Friday, August 13, 2010

NO Title

ပျင်းလို့ စာမရေးတာရယ် မျက်စိကိုက်လို့စာမရေးတာရယ် အမေဆူလို့ စာမရေးဖြစ်တာရယ် သူငယ်ချင်းလာခေါ်လို့ စာမရေးဖြစ်တာရယ် ချစ်သူ ကိုလွမ်းလို့ စာမရေးဖြစ်တာ ရယ် ခေါင်းထဲမှာ ရေးစာ အကြောင်းအရင်းမရှိလို့ မရေးဖြစ်တာရယ် တစ်နေ့လုံးလျှောက်သွားပြီး မှ ပင်ပန်းလို့ဆိုပြီး စာမရေးဖြစ်တာရယ် လေတွေလိမ့်ပေါပြီး ဘာမှမရေးဖြစ်တာရယ် သီချင်းနားထောင်နေလို့ ဆိုပြီးစာမရေးဖြစ်တာရယ်ဧည့်သည်လာလို့ဆိုပြီး စာမရေးဖြစ်တာရယ် မီးပျက်နေလို့စာမရေးဖြစ်တာရယ် ဗိုက်တွေအောင့်နေတယ်ဆိုပြီးစာမရေးဖြစ်တာရယ် ပျင်းလို့ဆိုပြီး သူငယ်ချင်းအိမ်မှာသွားအိပ်မလို့စာမရေးဖြစ်တာရယ် မီးပျက်လို့ဆိုပြီးစာမရေးဖြစ်တာရယ် ကွန်ပျူတာက ပျက်နေတယ်ဆိုပြီး စာမရေးဖြစ်တာရယ် Blogspot က ဘမ်းထားတယ်ဆိုပြီးစာမရေးဖြစ်တာရယ် Saudi Proxy သေသွားလို့ဆိုပြီးစာမရေးဖြစ်တာရယ် ကဗျာရေးချင်တယ်ဆိုပြီးထိုင်တွေးနေလို့ စာမရေးဖြစ်တာရယ် ဗိုက်ဆာနေလို့ ထမင်းသွားစားဦးမယ်ဆိုပြီး စာမရေးဖြစ်တာရယ် သူငယ်ချင်းနဲ့ချိန်းထားတယ်ဆိုပြီး စာမရေးဖြစ်တာရယ် မိုးရွာလို့ဆိုပြီးစာမရေးဖြစ်တာရယ် ရာသီဥတုပူလို့ဆိုပြီး စာမရေးဖြစ်တာရယ် လက်တွေကိုက်နေတယ်လို့ ဆိုပြီး စာမရေးဖြစ်တာရယ် သီချင်းစာသားလေးကို ဖျက်မယ်ဆိုပြီးနားထောင်နေရင်းနဲ့အိပ်သွားလို့စာမရေးဖြစ်တာရယ် ရေးချင်စိတ်တွေပျောက်နေလို့ မရေးဖြစ်တာရယ် အင်တာနက်သွားနေလို့ စာမရေးဖြစ်တာရယ် ဒါတွေ့နဲ့ပဲ တစ်နေ့တစ်နေ့ ကျော်ဖြတ်နေရတဲ့ ကျွန်တော့်ကိုယ်ကျွန်တော်ပေးနေတဲ့ ဆင်ခြေလေးတွေပေါ့ဗျာ ။

 တစ်ခါတစ်လေစဉ်းစားကြည့်ပါတယ် ဘာကြောင့်များစာရေးဖို့ကို တော်တော်လေးပျင်းနေတာလဲလို့ ။

ကိုယ်ကိုယ်ကို ပေးလေ့ရှိတဲ့ ဆင်ခြေလေးတွေကို ပြန်တွေးပြီးမှတ်တမ်းတင်ကြည့်တာပါ ကျွန်တော် ဘယ်လောက်ထိပျင်းလဲဆိုတာကို ။ ကိုယ့်ကိုကိုယ်လည်းတွေးမိပါတယ် ဘာကြောင့်များဒီလိုဖြစ်နေတာလဲလို့ ဘယ်လိုပဲတွေးတွေးပေါ့နော် ကိုယ်ကိုကိုယ်တော့အကောင်းမြင်တတ်ပါတယ် :p

 စာတွေရေးဖို့ကို ခေါင်းထဲမှာအများကြီး တွေးမိပါတယ် ။ ဒါပေမယ့် တွေမိတဲအချိန်ပဲသတိရတယ်ဗျ ပြန်လည်းရေးရော ဘာမှပြန်မပေါ်လာတော့ဘူး ဗျာ ။

တစ်နေ့ စာရေးဖို့ဆိုရင် ဟိုအကြောင်းပြလိုက် ဒီအကြောင်းပြလိုက်နဲ့ ဘာမှကိုမလုပ်ဖြစ်သေးဘူး ဒါ့အပြင် ထားလိုက်တဲ့ ရည်မှန်းချက်ကလည်း အများကြီးပဲ ဘာဖြစ်လ်ာလည်းဆိုရင် ဘာမှာကိုမဖြစ်လာသေးဘူး။

 တစ်နေ့ တစ်နေ့ စကားကြီးစကားကျယ်ပြောလိုက် ဟိုဟာလေးကောင်းတယ်ဆိုရင်လုပ်လိုက် ဒီဟာလေးကောင်းတယ်ဆိုရင်လုပ်လိုက် ဘာမှကိုမဖြစ်လာသေးတဲ့ ကျွန်တော်ပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့နော် ဘာမှမတွေး ပဲ နေတာထက်စာရင် တွေးနေတာကတော့ကောင်းတာပေါ့နော်( အဲအတွေးမချော်ဖို့လည်းအရေးကြီးသေးတယ်နော်) ။ ဆင်ခြေပေးတဲ့ ပါးစပ်ထမင်းငတ်တတ်တယ်တဲ့ ကျွန်တော်အခုထိတော့ မငတ်သေးဘူး အမေ့အိမ်မှာနေလို့ ဟီး………………. ဘယ်အချိန်ကျမှငတ်မလည်းမသိဘူး ။

 ဘာကြောင့်ဒီစာလေးကိုရေးရသလဲဆိုရင် ကျွန်တော်ကို ကျွန်တော်ဆုံးမချင်လို့ပါ။ တစ်နည်းအားဖြင့် ကျွန်တော်ဘယ်လောက်သောက်သုံးကျသလဲဆိုတာကို လူပုံအလယ်မှာတစ်ကမ္ဘာလုံးသိအောင်ကြေငြာတာပေါ့နော်။
 ဆင်ခြေများလည်းထပ်ဖြည့်ပေးလို့ရပါတယ်ဗျာစိတ်ဆိုးပါဘူးဗျာ။

……………………………… အားလုံးပဲပျော်ရွှင်ကြပါစေ

No comments:

Post a Comment