Friday, August 13, 2010

NO Title

ပျင်းလို့ စာမရေးတာရယ် မျက်စိကိုက်လို့စာမရေးတာရယ် အမေဆူလို့ စာမရေးဖြစ်တာရယ် သူငယ်ချင်းလာခေါ်လို့ စာမရေးဖြစ်တာရယ် ချစ်သူ ကိုလွမ်းလို့ စာမရေးဖြစ်တာ ရယ် ခေါင်းထဲမှာ ရေးစာ အကြောင်းအရင်းမရှိလို့ မရေးဖြစ်တာရယ် တစ်နေ့လုံးလျှောက်သွားပြီး မှ ပင်ပန်းလို့ဆိုပြီး စာမရေးဖြစ်တာရယ် လေတွေလိမ့်ပေါပြီး ဘာမှမရေးဖြစ်တာရယ် သီချင်းနားထောင်နေလို့ ဆိုပြီးစာမရေးဖြစ်တာရယ်ဧည့်သည်လာလို့ဆိုပြီး စာမရေးဖြစ်တာရယ် မီးပျက်နေလို့စာမရေးဖြစ်တာရယ် ဗိုက်တွေအောင့်နေတယ်ဆိုပြီးစာမရေးဖြစ်တာရယ် ပျင်းလို့ဆိုပြီး သူငယ်ချင်းအိမ်မှာသွားအိပ်မလို့စာမရေးဖြစ်တာရယ် မီးပျက်လို့ဆိုပြီးစာမရေးဖြစ်တာရယ် ကွန်ပျူတာက ပျက်နေတယ်ဆိုပြီး စာမရေးဖြစ်တာရယ် Blogspot က ဘမ်းထားတယ်ဆိုပြီးစာမရေးဖြစ်တာရယ် Saudi Proxy သေသွားလို့ဆိုပြီးစာမရေးဖြစ်တာရယ် ကဗျာရေးချင်တယ်ဆိုပြီးထိုင်တွေးနေလို့ စာမရေးဖြစ်တာရယ် ဗိုက်ဆာနေလို့ ထမင်းသွားစားဦးမယ်ဆိုပြီး စာမရေးဖြစ်တာရယ် သူငယ်ချင်းနဲ့ချိန်းထားတယ်ဆိုပြီး စာမရေးဖြစ်တာရယ် မိုးရွာလို့ဆိုပြီးစာမရေးဖြစ်တာရယ် ရာသီဥတုပူလို့ဆိုပြီး စာမရေးဖြစ်တာရယ် လက်တွေကိုက်နေတယ်လို့ ဆိုပြီး စာမရေးဖြစ်တာရယ် သီချင်းစာသားလေးကို ဖျက်မယ်ဆိုပြီးနားထောင်နေရင်းနဲ့အိပ်သွားလို့စာမရေးဖြစ်တာရယ် ရေးချင်စိတ်တွေပျောက်နေလို့ မရေးဖြစ်တာရယ် အင်တာနက်သွားနေလို့ စာမရေးဖြစ်တာရယ် ဒါတွေ့နဲ့ပဲ တစ်နေ့တစ်နေ့ ကျော်ဖြတ်နေရတဲ့ ကျွန်တော့်ကိုယ်ကျွန်တော်ပေးနေတဲ့ ဆင်ခြေလေးတွေပေါ့ဗျာ ။

 တစ်ခါတစ်လေစဉ်းစားကြည့်ပါတယ် ဘာကြောင့်များစာရေးဖို့ကို တော်တော်လေးပျင်းနေတာလဲလို့ ။

