ဒီ blog လေးက ကိုရင်သာဂိအတွက် ဒိုင်ယာရီလေးတစ်ခုပါပဲ။ ကိုယ်ဘာလုပ်ခဲ့လည်း ဘာတွေကိုတွေ့ကြုံခဲ့လည်းဆိုတာတွေအတွက် မှတ်တမ်းလေးတစ်ခုအဖြစ် သိမ်းဆည်းထားတဲ့အရာ လေးအဖြစ်ကျွန်တော် သတ်မှတ်ထားတာပါ။ ဒီဆိုဒ်လေးကြောင့် ကိုရင်သာဂိဆိုတာလေးဖြစ်လာတာပါ။ ကျွန်တော်ဒီဆိုဒ်ကိုစပြီးဆွဲတော့ ကိုရင်သာဂိတို့တက်တဲ့ကျောင်းက assignment တစ်ခုအနေနဲ့ လုပ်ခဲ့ရတာပါ ။ နောက်တော့လည်း ရေးရင်း ရေးရင်းကနေပြီးတော့ ၀ါသနာပါသွားတာ ။ နောက်တော့လည်းကျောင်းပြီးသွားတော့ တာဝန်တစ်ခုအနေနဲ့မဟုတ်ပဲ ၀ါသနာအရ ရေးဖြစ်သွားတာပါ။ ဒီဆိုဒ်လေးက ကျွန်တော်အတွက်တော့ ဘ၀ရဲ့မှတ်တိုင်တစ်ခုလိုပါပဲ။ ဒီဆိုဒ်လေးကိုအရင်းပြုပြီး မိတ်ဆွေတွေလည်းရခဲ့တယ် ။နောက်ပြီးအပေါင်းအသင်းတွေ အသင်းအဖွဲ့တွေမှာလည်း ပါဝင်ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါဟာ ကျွန်တော်ရဲ့ဘ၀ပါပဲ။ ကွန်ပျူတာကိုသင်တန်းမှာသင်တာတော်တော်လေးကိုကြာခဲ့ပေမယ့် ကွန်ပျူတာလောကလူတွေကိုသိတာ လပိုင်းလေးပဲရှိပါသေးတယ်။ အရင်တုန်းက Blogger ဆိုတာလေးကို Service + ကမိတ်ဆက်ပေးလို့ နည်းနည်းပါးပါးလေးနားလည်ပေမယ့် မသုံးဖြစ်ခဲ့ဘူး ။ နောက်တော့ Myanmar Egress မှာသတင်းထောက်သင်တန်းဖွင့်တယ်ဆိုလို့သွားတက်လိုက်တယ် ။အဲဒီမှာ ကိုရင်သာဂိတို့က Blogging ကို subject တစ်ခုအနေနဲ့သင်ရတယ် ။ နောက်ပြီး ကိုရင်သာဂိနဲ့သင်တန်းမှာ အမြဲတွဲနေတဲ့သူငယ်ချင်းက Blogger ဆိုတော့ ကိုရင်သာဂိလည်း သူ့ရဲ့ အကူအညီနဲ့ ပဲ ဒီဆိုဒ်လေးကိုတည်ဆောက်ဖြစ်တာပေါ့ဗျာ။ ကျွန်တော်ကို စာရေးဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။ ကျွန်တော်ကိုရင်သာဂိဆိုတာဖြစ်လာဖို့ဆိုရင်သူ ကူညီခဲ့တာတွေလည်းမနည်းပါဘူး။ အဲဒီ blogger က yangonese.wordpress.com နဲ့ ရေးတယ်ဗျာ သူ့ကိုလူအများကတော့ Yangonese လို့တော့သိကြတာပဲ။ ကျွန်တော်ရဲ့ ဆရာလို့လည်းပြောလို့ရတယ် နောက်ပြီးသယ်ရင်းလို့လည်းပြောလို့ရတယ်။
အော် ကျွန်တော်တစ်ယောက်လည်း ရောက်တတ်ရာရာလိုပပြောထားလို့ပဲနော် အဲဒီလိုသာမပြောထားဘူးဆိုရင် ဖတ်ရတဲ့သူတွေက တစ်မျိုးကြိးဖြစ်နေမှာပေါ့ဗျာ။ လူတွေရဲ့စိတ်ဆိုတာ အဲဒီလိုမျိုးပဲ တစ်ခါတစ်လေကျရင် ပြောနေတာက တစ်မျိုး ရေးနေတာကတစ်မျိုး တွေးနေတာကတစ်မျိုး တစ်ခုတည်းကို စိုက်လိုက်မတ်တပ် လုပ်ဖို့ဆိုတာ တစ်ကယ်ကိုတော်တဲ့လုတွေမှလုပ်နိုင်ကြတာပါ ။ ကျွန်တော် ဒီpost ကိုရေးတော့ အေးအေးဆေးဆေးထိုင်ရေးနေတာတော့မဟုတ်ပါဘူး စာလေးတစ်ကြောင်းနှစ်ကြောင်းလောက်ရိုက်လို်က် အဖေကခေါ်လို့သွားလိုက် အစ်မေက ခိုင်းလို့ သွားလုပ်လိုက် အော် အလုပ်ကိုရှုပ်နေတာပဲ အဲဒီလောက်အလုပ်ရှုနေတာတောင် ရောက်တတ်ရာရာတွေးနိုင်သေးတဲ့ စိတ်ဆိုတဲ့အရာကို တော်တော်လေးကို ကြိုက်သွားပြီ ။ အခုလောလောဆယ်တော့ စာရေးနေတုန်း မှာနားထောင်နေတဲ့သီချင်းက ချမ်းချမ်းရဲ့အချစ်ပဲလိုတယ်ဆိုတဲ့သီချင်း လေးပေါ့။ တစ်ကယ်ခံစားပြီးနားထောင်ကြည့်ရင်တော့ စိတ်ကူးယှဉ်တတ်တဲ့သူတွေအတွက်တော့ ဒီသီချင်းလေး က တော်တော်လေးကိုနားထောင်လို့ကောင်းမှာပဲ ကျွန်တော်အတွက်တော့ ဒိသီချင်းလေးက တော်တော်လေးကိုနားထောင်လို့ကောင်းပေမယ့် အပြင်မှာတစ်ကယ်တမ်း သာ အဲဒိအတိုင်းဆိုရင်တော့ မဖြစ်ဘူးလို့တော့တွေးမိတယ်ဗျာ ။ သူကဘာဆိုထားလဲဆိုတော့ သတ္တိမရှိဘူးလားမောင်ရယ်တဲ့ တစ်ကယ်ဆိုရင်အချစ်ပဲလို့တယ် တဲ့ ကျွန်တော်တော်တော်လေးကိုစဉ်းစားသွားတယ် တစ်ကယ်ဆို အချစ်ပဲလိုတယ်ဆိုရင် အိမ်ထောင်ပြုကြမယ်ဆိုရင် အချစ်တစ်ခုတည်းနဲ့တည်ဆောင်ကြည့်ရင် မှားနိုင်တယ်လို့တော့ ကျွန်တော်ယူဆမိပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ချစ်ကြတယ်ဆိုတဲ့အရာက ဆယ်ကျော်သက် တွေရဲ့ ဘ၀အတွေ့အကြုံတစ်ခုပါ ။ ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာလည်း အဲဒီအချစ်ကိုရှေ့တမ်းတင်မှုကြောင့် ဘ၀ပျက်သွားတဲ့သူငယ်ချင်းတွေလည်းတောတော်များများကို တွေခဲ့ဘူးပါတယ် ။ အဲဒီတော့ ကျွန်တော်စဉ်းစားကြည့်ပါတယ် အိမ်ထောင်တစ်ခုကိုတည်ထောင်တော့မယ်ဆိုရင် အချစ်ပဲလိုတာလား ………… ဒါဟာ ကျွန်တော်အတွက် အလွန် ပဲ ခက်ခဲ့တဲ့ ပုဒ်စာတစ်ပုဒ်ဖြစ်ခဲ့လို့ပါပဲ ဗျာ ………………ကျွန်တော်ရင်ထဲမှာ ခဏတာဖြစ်သွားခဲ့တဲ့ရောက်တတ်ရာရာတွေပါဗျာ…………………
ကိုရင်သာဂိ
No comments:
Post a Comment