Monday, May 31, 2010
ရာသီဥတု
ပူလောင်မှု့သည် လူတိုင်းအားပင်ပန်းနွမ်းနယ်အောင် ပြုလုပ်လျှက်ရှိသည် ။ လူတိုင်းသည် နေ့အချိန်တွင် တတ်နိုင်သမျှ အိမ်တွင်းသို့ ရုံးအတွင်းသို့အောင်းနေကြသည် ( အဲယားကွန်းဖွင့်ထားလို့ထင်ပါတယ်) ။ တစ်ချို့သောကောင်မလေးနှင့်ကောင်လေးအတွဲများသည် အအေးပေးထားသောအခန်းများ(ကော်ဖီဆိုင်)တွင် ပုန်းခိုနေလျှက်ရှိသည် ။ ပွဲစားများသည် အပြင်တွင်စကားမပြောနိုင်၍ အဲယားကွန်းဖွင့်ထားသော ဆိုင် (ဘီယာဆိုင် ) အော်ကြီးဟစ်ကျယ်ပြောဆိုနေသည့် ။ အလုပ်သမားများသည့် နေပူထဲတွင့် အပူဒဏ်ကိုအံတု၍ အလုပ်လုပ်နေကြသည် ။ လူတစ်ယောက် သုဿန်တွင် ထိုင်နေသည့် သူ၏ရင်သည် ပူလောင်နေသည့် ။ အပြင်လောက၏အပူဒဏ်သည် သူ့ရင်ထဲတွင်ဖြစ်ပေါ်နေသာအပူဒဏ်ကိုမမှီချေ။ လူတစ်ယောက် ထီဆိုင်ရှေ့တွင် ရပ်၍ စိတ်ကူးယဉ်နေသည် သူ၏ အတွေးတွင် ပျော်ရွှင်နေသည် အပြင်လောက၏ အပူဒဏ်သည့် သူ့၏ရင်ထဲတွင်ရှိသောပျော်ရွှင်မှု့ကို မဖျက်ဆီးနိုင်ပေ။ ၀ုန်း……………. လူတစ်ယောက်၏လဲကျသံထွက်လာသည် အပူဒဏ်သည့် သူ၏ ခန္ဓာကိုယ်အားရိုက်ခတ်သွားသည့် သူ့………………… မူးလဲသွားသည့်။ ခလေးတစ်ယောက် အော်ဟစ်၍ငိုနေသည့် …………သူ လက်မှာ ပိုက်များ တပ်ဆင်၍ ဆေးသွင်းထားသည့်အတွက်ဖြစ်သည်။ ကယ်ကြပါဦးဗျို့………………………………….. မီးဗျို့…………………မီး………….. ရပ်ကွက်ထဲတွင် လူများ အထက်ပါကဲ့သို့အော်ဟစ်ပြီးပြေးလွှားလျှက်ရှိသည်။ အကြောင်းအရင်းမှာ အပူချိန်လွန်ကဲမှုများနှင့် လူတို့၏ပေါ့ဆမှုကြောင့် မီးလောင်ခြင်းဖြစ်သည်။ ရာသီဥတုကပူတော့လည်းပူလို့ အေးတော့လည်းအေးလို့ အော် လူတွေရယ် ဘာကြောင်များ ဒီလိုလောဘတွေတက်နေတာလို့များတစ်ခါတစ်ခါစဉ်းစားမိတယ် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment