Saturday, July 24, 2010

Bloger တစ်နှစ်ပြည့်

ကိုရင်သာဂိတစ်ယေက် Blog ရေးတာ တစ်နှစ်ပြည့်သွားပါပြိ ။ ဒီလို Blog လေးဖြစ်လာဖို့အတွက် ကျွန်တော်ကျေးဇူးတင်ရမယ့်ကျေးဇူးရှင်တွေအများကြီးရှိပါတယ် ။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်ရဲ့ ပျင်းရိဖွယ်ရာကောင်းပြီးကိုယ့်အကြောင်းကိုယ်ပြောနေတဲ့ Blog လေးကိုစိတ်ရှည်လက်ရှည်နဲ့ဖတ်ပြီး comment တွေပေးတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ။

ကျွန်တော် Blogလေးဖြစ်လာဖို့အတွက် ပထမဦးဆုံးကျေးဇူးတင်ရမှာက ကျွန်တော်အားကျောင်းမှ သင်ခန်းစာအဖြစ် Blog ရေးဖို့အမြဲတမ်းခိုင်းတဲ့ ဆရာနေယံဦးပါ ။ သူရဲ့တိုက်တွန်းချက်များကြောင့် ကျွန်တော်ဟာ Blog ကို ပုံမှန်ရေးဖြစ်လာဖို့အတွက် တိုက်တွန်းပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါလှပါတယ်ဗျာ ။ ကျွန်တော် အားတာဝန်အရဆိုပေမယ့်တစ်ကယ်စိတ်ရင်းနဲ့ Blogရေးဖို့ကိုတိုက်တွန်းပေးတဲ့ ဆရာကိုနေယံဦး(Myanmar Egress) ကိုကျေးဇူးတစ်ကယ်တင်ပါတယ်။

 နောက်ထပ်ကျေးဇူးတင်ဖို့ကောင်းတဲ့ သူတစ်ယောက်ကတော့ Yangonese ပါ ။ သူက ကျွန်တော့်ကိုကျောင်းပြီးတော့ Blog ဆက်ရေးဖို့ ကို တွေ့တိုင်းတိုက်တွန်းတတ်လို့ သူ့ကြောင့်လည်းPost တွေတော်တော်များများရေးဖြစ်တာလည်းပါပါတယ် ။ ကျွန်တော်ခေါင်းစားနေလို့ စာတွေမရေးနိုင်တဲ့အချိန်မှာ ကျွန်တော့်အတွက် စာရေးနိုင်ဖို့ကိုအားကြိုးမာန်တက် ကူညီပြီးအချက်အလက် တွေရှာပေးတယ် ။ နောက်နည်းပညာအသစ်တွေကို ရှာပေးတဲ့အတွက် သူ့ကြောင့်လည်း ကျွန်တော IT ပညာရပ်တော်တော်များများကိုသိရှိနားလည်းခဲ့ပါတယ် ။ သူဟာ ကျွန်တော် ကွန်ပျုတာနည်းပညာရပ် များကိုလေ့လာဖို့အတွက် လမ်းပြပေးသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဒီဆိုဒ်လေးဟာ ကျွန်တော့်အတွက် ဘ၀တစ်ခုလိုဖြစ်နေပါတယ် ။ ကျွန်တော်ဘ၀မှာ လိုအပ်တဲ့ ပညာရပ်တွေ အပေါင်းအသင်းတွေ မိတ်ဆွေတွေဟာ ဒီblog လေးကြောင့် တိုက်ရိုက်သော်လည်းကောင်းသွယ်ဝိုင်သော်လည်းကောင်း ရရှိစေပါတယ် ။ ဒီ blog ရေးခြင်းဟာ ကျွန်တော့အတွက်တော့ ဘ၀အချိုးအကွေလေးတစ်ခုအဖြစ် မှတ်တမ်းတင်လို့နေပါတယ် ။

ကျွန်တော့် ဆိုဒ်မှာ ၀င်ရောက်ပြီးဝေဖန်ပေးတဲ့မှတ်ချက်ပေးတဲ့ အစ်ကိုအစ်မတွေအားလုံးကို ကျွန်တော်ကနေ အထူးပင်ကျေးဇူးတင်ရှိပါသည်။

ကိုရင်သာဂိ
အားလုံးကိုလေးစားစွာဖြင့်

No comments:

Post a Comment