
ယနေ့ အင်တာနက်ကိုလူတွေ တွင်တွင်ကျယ်ကျယ်သုံးလာတာ သိပ်တော့မကြာသေးကြပေမယ့် အသုံးပြုတဲ့ လူတွေတော်တော်များများဟာ Google နဲ့တော့ စတင်ထိတွေ ကြဖူးမယ်လို့ ယုံကြည်ရပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့ လိုအပ်သမျှသော နည်းပညာတွေ အသိပညာတွေကို လွယ်ကူစွာ ရှာဖွေဖို့အတွက် Google မှနေ၍ ထောက်ပံပေးထားပါတယ် နောက်ပြီး ကျွန်တော်တို့ အင်တာနက်သုံးရာမှာလိုအပ်တဲ့ services တွေဖြစ်တဲ့G-mail, G-talk,Blogger,Picasa တို့အပြင် လူသုံးများတဲ့ Google News , Google Video and You Tube တို့ဟာ Google ကနေတည် ဆောက်ပေးထားတဲ့ ၀န်ဆောင်မှုတွေ ဖြစ်ပါတယ် အားလုံးအတွက် ၀န်ဆောင်မှုကတော့ Free ပါ ။ ဒါပေမယ့် ဗျာ G-mail သုံးတယ်ဆိုရင်တော့ mail ထဲမှာ ကြောငြာ Link လေးတွေ တော့ နည်းနည်းပါးပါးလေး တော့ဖေါ်ပြလိမ့်မယ် ဒီလောက်လေးကတော့ဗျာ လက်ခံနိုင်ဖွယ်ရာအကြောင်းတော့ရှိပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ကလည်းသူ့ဆီက ၀န်ဆောင်မှုတွေတော် တော်များကို အသုံးချနေတာကိုးဗျ ။ Googleကို တကယ်သာလေ့ လာကြည့် မယ်ဆိုရင် professional တစ်ယောက်တောင် ဖြစ်သွားနိုင်တယ်ဗျ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ Google ကြီးက professional တစ်ယောက်ဖြစ်နိုင်ဖို့အ တွက်လိုအပ်တဲ့ Tools တွေအကုန်လုံးကို အလကားပေးထားတယ်ဗျ ။ ကဲ…… အဲဒီတော့ ဘာလိုသေးလဲ ။ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်ဖို့ပဲ ကျန်တော့တယ် ။ တစ်နေ့ တစ်နေ့ ကျွန်တော်တို့ လူငယ်တွေဟာ အင်တာနက်ပေါ်မှာ အကျိုးမဲ့စွာအချိန်ကုန်နေလေ့ရှိပါတယ် ။ အဲဒါကိုတွေကိုပြုပြင်ပြောင်းလဲဖို့ကို အရမ်းပဲ လိုအပ်နေပါတယ် ။ အဲဒီအတွက် အင်တာနက်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် အင်တာနက်ကိုဘယ် လိုသုံးမလဲ ဆိုတာကို အခြေခံအားဖြင့် သိရှိနားလည်ဖို့လိုပါတယ် ။ အဲဒီအတွက် ကျွန်တော်တို့တွေဟာ အင်တာနက် ကိုဘယ် လိုသုံးနေကြသလဲ ဘယ်လိုသုံးနိုင်သလဲဆိုတာကို အတတ်နိုင်ဆုံးကြိုးစားပြီး ဖော်ပြထားပါတယ် ။ ဒါဟာ ကျွန်တော်တတ်နိုင်သမျှလေ့လာလို့ရရှိသမျှနည်းပညာဗဟုသုတတွေကိုမျှဝေပေးခြင်းဖြစ်ပါတယ်။လိုအပ်ချက်များ လည်းရှိကောင်း ရှိနိုင်ပါတယ် ထို့အတွက်နား လည်းပေးနိုင်ကြလိမ့်မယ် လို့တော့ မျှော်လင့်ပါတယ် ။
ကျွန်တော်တို့ လူငယ်တွေဟာ အင်တာနက်ကို တစ်နေတာသုံးတဲ့ နေရာမှာအောက်ပါအ ချက်ခြောက်ချက်ကို အခြေခံပြီး အသုံးပြုလေ့ရှိပါတယ် ။ အဲဒီအချက်ခြောက်ချက်က တော့ ဗျာ…………………………………….
