တွေအပြင် မိမိကိုယ်တိုင်ဟာ ဒီဘားကမ့်မှာ ထင်ပေါ်ကျော်ကြားသူ တယောက် ဖြစ်လာ နိုင်တယ်ဆိုတဲ့ ယုံကြည်မှုလဲ ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။ မေးပါများစကားရ ဆိုတဲ့ စကားပုံကတော့ ဘားကမ့်မှာထိထိရောက်ရောက် အသုံးချသင့်တဲ့ စကားတခု ဖြစ်ပါတယ်။
ဘားကမ့်တွေမှာ ပြုလုပ်လေ့ရှိတဲ့ အစီအစဉ်တွေအပြင် ရန်ကုန်ဘားကမ့်မှာ ပြုလုပ်မယ့်ထူးခြားတဲ့အစီအစဉ်တွေလဲ ပါဝင်ဦးမှာဖြစ်ပါတယ်။ ရန်ကုန်ဘားကမ့် လို့ ခေါ်ဆိုရတာကတော့ ဘားကမ့်ပြုလုပ်တဲ့နေရာတွေမှာ ပြုလုပ်တဲ့ဒေသ ကိုအစွဲပြုခေါ်ဆိုလေ့ရှိတာကြောင့် ကျွန်တော်တို့ ရန်ကုန်ဘားကမ့်လို့ ခေါ်ရတာ ဖြစ်တယ် ဆိုတာ ဘာမှ ၀ိယောဓိမဖြစ်ပါနဲ့။ တကယ်က နေရာဒေသဟာ ကျွန်တော်တို့အတွက် အရမ်းအဓိကကျတဲ့စိတ်ဝင်စားစရာ အကြောင်းတရားမဟုတ်လို့ဘဲ ဖြစ်ပါတယ်။ ကဲပါလေ ဘာဘဲပြောပြော အခြား ဘားကမ့်ပေါင်းများစွာမှာ မပါဝင်နိုင်တဲ့ ထူးခြားအစီအစဉ်တွေကို ရန်ကုန်ဘားကမ့်မှာ ထည့်သွင်း ထားဦးမှာ မို့ ဘာတွေလဲ ဆိုတာကတော့ လာရောက်တဲ့အခါမှာ ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင် ဒီအတိုင်းဘဲ ထားလိုက်ပါဦးမယ်။
ပထမဆုံးအနေနဲ့ သင့်အတွက် ရန်ကုန်ဘားကမ့်ကို လာရောက်ဖို့ အတွက် အမှတ်တရတီရှပ်လေးကို ဘယ်လိုအနေအထားဝတ်ချင်တယ်ဆိုတာကို ဒီဆိုဒ်မှာ မှတ်ပုံတင်ရင်း မှာထားနိုင်သလို သင်ဘယ်သူ ဘယ်ကနေလာမယ်ဆိုတာနဲ့ ဘာခေါင်းစဉ်မျိုးကို ပြောမယ်ဆိုတာလဲ ကြိုတင် ကြော်ငြာထားနိုင်ပါတယ်။ တကယ်လို့ ဒီမှာ မှတ်ပုံတင်မထားရင်လဲ ဘားကမ့်ပွဲအတွင်းမှာ သင်ဟာ ၀င်ရောက်တင်ပြဆွေးနွေးသူတယောက် ဖြစ်နေနိုင်ပါတယ်ဆိုရင် အရမ်းမအံ့သြနဲ့ဦးနော်။ ။ ။

ကဲသူတို့ပြောတဲ့အတိုင်းပဲပြန်ပြီးတော့ ရေးထားတာ ပဲဗျ ကိုယ်ရေးရင်အဲဒီလောက်ချောမှာမဟုတ်တော့ သူတို့ရေးထားတဲ့အတိုင်းပဲပြန်ပြီးတော့ ကူးလိုက်တယ် ဗျ ။ အဲဒါနဲ့ပဲကိုရင်သာဂိလည်းကိုရင်သာဂိရဲ့ သူငယ်ချင်းဖြစ်တဲ့ ရန်ကုန်းသားကို သွားပြောပြီး သွားကြမယ်ပေါ့ ။ ဒါနဲ့သူနဲ့ စကားပြောပြီး တော့ အင်တာနက်ပေါ်တက်လိုက်ပြီး facebook သုံးတော့ prebarcamp ဆိုတာကိုသွားတွေ့တယ် ဗျ အဲဒီလိုနဲ့ပဲ ကိုရင်သာဂိလည်း ရန်ကုန်သားကိုသွားအကြောင်းကြားပြီး သွားကြတာပေါ့ဗျာ ဒီလိုနဲ့ပဲ ကိုရင်သာဂိတစ်ယောက်လည်း barcamp ပွဲမှာ volunteer တစ်ယောက်ဖြစ်လာတယ်ပေါ့ ။ barcamp ပွဲနေ့လည်းကျရော ကိုရင်သာဂိတို့လည် အစောကြီးသွားပြီးပြင်ဆင်ကြတာပေါ့နော် ။ မနက် ၇နှစ်နာရီလောက်ကတည်းကပေါ့ဗျာ ။ မနက် ရှစ်နာရီလောက်လည်းကျရောဗျာ များလိုက်တဲ့လူတွေ ထိုင်စရာနေစရာတွေတောင်မရှိတော့ဘူးဗျ ။ ကိုယ်တောင်ဂျောင်ကတ်နေရတယ်ဗျ ။ အဲ…..အဲဒီပွဲက ကမ္ဘာမှာ ပထမဦးဆုံးကျင်းပတဲ့ barcamp ပွဲတွေထဲမှာလူအများဆုံးတဲ့ ဗျ ။ ဒီလိုပွဲမျိုးတွေ မြန်မာနိုင်ငံမှာ များများလုပ်သင့်တယ်ထင်တာပဲ (အင်းကိုညီလင်းဆက်ကတော့ သေချင်ပြီထင်ပါရဲ့ ) ရေးချင်ရာတွေး လျှောက်ရေးနေတယ်လို့တော့ ပြောကြပါနဲ့ နော် ကျွန်တော်လည် အလုပ်တွေရှုပ်နေတဲ့ကြားထဲ မရရအောင်ရေးရလို့ပါဗျာ .