ကိုယ်ကိုယ်ကို ပေးလေ့ရှိတဲ့ ဆင်ခြေလေးတွေကို ပြန်တွေးပြီးမှတ်တမ်းတင်ကြည့်တာပါ ကျွန်တော် ဘယ်လောက်ထိပျင်းလဲဆိုတာကို ။ ကိုယ့်ကိုကိုယ်လည်းတွေးမိပါတယ် ဘာကြောင့်များဒီလိုဖြစ်နေတာလဲလို့ ဘယ်လိုပဲတွေးတွေးပေါ့နော် ကိုယ်ကိုကိုယ်တော့အကောင်းမြင်တတ်ပါတယ် :p

 စာတွေရေးဖို့ကို ခေါင်းထဲမှာအများကြီး တွေးမိပါတယ် ။ ဒါပေမယ့် တွေမိတဲအချိန်ပဲသတိရတယ်ဗျ ပြန်လည်းရေးရော ဘာမှပြန်မပေါ်လာတော့ဘူး ဗျာ ။

တစ်နေ့ စာရေးဖို့ဆိုရင် ဟိုအကြောင်းပြလိုက် ဒီအကြောင်းပြလိုက်နဲ့ ဘာမှကိုမလုပ်ဖြစ်သေးဘူး ဒါ့အပြင် ထားလိုက်တဲ့ ရည်မှန်းချက်ကလည်း အများကြီးပဲ ဘာဖြစ်လ်ာလည်းဆိုရင် ဘာမှာကိုမဖြစ်လာသေးဘူး။

 တစ်နေ့ တစ်နေ့ စကားကြီးစကားကျယ်ပြောလိုက် ဟိုဟာလေးကောင်းတယ်ဆိုရင်လုပ်လိုက် ဒီဟာလေးကောင်းတယ်ဆိုရင်လုပ်လိုက် ဘာမှကိုမဖြစ်လာသေးတဲ့ ကျွန်တော်ပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့နော် ဘာမှမတွေး ပဲ နေတာထက်စာရင် တွေးနေတာကတော့ကောင်းတာပေါ့နော်( အဲအတွေးမချော်ဖို့လည်းအရေးကြီးသေးတယ်နော်) ။ ဆင်ခြေပေးတဲ့ ပါးစပ်ထမင်းငတ်တတ်တယ်တဲ့ ကျွန်တော်အခုထိတော့ မငတ်သေးဘူး အမေ့အိမ်မှာနေလို့ ဟီး………………. ဘယ်အချိန်ကျမှငတ်မလည်းမသိဘူး ။

 ဘာကြောင့်ဒီစာလေးကိုရေးရသလဲဆိုရင် ကျွန်တော်ကို ကျွန်တော်ဆုံးမချင်လို့ပါ။ တစ်နည်းအားဖြင့် ကျွန်တော်ဘယ်လောက်သောက်သုံးကျသလဲဆိုတာကို လူပုံအလယ်မှာတစ်ကမ္ဘာလုံးသိအောင်ကြေငြာတာပေါ့နော်။
 ဆင်ခြေများလည်းထပ်ဖြည့်ပေးလို့ရပါတယ်ဗျာစိတ်ဆိုးပါဘူးဗျာ။