(၁) အင်တာနက်ပေါ်ကနေသင်ယူခြင်း ( leraning from Internet)
(၂) ဆက်သွယ်ရေး (communication )
(၃) ဖျော်ဖြေရေး ( Entertainment)
(၄) မိတ်ဆွေအပေါင်းအသင်းတွေနှင့် ဆက်သွယ်ခြင်း ( Social Networking )
(၅) အသိပညာတွေကိုမျှဝေပေးခြင်း ( Knowledge Sharing )
(၆) အလုပ်အကိုင် ရှာဖွေခြင်း ( work ) အတွက်တို့ဖြစ်ကြပါတယ် ။
ကျွန်တ်ေတို့ အဲဒီလို့ အသုံးပြုနေခြင်းအတွက် ကျွန်တော်တို့ရဲ့ဆရာကြီးဖြစ်တဲ့ Google က ဘယ်လို့ထောက်ပံပေးသလဲ ။ ဘယ်လိုခရီးရောက်အောင် ပို့ဆောင်ပေးသလဲ ……………..?????
(၁) အင်တာနက်ပေါ်ကနေသင်ယူခြင်း ( Learning From Internet )
ကဲ ကျွန်တော်တို့ကိုအင်တာနက်ပေါ်ကနေ သင်ယူနိုင်အောင်Google ကနေ ဘယ်လိုထောက်ပံ့ ပေးထားသလဲ………………ကျွန်တော်တို့ဟာ အင်တာနက်ကိုစသုံးပြီဆိုရင် အရင်ဆုံး G-talk အဲ Google ကိုသုံးဖို့အရင်ဆုံးသင်ရပါတယ် ။ ဟုတ်ပါတယ် ကျွန်တော်တို့တွေဟာ အင်တာနက်ကိုစပြီးအသုံးပြုမယ်ဆိုတာနဲ့ အရင်ဆုံးအနေနဲ့ Google ကိုသိကိုသိရပါတယ် ။ အားလုံးပဲ ဒီအထဲမှာ Google ကိုမသိတဲ့ သူတွေများပါသေးလား ။ မသိဘူးဆိုရင် တော့ အခုချက်ခြင်း ဒီအနီးအနားမှာရှိတဲ့ အင်တာနက်ဆိုင်ကိုသွားပြီးတော့ Mozilla Firefox ကိုခေါ် ပြီးတော့ Google လို့သာရိုက်ကြည်ပေါ့ဗျာ ။ ကျွန်တော်ပြောတဲ့ဆိုဒ်လေးကိုတွေ့ရပါလိမ့်မယ်(ကဲဘယ်လောက်လွယ်လဲ)။ အင်တာနက်ပေါ်ကနေ ဘယ်လိုသင်ယူနိုင်မလဲဆိုတာက တစ်ကယ်တမ်းတော့အရမ်းကြီးကိုခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့လည်း သင်တန်းတွေ ဘာတွေတက်ပြီး ဆရာကြီးတွေ ဖြစ်လာတာမှမဟုတ်တာ ဗျာ (အဟဲ….ငါကွ) ။ အဲဒီတော့ တဖြည်းဖြည်းနဲ့ လေ့လာ သွားရတာပဲဗျ ပြောချင်တာက များနေပြီး လိုရင်းကိုမရောက်တော့ဘူးဗျာ ။ Google ကနေကျွန် တော်တို့ကိုအင်တာနက်ပေါ်မှာ လွယ်ကူစွာ လေ့လာဖို့အတွက် ဘယ်လိုများထောက်ပံ ပေးထားသလဲဆိုတော့ ကျွှန်တော်တို့တွေလိုချင်တဲ့ သတင်းအချက်အ လက်တွေကိုရှာဖွေဖို့အတွက် Google Serch engine ကြီးတစ်ခုကိုတည်ဆောက်ပေးထားပါတယ် ကျွန်တော်တို့ အတွက်လိုအပ်တဲ့ရှာ ဖွေမှုတွေကို အပြည့်စုံ ဆုံးရှာဖွေပေးနိုင်ပါတယ် အဲဒီအတွက် ကျွန်တော်တို့ဟာ အချိန်ကုန်ဆုံးမှုတွေတော်တော်များ ကိုသက်သာ သွားပါတယ် ။ အဲဒီတော့ဗျာ ကျွန်တော်တို့ အင်တာနက်ကိုသုံးတော့ မယ်ဆိုရင် အခြားအရာ တွေနဲ့သာ အချိန်ကုန်မယ့်အစား ကိုယ်လိုချင်တာလေးတစ်ခုကို ဘယ်လိုရှာဖွေမလဲဆိုပြီး စမ်းသပ်ကြည့် နေကြမယ်ဆိုရင် ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ အချိန်တွေ ဖြစ်လာမယ်ဆိုတာကို ကျွန်တော်ရဲရဲကြီး အာမခံနိုင်ပါတယ် ။ နောက်ပြီးတော့ကျွန်တော်တို့ ဟာ အင်တာနက်ကို သတင်းတွေဖတ်ဖို့ အသစ်အသစ်သော နည်းပညာ တွေကိုရှာဖွေလေ့လာဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ် ။ နောက်ဆုံးဖြစ်ပေါ်နေတဲ့ သတင်း တွေကိုဖတ်ဖို့ ဘယ်လိုလုပ်ရမလဲ….? Google ကနေပြီးတော့ ကျွန်တော်တို့ အတွက် အသစ်သစ်သော သတင်းတွေ ကိုဖတ်ဖို့အတွက် ဘယ်လို ထောက်ပံပေးထားသလဲ …………? ။ ဟုတ်ကဲ့ ကျွန်တော်တို့တွေ အတွက်လိုအပ်တဲ့ သတင်းအချက် အလက်တွေကို အချိန်နဲ့တပြေးညီ ဖော်ပြဖို့အတွက် Mr.Goolge ကြီးမှနေ၍ Google News လို့ခေါ်တဲ့ ၀န်ဆောင် မှု့လေးတစ်ခုကို ဖန်တီးပေးထားပါတယ် ။ အဲဒီဝန်ဆောင်မှုလေးမှာ အချိန်နဲ့တပြေးညီ ကမ္ဘာနဲ့အ၀န်း ဖြစ်ပျက်သမျှသတင်း တွေကိုဖေါ်ပြပေးနေပါတယ် ။ သတင်းWebsite ပေါင်းမြောက်မြားစွာကို သွားကြည့်ဖို့မလိုတော့ပါဘူး ဘယ်သတင်းက အထူးခြားဆုံးလဲ အဲဒီသတင်းကို ဘယ်ဆိုဒ်မှာ ဖေါ်ပြပေးသလဲ ဆိုတာကို အချိန်နှင့်အမျှ ဖော်ပြပေးနေတဲ့အတွက် ကျွန်တော့်အတွက်တော့ အလွန်တရာပင် အသုံးဝင်တဲ့ ၀န်ဆောင်မှုလေးတစ်ခုဖြစ်ပါတယ်။ ကဲ………….ဒုတိယအချက် ကိုဆက် ပြီးကြည့်ရအောင်ဗျာ။
(၂)ဆက်သွယ်ရေး (Communication)
ဆက်သွယ်ရေး နဲ့ပတ်သက်လို့ Google ကနေကျွန်တော်တို့ကိုဘယ်လို ထောက်ပံပေးထား သလဲဆိုတော့ ကျွန်တော်တို့ အင်တာနက်သုံးတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ အရာလေးတစ်ခုရှိပါတယ် အဲဒါက ဘာလဲဆိုတော့ E-mail account လေးတစ်ခုပါ အဲဒီအရာလေးရှိမှသာလျှင် ကျွန်တော်တို့ ဟာ အင်တာ နက်ပေါ်မှာ သတင်းရှာတာတွေ သူငယ်ချင်းအချင်းချင်း ဆက်သွယ်တာတို့ ဘာတို့ညာတို့ပေါ့ ဒါအပြင် ကျွန်တော်တို့ဟာ Social Network တို့ Blog တို့တွေ နောက်ပြီးတော့ Website ထောင်တာတွေ လုပ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီ E-mail လို့ခေါ်တဲ့အရာလေးရှိမှသာလျှင် ကျွန်တော်တို့ဟာ လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ။ Google ကကျွန်တော်တို့ကို အဲဒီအရာနဲ့ပတ်သက်ပြီး ဘာတွေကို ထောက်ပံပေးထားသလဲ ။ ကျွန်တော်တို့ စွယ်စုံသုံးနိုင်တဲ့ E-mail service လေးတစ်ခုကိုထောက်ပံပေးထားပါတယ် ။ အဲဒါကို G-mail သို့ Google mail လို့ ခေါ်ပါတယ် အခြားနိုင်ငံတွေမှာ အခြား web services တွေပေးတဲ့ website တွေအများကြီးခတ်စားပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ အင်တာနက်သုံးစွဲသူတိုင်းဟာ G-mail account လေးတစ်ခုမှမရှိရင် ခတ်မမှီတော့တဲ့ အနေအထားရောက်နေပါပြီ ။ Google mail မှာ E-mail service အပြင် G-talk လို့ခေါ်တဲ့ software လေးတစ်ခုကို ကိုယ်စက်ထဲမှာ သွင်းပြီး ကိုယ်ရဲ့သူငယ်ချင်းတွေနဲ့ လွယ်ကူစွာ စကားပြောဆိုဆက်သွယ်နိုင်ပါတယ် ။ နောက်ပြီးတော့ တယ်လီဖုန်းလိုမျိုးကိုယ်ရဲ့သူငယ်ချင်းတွေနဲ့ အင်တာနက် ပေါ်မှာစကားပြောနိုင်တဲ့ ၀န်ဆောင်မှုတစ်ခုကိုလည်း အခမဲ့ပေး ထားသေးတယ် ။ အပွင့်လင်းဆုံးဝင်ခံရရင် Google ဟာ ကျွန်တော်တို့ကို အဆင်အတန်းလေး တစ်ခုဖြစ်လာ အောင်လို့ လိုအပ်တဲ့အရာအားလုံးကို ဖန်တီးပေးထားတဲ့အပြင် ကျွန်တော်တို့ရဲ့ အင်တာနက်ပေါ်မှာ နေထိုင် ဘ၀တွေကိုရှင်သန် ဖို့အတွက်လိုအပ်တဲ့ Tool တွေအားလုံးကို ဖန်တီးပေးထားပါတယ် ။ G-mail ဆိုတာဟာ ကျွန်တော်အတွက်တော့ အတတ်ပညာအားလုံးကို ရှာဖွေဖို့အတွက် ပေါင်းကူးပေးထားတဲ့ တံတားလေးတစ်ခုလို့ပါပဲ ကျွန်တော်လိုအပ်သမျှအရာ အားလုံးကို အဲဒီတံတားလေးကိုကျော်ဖြတ်ပြီး ကျွန်တောသွားချင်တဲ့ပန်းတိုင်ကို ရောက်အောင် သွားရောက်နိုင် တဲ့အရာလေးတစ်ခုဖြစ်ပါတယ် ။ ကျွန်တောတို့ အင်တာနက်သုံးတဲ့လူတိုင်းမှာ G-mail လေးတစ်ခုစီ တော့ရှိကြပါတယ် ။ အဲဒီအရာလေးကိုသာ အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် အလွန်တရာမှ အသုံးဝင်တဲ့ tools လေးတစ်ခုပဲကိုပြောရင်း နောက်ထပ် တစ်ခုကိုပြောရအောင်ဗျာ ။ (ကျွန်တော်ပြောတာတွေဟာအချို့သော စာဖတ်သူတွေ အတွက် အလွန် တရာမှပျင်းရိဖွယ် ရာကောင်းပေမယ့် နည်းနည်းလေး တော့ကျွန်တော့ကို ခွင့်လွှတ်ပေး စေချင်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ အခုမှ အင်တာနက်စသုံးသူ တွေအတွက် အသိပညာလေး နည်းနည်းပါးပါး လေးလောက် ရသွားနိုင်မယ်ဆိုရင် ကျွန်တော် ရေးရကြိုးနပ်ပါပြီးဗျာ ကျွန်တော် အခုလိုအကျယ်တ၀န့် ရှင်းပြနေရတဲ့ အကြောင်း အရင်းလေးကို နားလည်းပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ် )
