Friday, February 5, 2010

ရန်ကုန်သား(Yangonese) နဲ့ကျွန်တော်

ကိုရင်သာဂိပြောမယ့် ရန်ကုန်သားက အင်တာနက်ပေါ်မှာ လူအချို့ က သူ့ကို (yangonese) လို့တော့သိကြတာပဲဗျ ။ သူ့အကြောင်းကိုပြောရရင်တော့ အင်း……… Myanmar Egress မှာသင်တန်းစတက်တဲ့အချိန်မှာပေါ့ဗျာ ။ အဲ အဲဒီတုန်းက သူက ဆရာကြီး အထာနဲ့ဗျ သူက ဘယ်သူ့ကိုမှ ဘာမထီတဲ့ ပုံစံနဲ့ပေါ့ဗျာ (အဲ မျက်တွင်းကတော့ အဲဒီတုန်းက ဟောက်ပက်ကြီးဗျ ) ။ကျွန်တော် လည်း သူ့ကို သတိမထားမိပဲ ကိုယ့်ဘာသာကို သင်တန်းဆက်တက်တာပေါ့ ဗျာ ။ သင်တန်းတက်ပြီး နှစ်ပတ်လောက်ကြာတော့ သင်တန်း(citizen journalist) က blog အကြောင်းကို ကိုညီလင်းဆက်ကလာပြိးပြောတော့ ကျွန်တော်တို့က စိတ်ဝင်စားပြီး သင်တန်းသားတွေကိုယ်တိုင် ကိုယ်ဘာသာကိုယ် blog လေးထောင်ထားမယ် ပေါ့ ။ကျွန်တော်လည်း စိတ်ဝင်စားပြီး အဲဒါကိုလုပ်ဖို့ ခေါင်းစဉ်ရွှေးတော့ ကိုရင်သာဂိလည်း ခေါင်းဆောင်ပေးတာပေါ့ဗျာ။ အဲ သူက အဲဒါကိုကျွမ်းကျွမ်းကျင်ကျင်ဆွဲတတ်တော့ သူက တာဝန်ယူမယ်ပေါ့ ကျွန်တော် ရယ် ကျွန်တော်သူငယ်ချင်း နေလင်းထိုက်(sparrow) ရယ်က နံမည်အတွက်တာဝန်ယူရတာပေါ့ဗျာ ။ အဲဒီအချိန်မှာ အဲဒီရန်ကုန်သားနဲ့ ကျွန်တော်စပြီးရင်းနှီးတယ်ပေါ့ဗျာ ။အဲသူက ပေါင်းရတာတော့ တော်တော်လေးကို ကောင်းပါတယ် ။.ဒါပေမယ့်စိတ်မလိုရင် ထဆဲတာလေးကလွဲလို့ပေါ့ဗျာ ။ သူနဲ့ကျွန်တော်တို့ဟာ သင်တန်းတက်တဲ့ကာလတစ်ဝက်လောက်တော့ မေးထူးခေါ်ပြော အဆင့်လောက်ပဲရှိတယ် ။ အဲ သင်တန်းပြီးခါနီးလည်းကျရော ရန်တွေအတူတူဖြစ် နောက်ပြီးတော့ ဂျာနယ်ထုတ်ရတော့ သူက သူ့အဖွဲ့မှာ သူကတစ်ယောက်တည်းလုပ် ကျွန်တော်ကလည်း ကျွန်တော့်အဖွဲ့မှာ တစ်ယောက်တည်းနီးပါ လုပ် ရင်းနဲ့ သူနဲ့တော်တော်လေးရင်းနှိးသွားတာပေါ့ဗျာ ။နောက်ဆုံးသင်တန်းပြီးခါနီးလေးမှာ ကျွန်တော်တို့ သင်တန်း တစ်ခုလုံးပေါင်းပြီး ဂျာနယ်ထုတ်ဖို့လုပ်တော့ သူရယ် ကျွန်တော်ရယ် က ကျွန်တော်တို့ကျောင်းမှာ အိပ်ကျတော့ ရင်းရင်းနှီးနှီးဖြစ်သွားတာပေါ့ဗျာ ။ အဲ သူက အိပ်ရေးများများပျက်ရင် ပေါင်းလို့မကောင်းဘူး သူ့နဲ့ စကားပြောရင် အရင် အိပ်ရေးဝလားလို့ကြည့်ရတယ်ဗျ(ဟဲ ဟဲ )။နောက်ဆုံးတော့တော်လေး ရင်းနှီးသွားတာက ကျွန်တော်တို့သင်တန်းကနေ ဖျာပုံကို ခရီးထွက်လိုက်ရတာပဲ အဲဒီမှာ ရန်ကုန်သားရယ် ကျွန်တော်ရယ် နောက် ကျွန်တော်တို့သူငယ်ချင်း မသုံးလုံး(အခုတော့အိမ်ထောင်ကျနေပြီးဟု သူကဆို) ရယ် ဒေးဒရဲ့အပိုင်ဖြစ်သော မငေးကြီး အစု ကန်စုကျေးရွှာရယ် မငေးကြီးကျေး ရွှာတွေကို ခရီးထွက်လိုက်တာ အင်းတော်တော်လေးကိုခင်သွားကြတာပဲဗျ။ အဲဒီမှာ ရန်ကုန်သားက ရေနစ်တယ်ဗျ(အင်း…ရန်ကုန်သားဆိုတော့က ) ချောင်းကလည်းတော်တော်လေးကိုကျယ်ပါတယ် ဗျာ ပလက်ဖောင်းလေးနှစ်ခုစာတောင်မရှိပါဘူး ။ ရေတက်ချိန်ဆိုတော့လူတစ်ရပ်ကျော်သွားတာပါဗျ ။ အဲ တစ်ကယ်တန်းကတော့ ရေနစ်တာကျွန်တော်ဗျ ဘာဖြစ်လို့လည်းဆိုတော့ သူကိုသွားဆယ်တဲ့ကျွန်တော်က ရေအောက်ရောက်နေပြီးသူက ကျွန်တော်ကို ခွပြီးတက်လိုက်တော့ သူကအပေါ်ကိုရောက်သွားတာပေါ့ဗျာ .. အဲဒိမှာ စပြီး တော့ ညီအစ်တွေလိုဖြစ်သွားကြတာပေါ့ဗျာ ။ အဲ ……….အဲဒီနေ့မှာရေနစ်တဲ့အထိမ်းအမှတ် မငေးကြီး ကျေးရွှာမှာရှိတဲ့တစ်ခုတည်းသော လဘက်ရည်ဆိုင်ဆီဒိုးနားကိုသွားပြီး အသက်ဘေးက လွတ်မြောက်လာခြင်းအထိမ်းအမှတ် ကော်ဖီလေးတော့သွားသောက်ကြပါတယ် ။ ကျွန်တော်ကို blog ရေးအောင်လုပ်တာ အဲဒီရန်ကုန်သားလို့ပြောလို့ရပါတယ် ။ ဒီ Blog ကို အစပိုင်းရေးတုန်းက နိုင်ငံရေးတွေရေးဖို့ ပြင်ဆင်ထားတာဗျ ။အဲ နောက်တော့ လည်းနောင်တတွေရသွားတာနဲ့ မရေးချင်တော့ဘူးဗျာ ။ နိုင်ငံရဲအရေးဟာ နိုင်ငံသားအားလုံးရဲ့အရေးပါ ဒါပေမယ့် ဗျာ နိုင်ငံသား တွေ အတွက် တော့ ဘာမှာ အကျိုးပြုနိုင်မှာ မဟုတ်လို့ မရေးတော့ဘူးလို့တွေးထားတာပဲ ။ အတွေးပေါ်လာလို့ရင်တော့တစ်မျိုးပေါ့ဗျာ
ကျွန်တော်နဲ့ ရန်ကုန်သားက တူညီတဲ့အတွေးတွေရှိတယ်ဗျ ။ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ သူကကျွန်တော်ရဲ့ဆရာ သို့သူငယ်ချင်းလည်းပြေလို့ရပါတယ် .။ တစ်ခါလေ တွေးမိပါတယ် သူနဲ့ကျွန်တော်ဘာကြောင့်တွဲမိတာလဲလို့ပေါ့နော်။ အဲဒီရန်ကုန်သားက ကျွန်တော်ရဲ့အကောင်းဆုံးသူငယ်ချင်းလို့တော့ပြောလို့ရတာပေါ့ဗျာ ။ အဲ သူ့ကြောင့် အင်တာနက်ပေါ်မှာ နံမည်လေးတစ်ခုတည်ဆောက်ဖို့ ကြိုးစားမိတာပေါ့ဗျာ ။ သူ့က ကျွန်တော်ကို အသိတရားလေး တွေတော်တော်လေးသင်ပေးပါတယ်။ အဲဒီအတွက် ကျွန်တော်ကတော့ သူ့ကို ဒီpost လေးနဲ့ ကျေးဇူးဆပ်တာပေါ့ဗျာ ။
ကဲ ရန်ကုန်သားရေ မင်းကို ဒီစာလေးနဲ့ မင်းအတင်းကိုပြောလိုက်တယ်နော်
ကိုရင်သာဂိ

No comments:

Post a Comment