……………………………… အားလုံးပဲပျော်ရွှင်ကြပါစေ

လူအများရှေ့တွင်း စကားပြောခြင်းအတွေ့အကြုံ

ကိုရင်သာဂိတစ်ယောက် ဟိုတစ်လောက M51A ရဲ့ တစ်နှစ်ပြည့်ပွဲမှာဗျာ ဟောပြောပွဲလေးထည်တဲ့ဟာကို ၀င်ပြီးပြောမလို့ ကြိုးစားလိုက်သေးတယ်ဗျ ။ ဘာမှာလည်းမတတ်ပဲ ဆရာကြီးသွားလုပ်တာပေါ့ဗျ ………. ဟီး…………………. အဲဒီအကြောင်းပြန်ပြောရရင် ဒူးတုန်တယ်ဗျ ဘာဖြစ်လို့လည်း ဆိုတော့ လူငယ်တော်တော်များများမှာလိုအပ်နေတဲ့အတတ်ပညာတစ်ခုဟာ လူအများရှေ့တွင် စကားပြောချင်းအတတ်ပညာပဲ ဆိုတာကို အဲဒီအချိန်မှာကျွန်တော်သိသွားတယ်ဗျာ။ ကျွန်တော်က အရင်တုန်းက တစ်ခါမှ လူအများကိုစင်ပေါ်တက်ပြီးစကားမပြောဖူးဘူးဗျ ဘာဖြစ်လို့လည်းဆိုတော့ စင်ကြောက်လို့ပဲ ။ စင်ကိုဘာလို့ကြောက်လဲဆိုတော့ စင်ဆိုတာမျိုးက လူအများကစိတ်ဝင်တစားနဲ့ ကြည့်နေကြတဲ့နေရာ တစ်နည်းအားဖြင့် ကျွန်တော်တို့ အတွက် ပထမဦးဆုံးဆိုရင် ဘာမှမလုပ်နိုင်တော့အောင်လို့ ရင်ခုန်နေမိတဲ့နေရာ ရည်းစားဟောင်းတောင် အဲဒီလောက်ရင်မခုန်ဖူးဘူး ဗျ တော်တော်လေးကိုတုန်တယ် ။ စင်ပေါ်တက်ပြောဖူးတဲ့သူအားလုံး အဲဒီခံစားချက်ကို ခံစားဖူးကြမှာပါ ။ ပထမဦးဆုံးခြေလှမ်းတိုင်းမှာ လူတော်တော်များများ လွယ်ကူစွာနဲ့အဆင်မပြေသွားကြပါဘူး ။ စကားပြောကောင်းသူအားလုံးတို့ဟာ ပထမဦးဆုံးဒီအဆင့်ကိုခက်ခက်ခဲခဲနဲ့ကျော်ဖြတ်ခဲ့ကြတဲ့သူတွေချည်းပါပဲ ။ ကျွန်တော်လည်းစကားပြောကောင်းတဲ့သူမဟုတ်ပါဘူး ။ စင်ပေါ်ကိုတစ်ခါနှစ်ခါလောက်ပဲစကားပြောဖူးတာပါ။ အဲဒီိနှစ်ခါလုံးကျွန်တော် ကျရှုံးဖူးပါတယ် ဒါပေမယ့် ကျွန်တော်စိတ်ဓါတ်မကျသေးပါဘူး။ ဆက်လက်ကျိုးစားနေမှာပါ ။ ဒီကျလို ကျရှုံး လို့ ကျွန်တော်လည်းစိတ်နာလို့ အဲဒါကိုပိုင်နိုင်အောင်လေ့ကျင့်မယ်ဆိုပြီး လိုက်လေ့လာနေတုန်းပဲဗျ အခုထိတော့ဆရာကြီးမဖြစ်သေးဘူးဗျ။ ဘာမှတောင်သိပ်မပြောရဲ့သေးဘူး ။ ဒါပေမယ့် နည်းနည်လေးပေါ့ သုံးလေးငါးကြိမ်လောက်တော့ ကျွန်တော်အလိုက်ကမ်း ဆိုးမသိပဲပြောရင်းကနေ တစ်ဖြည်းဖြည်း လူအများရှေ့မှာစကားပြောရတဲ့ တွေ့ကြုံရတဲ့ အတွေ့အကြုံနည်းနည်းလောက်တော့သိလာပြီဆိုတာပဲပေါ့ဗျာ ။ ကျွန်တော့အကြောင်းကြွားလို့ပြီးတော့ အဲ………….ပြောပြီးတော့ ကျွန်တော်အခုဖတ်ဖူးတဲ့စာအုပ်ထဲက စင်ပေါ်တက်ပြီးပြောတဲ့အခါ အသုံးလိုမယ်ထင်တဲ့အကြောင်းအရာလေးတွေကို ကျွန်တော်ကြိုက်တဲ့အချက်လေးတွေကိုစုပြီးတင်ပြပေးပါ့မယ် ။အဲဒီစာအုပ်နာမည်လေးက ဟောနည်းပြောနည်း ၊ ကိုယ်ဘက်ပါအောင်စည်းရုံးနည်းများ ဆိုတဲ့ ဆရာဖေမြင့်ရေးတဲ့စာအုပ်လေးပါ။ မူလစာအုပ်ကတော့ အရမ်းကိုကောင်းပါတယ် အခုကျွန်တော်ပြောတဲ့အကြောင်းအရာတွေဟာ အသုံးမ၀င်ဘူးဆိုရင်းလည်းကျွန်တော့ကိုပဲအပြစ်တင်ပါနော်။ ကျွန်တော်က သူရေးထားတာ ကိုထပ်ပြီးကွန်ညွန့်ပြီး ကျွန်တော်ရေးသလိုလေး လုပ်ကြည့်တာပါဗျာ………………..အားလုံးပဲအဆင်ပြေနိုင်ကြပါစေဗျာ………
စာအုပ်ထဲမှာကတော့နည်းလမ်းတွေအများကြီးပဲ ဗျ ဒါပေမယ့်ကျွန်တော်က အခြေခံကျကျသိသင့်တယ်လို့ယူဆထားတဲ့ အချက်လေး နှစ်ချုက်ကို တင်ပြပေးမှာပါဗျာ……………
ကဲ ပထမနည်းလမ်းစပြီးဗျို့
စင်ကိုမကြောက်ပါနဲ့ သို့ ပရိတ်သက်ကိုမကြောက်ပါနဲ့
ခေါင်းစဉ် က စင်ကိုမကြောက်ပါနဲ့တဲ့ ဘယ်လိုပဲပြောပြောပါ တစ်ကယ်တမ်းစင်ပေါ်ကိုတက်ရတော့မယ်ဆိုရင် စင်ကို ယောက်ခမထက်ကိုပိုကြောက်တော့တာပဲ ။ ပရိတ်သက်ကိုမကြောက်ပါနဲ့တဲ့ ပိုဆိုးတယ်ဗျ အားလုံးကို စင်ပေါ်မှာရှိတဲ့ကိုယ်ကိုဝိုင်းကြည့်နေတာဖြစ်တဲ့အတွက် ပိုပြီးတော့ကြောက်တယ်ဗျ ။ အတွေ့အကြုံမရှိရင်ပိုဆိုးတယ်ဗျ စင်ပေါ်တက်ပြီး စပြီးပြောတဲ့အချိန် အဲဒီအချိန်က ကြောက်စရာအကောင်းဆုံးအချိန်ပဲ ဘာမှကိုမသိတော့ဖြစ်ချင်နေတယ် ဖြစ်နိုင်မယ်ဆိုရင် အဲဒီ့စင်ပေါ်ကနေ ထွက်ကိုပြေးသွားချင်တာဗျာ ။ စကားပြောရင်လည်းထစ်ထစ်ငေါ့ငေါ့နဲ့အဆင်ကိုမပြေဘူး။ လူကလည်းတုန်နေတယ် ဘာမှကိုခြေမကိုင်မိလက်မကိုင်မိဖြစ်နေတယ် ။ကျွန်တော်အခုပြောခဲ့တာတွေအားလုံးက ကျွန်တော် တစ်ကယ် ကိုရင်ဆိုင်ခဲ့ရတာပါ ။ ကျွန်တော် စပြီးစင်ပေါ်ကိုတက်တော့ ဘာမှကိုမမြင်တော့ဘူး ဒူးတွေကလည်းတုန်လို့ ဆယ်ရက်လောက်ထမင်းမစားပဲ ကော်ဖီဆယ်ခွက်လောက်စွပ်သောက်လိုက်သလိုပဲ လှပ်လှပ်နဲ့ ။ ဒီခံစားချက်တွေကတော့ဘယ်သူမဆိုပထမဦးဆုံးစင်ပေါ်တက်တဲ့သူတိုင်းအနည်းနဲ့အများရင်ဆိုင်နေကြတာပါ ။
ကဲ ခံစာချက်တွေတော့ပြောပြီးသွားပြီး ကျွန်တော်ကအဲဒီပထမဦးဆုံးစင်ကြောက်တာကို စာအုပ်ထဲက ဘယ်လိုပြောထားတယ် ကျွန်တော်ဘယ်လိုဖြေရှင်းသွားတယ်ဆိုတာကို နှိုင်းယှဉ်ပြီးပြောသွားမှာပါ။
ပထမဦးဆုံးစာအုပ်ထဲကပြောထားတာက တော့ စင်ကိုကြောက်ရင် စင်ကိုများများတိုးပါတဲ့ ။ အဟဲ နည်းကတော့ရှယ်ပဲ ကြောက်ပါတယ်ဆိုနေမှ ဘာလို့စင်ကိုတိုးခိုင်းတာလဲ ဆိုတော့က ။ မိတ်ဆွေ သင် ၀က်သားကြိုက်လားဗျ ။ အကယ်၍များ ၀က်နဲ့မကျွေးပဲ ငါးပိရည်နဲ့ကျွေးမယ် မိတ်ဆွေစားမလား ???????????
ပထမပိုင်းမှာတော့ဘယ်စားမလဲ ဒါပေမယ့်နောက်ပိုင်းမှာ အဲဒါမှမစားရင် ဘာမှစားစရာမရှိတော့ဘူးဆိုတဲ့စိတ်လေးဝင်လာရင်တော့ စားတော့မှာပဲမဟုတ်လား နောက်များမှာ မိတ်ဆွေ အဲဒါမပါရင်ထမင်းတောင်မစားတတ်တော့အဆင့်ထိဖြစ်သွားမှာပါ ။ စာအုပ်ထဲကနည်းကတော့ မိတ်ဆွေ မစားချင် လည်းကြိတ်မှိတ်ပြိးစားခိုင်တာပဲ ။ စင်ကိုလည်းကြောက်ပေမယ့် ဖြစ်ချင်ရာဖြစ် ဆိုပြီးတိုးရမှာပဲ ။မိတ်ဆွေ ကျွန်တော်အတွေ့အကြုံကိုပြောရရင်တော့ နှစ်ကြိမ်လောက် ရင်ဆိုင်ကြည့်လိုက် နောက်ဆိုသင်စင်ကိုကြိုက်သွားပါလိမ်မယ့် ။ ကျွန်တော်တစ်ကယ်ပြောတာပါ စင်ကိုကြောက်တယ်ဆိုရင် စင်ပေါ်ကိုများများတက်တာအကောင်းဆုံးပါပဲ…………………………………………… စင်ကြောက်ခြင်းအတွက် စင်ပေါ်ကို များများတက်ပြီးပြောချင်းက အကောင်းဆုံးဆေးပါပဲဗျာ ။ ပရိတ်သတ်ကိုကြောက်တဲ့ပြဿနာအတွက်က တော့ မိတ်ဆွေတွေနဲ့အကြိမ်ရေများများစုပြီး ကိုယ်ကဦးဆောင်ပြီးစကားများများပြောပါ နောက် ရပ်ကွက်ထဲမှာရှိတဲ့ဆွေးနွေးပွဲတွေမှာလည်းဝင်ရောက်ဆွေးနွေးပါတဲ့( စာအုပ်ထဲမှာပါတဲ့အချက်တွေဗျ တစ်ချို့ကိုတော့သိပ်သဘောမတူဘူး ဥပမာ ရပ်ကွက်ထဲမှာ ဆိုတဲ့အချက်ကိုသိပ်သဘောမကျဘူး) ကျွန်တောကတော့ပရိတ်သက်ကိုကြောက်လာရင် ဘယ်လိုလုပ်လဲဆိုတော့ ပရိတ်သတ်ကိုကြည့်ပြီးအားလုံးဟာ ကျွန်တော်သူငယ်ချင်တွေပဲလို့တွေးပြီးပြောလိုက်တယ် ကျွန်တော့်အတွက်တော့အဲဒီနည်းလမ်းဟာ တော်တော်လေးကိုကောင်းတယ်ဗျ မိတ်တွေတို့လည်းစမ်းသုံးကြည့်ပေါ့ဗျာ အသုံးကျလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ။
ဒုတိယအချက်ကိုစကြရအောင်ဗျာ
ကြိုတင်ပြင်ဆင်ခြင်း
