၁။ အဆိုးဆုံးအကျင့်လို့ပြောတာက သောက
တွေးကြည့်ရင်တော့ သောကဆိုတာက လူကို အတော်လေးပူလောင်စေတဲ့ အရာပါပဲ တစ်ကယ်တမ်းသောကကိုသာငြိမ်းအေးအောင်လုပ်နိုင်တဲ့အရာလို့ကျွှန်တော်ထင်တာကမေတ္တာတရားပါကျွန်
တော်သောကတွေတော်တော်များများတွေ့ခဲရပါတယ် ဒါပေမယ့် ကျွန်တော်အရမ်းမခံရခဲ့ပါ ဘူး သောကရဲ့အပူကို ဘာကြောင့်လဲဆိုတော့ မေတ္တာစိတ်လေးထားပြီးနေလိုက်တာ သောကတွေပျောက်သွားတယ်လို့တောင်ထင်ရတဲ့အထိအေးချမ်းမိပါတယ် ကျွန်တော်တင်ပြထားတဲ့ အဆိုးဆုံးအကျင့်ကို ပျောက်အောင်ကုစားပေးနိုင်မယ်လို့ထင်ရတဲ့ဖြေဆေးလေးကိုဖော်ပြလိုက်ပါတယ်။
၂။ စိတ်ချမ်းသာစရာအကောင်းဆုံးက ပေးကမ်းချင်း
လောကကြီးမှာနေရတာ တစ်ခါတစ်လေကျရင် ကိုယ်မှာရှိတဲ့အရာတွေကိုထိမ်းသိမ်းစောင့်ရှောက်ရင်နဲ့ကုန်ဆုံးသွားတဲ့အချိန်တွေက သေသေချာချာစဉ်းစားကြည့်ရင် တော်တော်လေးသမြောဖို့ကောင်းပါတယ် ။ဒါပေမယ့်တန်ဖိုးရှိသောပေးကမ်ချင်းဆိုတာလေးတွေတော့ရှိပါတယ် အဲဒါကိုပေးလိုက်လို့ကိုယ်မှာဘာမှမဆုံးရှံသွားပါဘူး အဲဒါတွေက မေတ္တာပေးကမ်းချင်း၊ အကြင်နာများပေးကမ်းချင်း၊ ဂရုဏာများပေးကမ်းချင်း စသည်ဖြင့်များစွာရှိပါတယ် ။ မိတ်ဆွေကျွန်တော်ပြောတဲ့အရာလေးတွေပေးကမ်းကြည့်လိုက်ပါ သင်မှာအများကြီးရလာပါလိမ့်မည်လိုရဲရဲကြီးပြောရဲပါတယ်။
၃။ကျေနပ်စရာအကောင်းဆုံးက သူတစ်ပါးကိုကူညီချင်း
အဲဒီစာလေးကိုဖတ်ပြီးတော့ တွေလာရတာတော့ သူများကိုကူညီရတာ တော်တော်လေးကျေနပ်စရာအရမ်းကောင်းပါတယ်ဆိုတဲ့အဆိုကို ကျွန်တော် ထောက်ခံချင်ပါတယ်ဘာကြောင့်လဲဆိုတော့ နာဂစ်ဖြစ်တဲ့အခါ လူတွေရဲ့ ပေးကမ်းချင်း ဆိုတဲ့စိတ်ဓါတ်များဟာရှင်သန်ကြီးထွားလာတယ်ဆိုတာ အားလုံးပဲသိကြမယ်ထင်ပါတယ် ။ သွားလှုတဲ့လူတွေမေးကြည့်လိုက်ပါ သွားလှုတဲ့အတွက်ဘာတွေရပါသလဲလို့ ဖြေမယ်လို့ထင်တဲ့အဖြေလေးတစ်ခုလောက်ပြောပြပါရစေ ပိတိတွေ ရလာတယ်လို့ပေါ့ဗျာ။
၎။ အရုပ်အဆိုးဆုံး ကိုယ်ရည်ကိုယ်သွေးက တစ်ကိုယ်ကောင်းဆန်ခြင်း
အဲဒါကတော့တစ်ကယ်ဗျ ကျွန်တော်ကိုယ်တွေ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင် တစ်ကိုယ်ကောင်းဆန် ဖူးတဲ့အပြင် သူများဆန်တာလည်း မြင်ဖူးလို့ပါ ။ ကိုယ်တော့ဘယ်လိုနေမလဲတော့ မသိဘူး သူများတွေ ကတော့ကြည့်ရတာ နည်းနည်းလေး ဆိုးတယ်ဗျ ။ အဟဲ…………………..
