တစ်ခါတုန်းက အမတ်တစ်ယောက်က မိဖုရားကြီးဆီကို အခစားဝင်ရင်း မိဖုရားကြီးက နေရာလေးရွေ့ပြောင်းမှုမှာ မမြင်သင့်တဲ့အရာကိုမြင်သွားသတဲ့
အဲဒီနေ့ကစပြီး အဲဒီအမတ်က သူမိန်းမကို စိတ်မ၀င်စားတော့ဘူးတဲ့ သူ့ရဲ့စိတ်က မိဖုရားကြီးဆီကိုရောက်နေတာပေါ့ ။အဲဒီလိုနဲ့ တမှိုင်မှိုင်တတွေတွေ ဖြစ်နေရောတဲ့ ဘာမှလည်းလည်းကောင်းကောင်းမလုပ်တော့ဘူး တဲ့ ကြာတော့ အဲဒီအမတ်လည်းအစားအသောက်ပျက်ပြီးတော့ ပိန်ချုန်းလာတယ် ။
နောက်ဆုံးတော့ အဲဒီအကြောင်းကိုမိဖုရားကြီးကသိသွားတယ် သူကလည်းပညာရှိပုံရတယ်ထင်ပါတယ် အဲဒီတော့ ပအုန်းရည်ကိုခွက်သုံးခွက်မှာထည့်ပြီး အဲဒီအမတ်ကိုဆင့်ခေါ်လိုက်တယ် အမတ်ကြီးရောက်လာတော့ ပထမဦးဆုံးကြေးခွက်နဲ့ထည့်ထားတဲ့ ပအုန်းရည်ကို တိုက်လိုက်တယ် ။ အမတ်ကသောက်ပြီးသွားတော့ မိဖုရားကြီးကမေးတယ် “အမတ်ရေဘယ်လိုနေသလဲ” လို့ပေါ ။အမတ်က “ဖန်တွတွပါ ခင်ဗျား”လိုဖြေလိုက်တယ် ။နောက်ငွေခွက်နဲ့ထည့်ထားတဲ့ ပအုန်ရည်ကိုတိုက်တယ် ပြီးတော့ ပထမမေးတဲ့အတိုင်းပဲမေးတယ် အမတ်ကလည်း ရှေးကဖြေထားတဲ့အဖြေတိုင်းပဲ ဖြေလိုက်တယ် ။နောက်ဆုံးရွှေခွက်နဲ့ထည့်ထားတဲ့ ပအုန်းရည်ကိုတိုက်လိုက်တယ် ရှေးကအတိုင်းပဲမေးလိုက်တယ် ဘယ်လိုနေသလဲပေါ့ အမတ်ကလည်း မူလအတိုင်းပဲ ဖန်တွတွပါခင်ဗျားပေါ့ .
ခွက်သုံးခွက်နဲ့ ပအုန်းရည်တိုင်ပြီးသွားတော့ ခဏလောက်စောင့်နေပြီးတော့မှမိဖုရားကြီးက အမတ်ကိုပြောလိုက် တယ် “အမတ်ရယ် ပအုန်းရည်ဆိုတာ ခွက်သာပြောင်းသွားတာ အရသာကတော့ဖန်ဖန်တွတွပါပဲ”တဲ့ အဲဒ်ီနေ့ကစပြီး အမတ်လည်း ပုံမှန်အတိုင်း ပြန်ပြီးနေနိုင်သွားတယ်တဲ့။
ပုံပြင်လေးကတော့ ဖတ်ကြည့်ရင် နည်းနည်းလေးရိုင်းတယ်ထင်ရပေမယ် လက်ရှိခတ်ရဲ့အခြေအနေလေးကို ထင်ဟပ်နေတာဖြစ်တဲ့အတွက် ဖော်ပြလိုက်တာပါ။ဘာဖြစ်လို့လဲလို့ဆိုရရင် ယနေ့ခတ်မှာ လူုတွေဟာ ခတ်မှီဖို့အတွက် အသစ်သစ်တွေကိုကြိုးစား ရှာဖွေရနေပါတယ် တကယ်လို့လူ့လောကကြီးမှာ ဒီလိုစိတ်မျိုးသာထားနိုင်မယ်ဆိုရင် ရေနံတွေကုန်ဖို့လည်း မပူရပါဘူး ကမ္ဘာကြီးပူနွေးမှုတွေ လည်းပူစရာမလိုပါဘူး တစ်ဖက်ကကြည့်မယ်ဆိုရင် တော့ ပင်နီစလင်တို့ နူကလီးယားတွေပေါ်လာတာဟာလူ့လောကကြီးအတွက်ကောင်းပေမယ် အခြားတစ်ဘက်မှာလည်း နူကလီးယားကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်းခံစားနေရပါတယ် ။တကယ်တန်းတော့သဘာဝကြီးဟာ လူ့လောကကြီးအတွက် အရာအားလုံးကိုညီမျှအောင်ပြုလုပ်ထားတာပါ ဒါပေမယ့် လူတွေက လိုအင်ဆန္ဒ များပြားမှုကြောင့်သဘာဝကြီးကဖန်တီးပေးထားတဲ့ညီမျှမှုများကိုဖျက်ဆီးပြစ်နေတယ် အဲဒီအတွက် သဘာဝကြီးကလက်စားချေတဲ့ အနေနဲ့ မုန်တိုင်းတွေ သဘာဝဖောက်ပြန်မှုတွေ ကို လည်း ဖန်တီးပြစ်လိုက်တယ် ။အဲဒီတော့ ဘာဖြစ်လာလဲ လို့ပြောရရင်လူသားတွေအတွက် ဆုံးရှုံးမှုတွေ ပျက်စီးမှုတွေဖြစ်ပေါ်လာတယ် ။ အခုကမ္ဘာတစ်လွှားမှာပြောနေကြတဲ့ သဘာဝဘေးအန္တရယ်တွေ ရာသီဥတုဖောက်ပြန်မှုတွေ ဟာ တစ်ကယ်တန်းတော့ လိုအင်ဆန္ဒတွေများပြားလာမှု တွေကြောင့် တနည်းအားဖြင့် သဘာဝကြီးကပေးတဲ့အပြစ်ဒဏ်လို့ ကျွန်တော်အနေနဲ့ပြောချင်ပါတယ် ။ကျွန်တော်အခုတင်ပြထားတဲ့ ပုံပြင်ထဲက အကြောင်းအရာလေးကိုလက်ခံကျင့်သုံးပြီး သာနေထိုင်မယ်ဆိုရင် တစ်နည်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်တယ် လို့ကျွန်တော်ယူဆမိပါတယ် ဥပမာ ရေခဲသေတ္တာ နှစ်လုံးဝယ်မယ် နေရာမှာ တစ်လုံးပဲဝယ်ချင်း ခတ်မှီအောင်အသစ်ပေါ်နေသော အရာများကို ၀ယ်ယူသုံးစွဲခြင်း များ ကိုလျှော့ချပေးလိုက်ပါက တစ်နည်းအားဖြင့်သဘာဝပတ်ဝန်းကျင်ကို ကယ်ဆယ်ရာရောက်ပါ တယ် နောင်လာမည့် ကျွန်တော်တို့မျိုးဆက်တွေအတွက် ချန်ထားခဲ့သင့်သည်ဟုထင်သော အမွှေမှာ သဘာဝပတ်ဝန်းကျင်သာအကောင်းဆုံးဖြစ်မယ်လို့မျှော်လင့်မိပါတယ်
ကိုရင်သာဂိ
No comments:
Post a Comment