ကိုရင်သာဂိတစ်ယောက် နေမကောင်းလို့ ပျင်းပျင်းရှိတာနဲ့ ဗီဒီယိုအခွေလေးတစ်ခွေဌားကြည့်လိုက်တယ် အဲဒီဗီဒီယိုဇတ်ကားက TSUNARMI တဲ့ ကိုရီးယားက ရိုက်ကူးတင်ဆက်ထားတာ ။အဲဒီဇတ်ကားကို ကြည့်ပြီးတော့ ကျွန်တော်လည်း ရင်တွေအရမ်းခုန်သွားတယ် သူတို့ရိုက်ပြထားသလိုမျိုးသာ ကျွန်တော်တို့နိုင်ငံမှာ တစ်ကယ်ဖြစ်လာရင်ဘယ်လိုလုပ်မလဲ။ ရုပ်ရှင် က စိတ်ကူးယဉ်လို့ပြောလို့ရပေမယ့် ဖြစ်လာနိုင်ခြေတွေအများကြီးရှိတယ်ဗျ ။ အဲဒီရုပ်ရှင်ထဲမှာက အဓိကပြထားတာ ကိုရီးယားနိုင်ငံမှာ ဆူနာမီဖြစ်ပေါ်မှုကြောင့် ပျက်စီးသွားမှု တွေရယ် မဖြစ်ခင်ကအခြေအနေတွေရယ် ကယ်ဆယ်ရေးတွေရဲ့ အခန်းဂဏ္ဍကိုဖေါ်ပြထားတယ် ။ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ ကိုရင်သာဂိတို့နိုင်ငံမှာ နာဂစ်ဖြစ်တုန်းကအတိုင်းပဲ ။ ရုပ်ရှင်ကိုကြည့်ပြီး တွေးမိတာလေးတစ်ခုရှိတယ်ဗျ အဲဒါကဘာလဲ ဆိုတော့ ဖွံဖြိုးတိုးတက်မှုကြောင့် သဘာဝအရန်အတားတွေမရှိတော့ပဲ ပျက်စီးသွား တယ်ဆိုတဲ့ အကြောင်းအရာလေးဗျာ ။ ကိုရင်သာဂိလည်းစဉ်းစားပါတယ် အကယ်၍ ကိုရင်သာဂိတို့နိုင်ငံလည်းဖွံဖြိုးတိုးတက်လာပြီဆိုရင် အဲဒီကိစ္စတွေလိုမျိုးတွေဖြစ်လာနိုင်ပါတယ် ။ ဘာဖြစ်လို့လည်းဆိုရင် စီးပွားရေးသမားဆိုတာ အများအားဖြင့် ကိုယ့်ရဲ့ အကျိုးစီးပွားကိုသာကြည့်တတ်ကြပါတယ် အားလုံးတော့မဟုတ်ပါဘူး အဲဒီလိုမျိုး စီးပွားရေးသမားတွေလည်းတွေဘူးပါတယ် ။ ကိုရင်သာဂိတို့ မြန်မာနိုင်ငံကြီးဟာ မကြာတော့တဲ့အချိန်မှာ ဖွံဖြိုးတိုးတက်မှုတွေဖြစ်ပေါ်လာမှာဖြစ်တဲ့အတွက် ဤကဲ့သို့ကိစ္စတွေဟာလည်း မဖြစ်နိုင်ဘူးလို့ပြောလို့မရပါဘူး ရုပ်ရှင်ကြည့်လိုက်ရတဲ့အချိန်မှာ ကိုယ်ရင်သာဂိခံစားရတာက ဖွံဖြိုးတိုးတက်မှုဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပြောင်းပြန်အချိုးကျနေတယ်လို့ခံစားရပါတယ် ။ ကိုရင်သာဂိ ကြည့်ဘူးတဲ့ ရုပ်ရှင်ကားတွေတော်တော်များများဟာ သဘာဝပတ်ဝန်းကျင်ထက် ဖွံဖြိုးတိုးတက်မှုကို သာအသားပေးဖေါ်ပြလေ့ရှိပါတယ် အဲဒီအရာတွေက သဘာဝပတ်ဝန်းကျင်အတွက်အဆိပ်တွေပါပဲ ။ တစ်ကယ်တမ်းပြောရရင် ဖွံဖြိုးတိုးတက်မှုကို အပြစ်ပြောတာတော့မဟုတ်ပါဘူး လိုအပ်နေတယ်ထင်လို့ပါ ။ ဖွံ ဖြိုးတိုးတက်တာ နိုင်ငံအတွက်ကောလူမျိုးအတွက်ပါကောင်းပါတယ် ဒါပေမယ် ဖွံဖြိုးတိုးတက်မှုဟာ သဘာဝပတ်ဝန်းကျင်ကို ကြီးကြီးမားမားဖျက်စီးနေတယ်ဆိုတာလေးကိုသာ ကာကွယ်နိုင်မယ်ဆိုရင် အတိုင်းအထက်အလွန်ပါပဲ။ ဖွံဖြိုးတိုးတက်မှုဟာ ကုန်ပစ္စည်းတွေအများကြီးထုတ်မှ ဖွံဖြိုးတိုးတက်တာမဟုတ်ပါဘူး အသိဥဏ်များ အသိပညာများကိုအသုံးပြု ပြီးဖွံဖြိုးတိုးတက် အောင်လုပ်ဆောင်လို့ရပါတယ် ။ ယနေ့ ကမ္ဘာကြီးဟာ ပူနွေးမှုတွေ ကာဗွန်ဒိုင်အောက် ဆိုဒ်ပြသနာတွေ အိုဇုန်လွှာကိစ္စတွေ နဲ့ ဖျားနာလို့နေပါတယ် သစ်တော့တွေ စည်းမဲ့ကမ်းမဲ့ ခုတ်မှုတွေ စက်ရုံတွေ ကားတွေ အဲယားကွန်းတွေကနေထုတ်လွှတ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တွေ နူကလီးယားဗုံးဖောက်ခွဲမှုတွေ ဓါတုဓါတ်ပစ္စည်းတွေ စည်းမဲ့ကမ်းမဲ့ စွန်ပြစ်မှုတွေဟာ လည်းကမ္ဘာကြီးကိုဖျားနာစေပါတယ် ။အဲဒီအကြောင်း အရာတွေရဲ့အကျိုးဆက်တွေက ဘာတွေလဲလို့ပြောရရင် သဘာဝဖောက်ပြန်မှုတွေ အပူလွန်ကဲမှုတွေ အအေးလွန်ကဲမှုတွေ အာတိတ်က ရေခဲတွေအရေပျှော်မှုတွေ မုန်တိုင်းတွေ ၊ငလျင်တွေကို ဖြစ်ပေါ်စေပါတယ် ။ကိုရင်သာဂိတို့တိုင်းပြည်မှာလည်း လွန်ခဲ့တဲ့နှစ်တွေက မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရန်ကုန်ကိုဝင်မွှေသွားတဲ့ နာဂစ်လိုမျိုးတွေဟာ လည်း သဘာဝပတ်ဝန်းကျင်းပျက်စီးမှုကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေပါ ။
အဲဒီတော့ ကိုရင်သာဂိတို့ဘာတွေလုပ်ဆောင်ရင်ကောင်းမလဲ ဖွံဖြိုးတိုးတက်မှု နှင့်အတူဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်ကိစ္စတွေကိုဘယ်လိုဖြည့်တင်းမလဲ။ ဒီကိစ္စကပြောရတာတော့လွယ်ပေမယ့် တစ်ကယ်တမ်းအကောင်အထည်ဖေါ်ရရင်အရမ်းခက်ပါတယ် ။ ကိုရင်သာဂိ အဲဒီရုပ်ရှင်လေးကိုကြည့်ပြီးတော့ တော်တော်လေး ကို ကမ္ဘာမြေကြီးကိုချစ်တဲ့စိတ် လေးဝင်လာတယ် ။ လူတစ်ချို့ကပြောကြတယ် ငါ့တို့အသက်ရှင်နေတုန်းမှာ ကောင်းနေတာပဲ ဘာလို့ မဖြစ်သေးတဲ့ အနာဂတ်အတွက် ပူနေတာလဲလို့ ကိုရင်သာဂိကိုလာလာပြီးပြောတယ် ။ကျွန်တော်ကတော့ပြန် ပြောလိုက်တယ် မသေချာတဲ့အနာဂတ် မဟုတ်ဘူး သေချာတဲ့အနာဂတ်လို့ ။ ဘာဖြစ်လို့လည်းဆိုတော့ အခုတစ်လောဖြစ်ပျက်နေတဲ့ သဘာဝဘေးအန္တာရယ်တွေ ကအဲဒီမေးခွန်းအတွက်သက်သေတွေပါပဲ ။ ကိုရင်သာဂိလည်း ဒီရုပ်ရှင်လေးကို သူငယ်ချင်းတစ်ယောက်ကိုပြကြည့်တော့ သူပြောတဲ့စကားလေးက လူတွေရုပ်ပိုင်းဆိုင်ရာဖွံဖြိုးခြင်းထက် စိတ်ပိုင်းဆိုင်ရာတွေသာဖွံဖြိုးမယ်ဆိုရင် လူလောကကြီးမှာ အခုလိုပြသနာတွေမရှိနိုင်တော့ဘူးတဲ့ .အဲဒီစကားလေးကို ကျွန်တော်အရမ်း ကြိုက်သွားတယ် ဗျာ ။ မိတ်ဆွေတို့ရောဘယ်လိုနေမလဲ ။ ကျွန်တော်ကတော့ ဗျာ ကိုယ်ဖြစ်စေချင်တာတွေထက် ဖြစ်သင့်တာလေးတွေပြောပြချင်တယ်ဗျ။