ကြိုတင်ပြင်ဆင်ခြင်းတဲ့ စင်ပေါ်တက်ပြီးစကားပြောတဲ့နေရာမှာ စင်ပေါ်မရောက်ခင် ကြိုတင်ပြင်ဆင်ခြင်းတိုတဲ့ အဆင့်ကို ပြုလုပ်ထားမှသာလျှင် သင်ပြောချင်တဲ့အကြောင်းအရာကို တိတိကျကျပြောနိုင်မှာဖြစ်ပါတယ် ။ ကျွန်တော့်အတွေ့အကြုံရပြောရရင် အနည်းငယ်လောက်တောင်ပြင်ဆင်မှုမရှိပဲ တက်ပြောမယ်ဆို မိတ်ဆွေ သင် ပထမဦးဆုံးခြေလှမ်းကျဆုံးသွားပြီလို့ပြောလို့ရပါတယ်။ ကျွန်တော်ဆို စင်အတွေ့အကြုံမရှိပဲ ပထမဦးဆုံးအကြိမ်ပြင်ဆင်မှုမရှိပဲ စင်ပေါ်တက်ပြောခဲ့တဲ့အတွက် စင်ပေါ်ကနေ ကျွန်တော် ဆင်းပြေးခဲ့တယ် တစ်ကယ်ပါ အဲဒီအချိန်ဟာ ကျွန်တော်ဘ၀ရဲ့ ရှက်ဖွယ်ရာကောင်းတဲ့အချိန်တွေထဲမျာလည်းပါဝင်ခဲ့တယ် ။ ဒါပေမယ့် ကျွန်တော်စိတ်ဓါတ်မကျခဲ့ပါဘူး ။ အဲဒီနေရာမှာပြောထားတာက စာအုပ်ထဲမှာကော ကျွန်တော့်အတွေ့အကြုံအရဆိုရင်ကော ပြောရရင် အဲဒီအချိန်မှာကြောက်လန့်ပြီးနောက်ထပ်ဆက်မလုပ်ရင် နောက်ခါ ကျရင် လုံးဝ ကို အဆင်မပြေတော့ပါဘူး ကျွန်တော် ခံစားဖူးခဲ့တဲ့ခံစားချက်လေးပေါ့ဗျာ။ အခုတော့ မကြောက်တော့ပါဘူး။ နောက်ပြီး ပြင်ဆင်မှုမရှိပဲလည်း စင်ပေါ်တက်ပြီးမပြောတော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့အရှုက်တွေလည်းကွဲခဲပေါင်းများလေပြီလေဗျာ။ ကျွန်တော်အခုပြောတဲ့အချက်နှစ်ချက် က တစ်ကယ်တမ်းစင်ပေါ်တက်ပြောတဲ့အခါ အခြေခံကျကျသိကိုသိရမယ့်အချက်လေး နှစ်ချက်ဖြစ်ပါတယ် ။ စာအုပ်ထဲမှာ အကြံဥဏ်တွေအများကြီးပါပေမယ့် တစ်ချို့အချက်တွေက တော့ သိပ်သုံးလုံအဆင်မပြေဘူးလို့ကျွန်တော်ထင်တယ် ။ အဲဒီစာအုပ်ထဲက ကျွန်တော်တင်ပြထားတဲ့အချက်လေးနှစ်ချက်က တစ်ကယ်ကို ကျွန်တော့်အတွက်အသုံးဝင်ခဲ့တာပါဗျာ……………… မိတ်ဆွေတို့အတွက် တစ်ခုခုများအသုံးဝင်သွားရင် ကျွန်တော် ကျေနပ်ပါပြီဗျာ …………………….နောင်တစ်ချိန်မှာအိုင်တီလောကမှာဝင်ရောက်တော့မယ် လူငယ်များနှင့် ၀င်ရောက်ပြိးဖြစ်နေတဲ့လူငယ်များအတွက် ဒီ Public Speaking Skill ဟာ တော်တော်လေးကို အသုံးတည့်လာတော့မှာဖြစ်တဲ့အတွက် ကျွန်တော်တတ်သလောက်မှတ်သလောက်လေး တင်ပြကြည့်တာ ပါ ။ နောက်တစ်ခါအဆင်ပြေရင် ကျွန်တော် ကျောင်းတုန်းကသင်ဖူးခဲ့တဲ့ Public Speaking Skill ကိုပြန်ပြီးတင်ပြပေးပါ့မယ်ဗျာ…………..အားလုံးပဲပျော်ရွှင်ပါစေဗျာ

