Friday, February 5, 2010
ကျွန်တော်နှင့်ကွန်ပျူတာ Virus တို့၏ စစ်ပွဲ
ကိုရင်သာဂိတစ်ယောက် ခေါင်းစဉ်အကြီးကြီးတပ်လို့ သိပ်လည်းအထင်းမကြီးသွားပါနဲ့ဦးဗျ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့သော လေးလခန့်က ကိုရင်သာဂိတစ်ယောက် ဘုန်းကြီးသွားဝတ်တုန်း ကိုရင်သာဂိရဲ့ဦးလေးက သူရုံးက Virus တွေသယ်လာတယ်ဗျ ။ စစ်ပွဲက အဲဒီအချိန်ကျမှ စတာဗျ နောက် ပြီး ကျွန်တော်ကွန်ပျူတာထဲမှာ က ကျွန်တော်သူငယ်ချင်းတွေကြိုက်တဲ့ အရာတွေလည်းရှိတော့ သူတို့ကလည်း မန်မိုရီး စတစ်ကလေးတွေနဲ့လာကူးတော့ သူတို့စက်တွေလည်းကူးကုန်တာပေါ့ဗျာ အဲဒီVirus က မိုက်တယ်ဗျ သူက Taskmanger ရယ် Rgistry ရယ် နောက်ပြီး startup မှာ iiiiiii.exe , Fun.exe, svhq.exe ရယ် က ပေါ်နေတယ်ဗျ ။ အစပိုင်းမှာ တော့ကိုက်တာသိပေမယ့် ဘာလက္ခဏာမှမပြသေးဘူးဗျ ။တစ်ခုပဲရှိတယ် Data ထည့်ထားတဲ့ Hard Disk နောက်တစ်ပိုင်းကတော့ သူ့အထဲမှာ ရှိတဲ့ Files ,Folder တွေ အားလုံပျောက်သွားတယ် ။ Folder Option ပေါ်နေပေမယ့် Hidden File ပြန်ဖေါ်လိုက်တိုင်း ပျောက်သွားတော့ တိုင်တွေပတ်နေတာပေါ့ဗျာ ။ အဲ ဒီ အပိုင်းမှာ က ကျွန်တော် ရဲ့ Data တွေ အများကြီးပါသွားတယ်ဗျာ ။ အဲ အစပိုင်းကတော့ ကျွန်တော် တော်တော်လေးကိုလန့်သွားတယ်ဗျာ ကျွန်တော် Data တွေပျောက်ပြီးဆိုပြီးတော့။နောက်တော့မှ properties ခေါ်လိုက်တော့ space တွေက Data တွေရှိကြောင်းတော့ပြနေတော့ ကျွန်တော်တော်တော်လေး တော့စိတ်အေးသွားတယ်း ကျွတော်ဆီမှာ တင်ထားတဲ့ AntiVirus က Kasperkey 2007ဆိုတော့တော်တော်လေးကိုဒိတ်အောက်နေတယ် update လုပ်ပေးပေမယ့် အဆင်မပြေဘူး Virus ကိုသတ်လို့ကိုမရဘူး ။ အဲ ဒီလိုနဲ့ ကွန်ပျူတာကြီး ကို စိတ်ပျက်လက်ပျက်နဲ့ ပဲ ပြစ်ထားလိုက်ရောဗျာ ။ အဲ…. အဲဒီမှာ ထူးဆန်းတာတစ်ခုက နှစ်လလောက်လဲ ပြစ်ထားလိုက်ကော Hard Disk ထဲမှာFile တွေ Folder တွေပြန်တော့ ပေါ်လာတယ်ဗျ extension က .exe နဲ့ နှိတ်လို့တော့ရပါတယ် ဒါပေမယ့် system ကတော်တော်လေးကိုပျက်စီးနေပြီ ။ ကျွန်တော်လည်း တော်တော်လေးကိုစိတ်ပျက်သွားပြီး windows တင်ဖို့ကိုစဉ်းစားလိုက်တယ် ။ အဲ……… Data တွေက Virus ကိုက်နေတဲ့ Hard Disk ထဲမှာဆိုတော့ Format လည်းချလို့မရ တော်တော်လေးကိုတိုင်ပတ်နေတယ် ။ နောက် ဆုံး မှာ ဒီ Virusကိုလက်ရှော့ပြီး ဆိုင်ပို့ဖို့ကိုတောင် စိတ်ကူးမိတယ် နောက်တော့လည်းဘာရမလဲ ငါလည်း ပညာရှုင်ပဲဆိုပြီး အသိ အင်တာနက်ကဖီးကိုသွားပြီး အလကားရတဲ့ Avira ကို သွားတောင်းလိုက်တယ် . ပြီးတော့ Update ကိုလည်း Download ချလိုက်တယ် ။ ကဲ Virus ရေ နင်နဲ့ငါနဲ့တွေပြီဆိုပြီးတော့ ။ အဲ Antivirus ကို တင်ပြီးတော့ Scan လုပ် လိုက်တာကာမှာ ကျွန်တော်ဖိုင်တွေအကုန်လုံးကုန်ရော ဗျာ သူက .exe ဖိုင်တွေထဲမှာ ၀င်ပြီး ရေးထားတာဆိုတော့ သူက တွေသမျှ .exe file တွေ အားလုံးကို ၀င်ပြီး မွှေပါလေရောဗျာ ကျွန်တော်လည်းတော်တော်လေးကို စိတ်ပျက်သွားတယ် ။ နောက်တော့ ဘာရမလဲ Ubuntu နဲ့တက်ပြီး သတ်ရောဗျာ အဲဒီအချိန်ကျမှ Ubuntu ဆိုတာ ဘာလဲ စသိတာ ဗျ ။ နောက်တော့လည်း ဘယ်ရမလဲ နင်ကပဲ စွမ်းလား ငါကပဲ တတ်နိုင်သလား ဆိုပြီး ဖိုက်တာပေါ့ဗျာ ။ နောက်ဆုံးတော့လည်းကိုရင်သာဂိတစ်ယောက် computer virus များကိုအောင်နိုင်သွားပါတော့သည် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment