Tuesday, September 1, 2009

ဘယ်လိုလုပ်ရမည်နည်း

လရောင်ပြာရိပ် ရေအငြိမ့်မှာ

ပျောက်ဆုံးသွားတဲ့ ငါ့အချစ်ကို

ဘယ်မှရှာ၍ ရမည်နည်း

အကြင်နာလှိုင်းရိုက်ခတ်မှုသည်

ငါ့အတွက်ဟုမင်းယူဆလျှင်

ဘယ်လိုဖြေရှင်းရမည်နည်း

မေတ္တာလှိုင်းကြောင့် စီးဆင်းလာတဲ့

ငါအချစ်ကို ဒီရေဟုထင်က

ဘယ်လိုဖြေရှင်းရမည်နည်း။

No comments:

Post a Comment