ဆရာကျောင်ဝင်းရေးတဲ့ နှစ်ဆယ်တစ်ရာစု သားရွှေဥဆိုတဲ့စာအုပ်လေးဖတ်ပြီးတွေးစရာလေးတွေပေါ်လာလို့ အားလုံးလည်း သိစေချင်လို့ Share ပေးလိုက်တာပါ ။ဒီစာအုပ်က ရှောင်ကိုဗေးရေးတဲ့ ထိရောက်စွမ်းဆောင်ရည်မြင့် ဆယ်ကျော်သက် တို့ရဲ့ အမှုအကျင့် ခုနှစ်မျိုး ဆိုတဲ့စာအုပ်လေးပါ ဒီစာအုပ်ထဲမှာက အထူးပြုတင်ပြထားတဲ့ အကြောင်းအရာတွေက ဆယ်ကျော်သက်အရွှယ်မှာအဓိကလိုအပ်တဲ့အကျင့်လေးတွေကိုတင်ပြထားပါတယ် ကျွန်တော်လက်တွေအသုံးပြုတဲ့အခါ အလွန်တရာပင်အသုံးကျတဲ့အတွက် သူငယ်ချင်းအားလုံးသိစေချင်လို့မျှဝေပေးတာပါ
ပထမအကျင့် – တာဝန်ယူစိတ်
တစ်ကယ်တန်းပြောရရင် လောကမှာကမိမိပြုလုပ်လိုက်တဲ့အကြောင်းအရာအတွက်အပြည့်အ၀တာဝန်ယူတယ်ဆိုတာ သေသေချာချာ လေ့လာကြည်မည်ဆိုလျှင် ရှားပါးနေတာတွေနိုင်ပါတယ် ။တာဝန်ယူစိတ်ဆိုတာကလည်း ခေါင်းဆောင်မှုစွမ်းရည်အတွက်အင်မတန်မှလိုအပ်တဲ့အရည်အချင်းတစ်ရပ်ပါခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက် တာဝန်ယူနိုင်စွမ်းဆိုတာအင်မတန်မှလည်းလိုအပ်ပါတယ် ဒါပေမယ် အဲဒီလို တာဝန်ယူစိတ်ရှိဖို့ကလည်းအင်မတန်မှခက်ခဲတဲ့ ကိစ္စတစ်ခုပါ အကယ်၍ သင်မှာဤကဲ့သို စိတ်ထားမျိုးရှိပြီဆိုရင်သင်မှာခေါင်းဆောင်နိုင်တဲ့အရည်အချင်းများရှိနိုင်ပါတယ် အဲဒီတော့ ဒီစိတ်ကို မွှေးမြူနိုင်ဖို့ ကြိုးစားကြပါလို့တိုက်တွန်းပါတယ် ။တာဝန်ယူစိတ်ဆိုတာမှာတော့ အဓိပ္ပယ်နှစ်မျိုးရှိတယ် တစ်ခုက ကိုယ်တာဝန်ကိုကိုယ်ယူတာပါ နောက်တစ်ခုကတော့ လုပ်နိုင်တယ် ဆိုတဲ့သဘေားထားရှိတာပါ ။
အဲဒီကြောင်းအရာလေးကလည်းတစ်ကယ်ပင်အသုံးဝင်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ တစ်ချို့ကိစ္စတွေမှာ လုပ်နိုင်တယ်လို့တွေပြီးလုပ်လိုက်တာဟာ ကိုယ့်အတွက်အောင်မြင်လာနိုင်တဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိသွားနိုင်ပါတယ် ။အခုတင်ပြလိုက်တဲ့အကြောင်းအရာလေးတွေက သင့် အတွက် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ် နောက်ကျမှနောက်ထပ်အကျင့်လေးတွေကိုတင်ပြထားပါမယ် ။
No comments:
Post a Comment