၅။ အထက်ဆုံး အားဆေးက အားပေးခြင်းတဲ့
အားပေးခြင်း အဲဒီစကားလေးကို ကြားရုံနဲ့တင် တော်တော်လေးကိုနေသာထိုင်သာရှိသွားတယ် ဗျ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူငယ်တော်တော်များများဟာ အချင်းချင်းအားပေးရင်းနဲ့ နေထိုင်လေ့ရှိပါတယ် ။ လူငယ်တွေအတွက် အကောင်းဆုံးအားဆေးက အားပေးခြင်းလို့ တော့ ယူဆမိတယ် ဗျ။
၆။ ကျော်လွှားဖို့ အခက်အခဲဆုံးက အကြောက်တရား
အကြောက်တရားတဲ့ဗျ တစ်ကယ်ပါဗျာ အစ်ကိုတို့ အစ်မတို့တွေ သရဲခြောက်တာခံဘူးလားဗျ ။ ကျွန်တော် ရင်ဆိုင် ဖူးတယ် ဗျ ဘာမှန်းကိုမသိဘူး ။ ကျွန်တော်သိတာ လန့်နေတယ်ဆိုတာပဲ သိတယ် ။ ဒါပေမယ့် ဗျာ တစ်ကယ့်ဘ၀ ထဲမှာကျတော့ အဲဒီအကြောက်တရားကြောင်း ဆုံးရှုံးမှုတွေအများကြီး ဖြစ်လာနိုင်ပါတယ် ။ အဲဒိလောက်ပဲပြောပါရစေ ဗျာ
၇။ အထိရောက်ဆုံးအိပ်ဆေးက စိတ်ငြိမ်းချမ်းမှု
၈။ အချိနဲ့ဆုံးနှင့် ကျဆုံးနိုင်ခြေ အများဆုံးရောဂါက ဆင်ခြေဆင်လက်တဲ့ဗျို့
၉။ အင်းအားအကြီးမားဆုံးအရာက မေတ္တာတရားတဲ့ (လောကကြီးကိုအုပ်စိုးနိုင်တာ ကမေတ္တာတစ်ရားတစ်ခုပဲရှိတယ်တဲ့)
၁၀။အန္တရာယ်အကြီးဆုံးပုဂ္ဂုလ်ကျော်က အတင်းပြောတတ်သူတဲ့ (အင်းအဲဒါကိုကျွန်တော့လက်ခံတယ်ဗျာ)
၁၁။မရှိရင်မဖြစ်ဆုံးအရာကမျှော်လင့်ချက်တဲ့ (တကယ်လည်းရှိသင့်ပါတယ်)
၁၂။ ကြောက်စရာအကောင်းဆုံးလက်နက်က လျှာ တဲ့
၁၃။ သြဇာအရှိဆုံးစကားလုံးက "ငါလုပ်နိုင်တယ်"(မှန်ပါတယ်ဗျာ)
၁၄။အကောင်းဆုံးပိုင်ဆိုင်မှုက ယုံကြည်မှု(That is Right)
၁၅။ တန်ဖိုးအမဲ့ဆုံးခံစားမှုက ကိုယ့်ကိုယ်ကို သနားတာ
၁၆။ အကောင်ဆုံးဝတ်စုံ လို့ထင်တာတော့ အပြုံးပါဗျာ
၁၇။ တန်ဖိုးအရှိဆုံးကိုယ်ပိုင်ပစ္စည်းကား ဖြောင့်မတ်တည်ကြည်မှု( တစ်ကယ်ကိုခက်ခဲတဲ့အရာပါပဲဗျာ ဒါပေမယ့် အသုံးဝင်တယ်ဗျ )
၁၈။ အကူးအစက်လွယ်ဆုံးကတော့ စိတ်အားထက်သန်မှုတဲ့ ( စိတ်အားထက်သန်မှု ဟာ ကျွန်တော်အတွက်တော့ အကောင်းဆုံ အဖော်မွန်ပါပဲလို့ ပြောချင်ပါတယ်ဗျာ )
အော်ဘာရယ်မဟုတ်ပါဘူး ကျောင်းကပြန်လာတော့ အနားယူရင်း စာအုပ်ဖတ်လိုက်တာ ကြိုက်တာလေးတွေလို့ ကိုယ် အတွေးအခေါ်လေးတွေထည့်ပြီးတော့ ရေးလို့တာပါ စာအုပ်လေးက ဆရာဆူဒိုနင် ရဲ့ ဘ၀တူရိယာ ဆိုတဲ့စာအုပ်လေးပါ။အားလုံးလည်း ကြိုက်မယ်လို့မျှော်လင့်ပါတယ်
ကိုရင်သာဂိ
No comments:
Post a Comment