(၃) ဖျော်ဖြေရေး (Entertainment)
တတိယအချက်နေနဲ့ကျတော့ကျွန်တော်တို့တွေဟာ အင်တာနက်ကို ဖျော်ဖြေရေးအနေနဲ့ အသုံးပြုလေ့ ရှိကြပါတယ် ။ ဖျော်ဖြေရေးအနေနဲ့ ကျွန်တော်တို့တွေဟာ ရုပ်ရှင်တွေ ကြည့်တာတို့ သီချင်းနားထောင် တာတို့ကိုလုပ် လေ့ရှိကြပါတယ် အဲဒီလိုအပ်မှုတွေ ကိုဘယ်လိုဖြည့်ဆည်းပေးထားသလဲဆိုရင်Google ကနေကျွန်တော်တို့ကို ရုပ်ရှင်တွေ ကြည့်ဖို့အတွက် Youtube ဆိုတဲ့ Video ၀န်ဆောင်မှုကို ဖန်တီးပေးထားတဲ့အပြင် မလုံလောက်မှာစိုးလို့ Google Video လို့ခေါ်တဲ့ ၀န်ဆောင်မှု့လေးတောင်ဖန်တီးပေးထားသေးတယ်ဗျာ ။ တစ်နေ့တစ်နေ့ ကျွန်တော်တို့တွေဟာ အင်တာနက် ပေါ်မှာ လေ့လာစရာတွေနဲ့ပြည့်နှက်နေတဲ့အတွက် Mr.Google က ကျွန်တော်တို့ကို အပန်းပြေစေရန်အလို့ငါ ရုပ်ရှင်တွေ ဟာသတွေ ထူးဆန်းထွေလာတွေ နောက်ပြီးတော့ ထွေရာလီရာလေးတွေပေါ့ဗျာ။ Youtube ဆိုရင် ကိုယ်ပိုင်TV line လေးတောင်ထောင်ထားလို့ရသေးတယ် ။ ကိုယ့်ရဲ့အမှတ်ရလေးတွေကို သူများတွေလည်းကြည့်ရအောင် တင်ထားပေးလို့ရ သေးတယ်နောက်ပြီးသူငယ်ချင်းတွေ နဲ့အချင်းချင်း video လေးတွေမျှဝေပေးလို့ရတယ် နောက်ပြီး အဲဒီ You Tube ကရှာ ကြည့်မယ်ဆိုရင်နောက်ဆုံးပေါ် MTVတွေ Moviesတွေ သီချင်းတွေကိုလည်း အခမဲ့ကြည့်နိုင်တယ်ဗျ ။ ကျွန်တော်တို့မြန်မာနိုင်ငံက ကွန်နက်ရှင်နဲ့ဆိုရင်တော့ ကြည့်ဖို့ နည်းနည်းလေးတော့ အဆင်မပြေဘူးဗျ ဘာဖြစ်လို့လည်း ကျွန်တော်တို့ မှ ကွန်နက်ရှင် ကနည်းနည်းလေး ကိုနှေး နေလို့ဗျ ။ အကယ်၍ ကြည့်ချင်တယ်ဆိုရင်တော့ ကျော်ခွပြီး ကြည့် downloaderတွေနဲပဆွဲ အဲဒါဆိုရင်တော့ ကြည့်လို့အဆင်ပြေပါတယ် ။ သူက Google ပိုင်တဲ့ ကုမ္မဏီဆိုပေမယ့် ကျွန်တော်တို့ရဲ့
လည်းရှိကောင်း ရှိနိုင်ပါတယ် ထို့အတွက်နား လည်းပေးနိုင်ကြလိမ့်မယ် လို့တော့ မျှော်လင့်ပါတယ် ။
ကျွန်တော်တို့ လူငယ်တွေဟာ အင်တာနက်ကို တစ်နေတာသုံးတဲ့ နေရာမှာအောက်ပါအ ချက်ခြောက်ချက်ကို အခြေခံပြီး အသုံးပြုလေ့ရှိပါတယ် ။ အဲဒီအချက်ခြောက်ချက်က တော့ ဗျာ…………………………………….
(၁) အင်တာနက်ပေါ်ကနေသင်ယူခြင်း ( leraning from Internet)
(၂) ဆက်သွယ်ရေး (communication )
ရှာဖွေဖို့အတွက် Google မှနေ၍ ထောက်ပံပေးထားပါတယ် နောက်ပြီး ကျွန်တော်တို့ အင်တာနက်သုံးရာမှာလိုအပ်တဲ့ services တွေဖြစ်တဲ့G-mail, G-talk,Blogger,Picasa တို့အပြင် လူသုံးများတဲ့ Google News , Google Video and You Tube တို့ဟာ Google ကနေတည် ဆောက်ပေးထားတဲ့ ၀န်ဆောင်မှုတွေ ဖြစ်ပါတယ် အားလုံးအတွက် ၀န်ဆောင်မှုကတော့ Free ပါ ။ ဒါပေမယ့် ဗျာ G-mail သုံးတယ်ဆိုရင်တော့ mail ထဲမှာ ကြောငြာ Link လေးတွေ တော့ နည်းနည်းပါးပါးလေး တော့ဖေါ်ပြလိမ့်မယ် ဒီလောက်လေးကတော့ဗျာ လက်ခံနိုင်ဖွယ်ရာအကြောင်းတော့ရှိပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ကလည်းသူ့ဆီက ၀န်ဆောင်မှုတွေတော် တော်များကို အသုံးချနေတာကိုးဗျ ။ Googleကို တကယ်သာလေ့ လာကြည့် မယ်ဆိုရင် professional တစ်ယောက်တောင် ဖြစ်သွားနိုင်တယ်ဗျ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ Google ကြီးက professional တစ်ယောက်ဖြစ်နိုင်ဖို့အ တွက်လိုအပ်တဲ့ Tools တွေအကုန်လုံးကို အလကားပေးထားတယ်ဗျ ။ ကဲ…… အဲဒီတော့ ဘာလိုသေးလဲ ။ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်ဖို့ပဲ ကျန်တော့တယ် ။ တစ်နေ့ တစ်နေ့ ကျွန်တော်တို့ လူငယ်တွေဟာ အင်တာနက်ပေါ်မှာ အကျိုးမဲ့စွာအချိန်ကုန်နေလေ့ရှိပါတယ် ။ အဲဒါကိုတွေကိုပြုပြင်ပြောင်းလဲဖို့ကို အရမ်းပဲ လိုအပ်နေပါတယ် ။ အဲဒီအတွက် အင်တာနက်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် အင်တာနက်ကိုဘယ် လိုသုံးမလဲ ဆိုတာကို အခြေခံအားဖြင့် သိရှိနားလည်ဖို့လိုပါတယ် ။ အဲဒီအတွက် ကျွန်တော်တို့တွေဟာ အင်တာနက် ကိုဘယ် လိုသုံးနေကြသလဲ ဘယ်လိုသုံးနိုင်သလဲဆိုတာကို အတတ်နိုင်ဆုံးကြိုးစားပြီး ဖော်ပြထားပါတယ် ။ ဒါဟာ
ယနေ့ အင်တာနက်ကိုလူတွေ တွင်တွင်ကျယ်ကျယ်သုံးလာတာ သိပ်တော့မကြာသေးကြပေမယ့် အသုံးပြုတဲ့ လူတွေတော်တော်များများဟာ Google နဲ့တော့ စတင်ထိတွေ ကြဖူးမယ်လို့ ယုံကြည်ရပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့ လိုအပ်သမျှသော နည်းပညာတွေ အသိပညာတွေကို လွယ်ကူစွာ
No comments:
Post a Comment