ကိုရင်သာဂိတို့ တက်နေတဲ့ သင်တန်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတွေ သင်တုန်းကအဲဒီလောက်မတွေးမိဘူး အခု ဒီရုပ်ရှင်လေးကိုကြည့်လိုက်တော့မှပဲ ဒီအတွေးလေးဝင်လာတယ်။ ကိုယ်ရင်သာဂိတို့ သဘာဝပတ်ဝန်းကျင်အကြောင်းသင်တုန်းက သိလာရတာတစ်ခုရှိတယ် ကျွန်တော်တို့ နာဂစ်ဖြစ်တုန်းက အရင်အခြေအနေမှာဆိုရင် အခုလောက်မဆိုးရွှားနိုင်ပါဘူး ။ ဒါပေမယ် ဒီရေတောတွေ လက်လွတ်စံပယ်ခုတ်ယူမှုကြောင့် မြစ်ဝကျွန်းပေါ်ဒေသမှာ သဘာဝအရံအတားတွေ မရှိတော့ပဲ ဆိုးဆိုးရွှားရွှားခံခဲ့ရတာပါ။ အဲဒီတော့ ကိုရင်သာဂိပြောချင်တာက မိမိကမ္ဘာမြေကြီးကို ကိုယ့်ရဲ့ ရည်းစားလိုသာချစ်ခင်ကြမယ်ဆိုရင် ကိုယ်ရင်သာဂိတို့မြန်မာနိုင်ငံမပြောနဲ့ တစ်ကမ္ဘာလုံးကပင် သဘာဝဘေးအန္တာရယ်တွေကိုတောာင် တွေးပူစရာမလိုတော့ပါဘူး ။ ကိုယ်ရင်သာဂိတို့ ကြားဖူးတဲ့ စကားပုံလေးတစ်ခုရှိတယ် တန်ဆေးလွန်ဘေး တဲ့ ဒီစကားလေးဟာလက်ရှိ လူ့ဘောင်လောကအတွက် အသုံးဝင်မယ်လို့ထင်ပါတယ် ဒီစကားပုံလေးကိုသာလက်ကိုင်ထားပြီး ဖွံဖြိုးတိုးတက်မှုတွေပြုလုပ်ကြရင် ပိုမိုကောင်းမွန်တဲ့ ဘ၀များကို နောင်လာမည့် လူသားအရင်းအမြစ်များခံစားရမှာသေချာပါတယ်။
နိဂုံးချုပ်ဆိုရရင် ကိုရင်သာဂိကြည့်ခဲ့ရတဲ့ ရုပ်ရှင်လေးဟာ တစ်ကယ်တန်းဆိုရင်ဘာမှမဟုတ်ပေမယ့် နောင်အနာဂတ်မှာ ဖြစ်လာနိုင်ခြေတွေရှိပါတယ် ။အဲဒီအတွက်ကြောင့် ကိုရင်သာဂိအနေနဲ့ ကြိုတင်ကာကွယ်စောင့်ရှောက်ထားမယ်ဆိုရင် သဘာဝဘေးအန္တာရယ်တွေရဲ့ ရိုက်ခတ်မှုကိုကာ ကွယ်ပြင်ဆင်နိုင်မှာပါ။ ကိုရင်သာဂိတို့နိုင်ငံဟာအရင်တစ်ချိန်တုန်းက ကမ္ဘာမှာ နေထိုင်လို့အသင့်တော်ဆုံး နိုင်ငံတစ်ခုဖြစ်ပါတယ် အခုလည်း ဖြစ်သေးတယ်လို့ပြောနိုင်ပါတယ် ။ မုတ်သုံရာသီဥတုဟာ နိုင်ငံတိုင်းမှာ မရှိပါဘူး ။ နိုင်ငံအချို့မှာသာရှိပါတယ။ အဲဒီအထဲမှာ ကိုရင်သာဂိတို့မြန်မာနိုင်ငံလည်းအပါအ၀င်ဖြစ်ပါတယ် ။ သဘာဝပတ်ဝန်းကျင်ဆိုတာ ဟာ မိမိရဲ့ပတ်ဝန်းကျင်သာမက ပဲ ကမ္ဘာသူကမ္ဘာသားအားလုံးရဲ့ ပတ်ဝန်းကျင်ဖြစ်သည့်အတွက် မိမိပတ်ဝန်းကျင်သာမက တစ်ကမ္ဘာလုံးရဲ့ပတ်ဝန်းကျင်ကိုသာ ထိမ်းသိန်းနိုင်မယ်ဆိုရင်ကမ္ဘာကြီးအတွက် အလွန်တရာပင် တန်ဖိုးရှိသော အနာဂတ်များပိုင်ဆိုင်နိုင် မည်ဖြစ်ပါသည် ။
[မပင့်ဂိုးဦးဆောင်၍ သူငယ်ချင်းများနှင့်သစ်ပင်စိုက်ခြင်းအမှတ်တရ (၁) ] ကိုရင်သာဂိ
No comments:
Post a Comment