ပျင်းရိခြင်း

ပျင်းလိုက်တာ တစ်နေ့ထက်တစ်နေ့ အရှုးကြီးလိုဖြစ်နေတဲ့ ငါ့ဘ၀ အခုတော့ ဟင်း………….မောလိုက်တာ
လောကကြီးထဲမှာနေရတာ ကုန်ဈေးနှုန်းနဲ့ လူအချင်းချင်းမှာရှိတဲ့ မာန အတ္တ ရယ် မကျေနပ်ချက်တွေ ရယ် စုပေါင်းပြီး လူအများစောက်မြင်ကပ်တဲ့ လူသားအဖြစ် ကျွန်တော်နေထိုင်ခဲ့တယ်။ လူတစ်ချို့ကပြောတယ် ။ ။ သာဂိ မင်းဟာ အရှုးပဲတဲ့ ကျွန်တော်ကလည်းပြန်တွေးမိပါတယ် သူလည်း အရှုးမို့လို့ ကျွန်တော့ကိုအရှုးလို့ပြောတာပဲလို့ ။ မြတ်စွာဘုရားတောင်မှပြောခဲ့တယ် ပုထုဇဉ်နော ဥမ္နတကော တဲ့ လူမှန်သမျှဟာအရှုးပဲတဲ့။ လူသားအားလုံးဟာ ကိုစိတ်ဝင်စားတဲ့အရာတွေနဲ့ရှုးသွပ်တဲ့လူတွေချည်းပါပဲတဲ့ ။ အင်္ဂလိပ်လိုဆိုရင် crazy ပေါ့နော်။ ကျွန်တော်လည်းစဉ်းစားပါတယ် ။ သူတို့က ကျွန်တော့်ကိုဘာကြောင့်အရှုးလို့ပြောတာလဲပေါ့ ။ သူတို့နဲ့မတူလို့ အရှုးလို့သတ်မှတ်ကျတာတဲ့ ။ ဒါဆိုသူတို့ကတော့ မရှုးဘူးလား။ သူတို့လည်း ကောင်မလေးကိစ္စ ၊ စီးပွားရေး ၊ ဂုဏ်သိက္ခာတွေအတွက် ရှုးသွပ်နေတဲ့ လူသားတွေပဲဗျာ မဟုတ်ဘူးလား။ ကျွန်တော့်ကျမှာ အဲဒီအရှုးတွေအားလုံးစုပြီး ကျွန်တော့်ကိုအရှုးလို့ သမုတ်ကျတော့ ကျွန်တော် လည်း အရှုးကြီးပေါ့ဗျာ………………………………………