Friday, January 15, 2010
Myanmar Ubuntu (Myanubuntu)
ကိုရင်သာဂိတစ်ယောက် Knowledge Bridge က Editor ကိုကိုရဲ ဆွေးနွေးတဲ့ Ubuntu ပွဲလေးကိုရောက်သွားတယ်ဗျ ။ အင်း ပွဲအစပိုင်းလေးမှာ ပရိုဂျက်တာအခက်အခဲကြောင့် အနည်းငယ် အဆင်မပြေတာကလွဲပြီး ကျန်တာတွေအားလုံးအဆင်ပြေပါတယ်ဗျ ။ Ubuntu အကြောင်းပြောမယ်ဆိုတော့ နည်းနည်းတော့ ရှင်းပြချင်တယ်ဗျ (ဆရာလုပ်တယ်လို့တော့မထင်ပါနဲ့ဗျာ အမှတ်တရ ရေးထားချင်လို့ပါဗျာ ) Ubuntu ဆိုတာက Linux Base Operating System ကိုအခြေခံပြီး ပြင်ဆင်ထားတဲ့ OS ပါ ။ Ubuntu ဆိုတာ အာဖရိက ဘာသာစကားကနေ ဆင်းသက်လာပြီး တစ်ဦးနှင့်တစ်ဦးစာနာထောက်ထားခြင်းလို့အဓိပ္ပါယ်ရပါတယ် ။ ဒီ OS ကို တောင်အာဖရိကသားတစ်ယောက်တည်ထောင်ထားတဲ့ Canonical Ltd ကနေ အလကားပေးထားတာပါ ။ အင်တာနက်ကနေအခမဲ့ Download ချလို့ရတဲ့အပြင် CD ကိုလည်း ရန်ကုန်စာတိုက်ကြီးကို အလကားပို့ပေးပါတယ် ။ သူက Debian Linux OS ပေါ်မှာ အခြေခံထားပြီး အိမ်သုံးရုံးသုံး နိုင်သည့်အပြင်Server တွေအထိ အလကားအသုံးပြုနိုင်ပါတယ် ။ သူ့ရဲ့မျိုးကွဲတွေက Kbuntu (KDE) , Xubuntu (Xface) , Ebuntu (Education) ဆိုတာတွေဆိုပြီးရှိပေမယ့် အလကားတောင်းလို့ရတာကတော့ Kbuntu (KDE) ရယ် Ubuntu ရယ် Ubuntu (Server Version 64 bits) တွေကို အင်တာနက်ကနေပြီးတော့ တောင်းလို့ရပါတယ် ။ကျန်တဲ့ version တွေကတော့ အင်တာနက်ကနေ Download ချလို့ရပါတယ်ဗျာ ။ အဲ အဲဒါတွေကို လေ့လာရတာ နည်းနည်းတော့ အစိမ်းသက်သက်ဖြစ်နေပေမယ့် အကျွမ်းဝင်သွားပြီးဆိုရင်တော့ Windows ကိုတောင်မေ့သွားလိမ့်မယ်(ပိုပြောကြည့်တာပါဗျာ) လို့တောင်ထင်တယ်ဗျာ ။ သူက Ever Free တဲ့ ကျွန်တော်တို့မြန်မာတွေအတွက်တော့ တော်တော် လေးအဆင်ပြေတယ်ဗျာ ။ အဲ ကိုကိုရဲကပြောသွားတာက သူက ဘာလို့ဒီလိုပေးနိုင်သလဲဆိုတော့(အင်းတစ်ချို့တွေလည်းသိချင်ကြတယ်ဗျ ) Customer Engineering Service , Support , Certification နဲ့ Training တွေ နောက်ပြီးတော့ Ubuntu Logo ရိုက်နှိပ်ထားတဲ့ Key Change, ကော်ဖီခွက်တွေ , T-shirt ,ခရီးဆောင်အိတ်,ဦးထုပ် စတာတွေအပြင်အခြားပစ္စည်းတော်တော်များများကို ရန်ပုံငွေအဖြစ် ရောင်းချပါတယ် ။ Ubuntu ကအဲဒါတွေအပေါ်မှီခိုနေလို့ ရေရှည်အတွက်စိတ်ချရပါ့မလားလို့ မေးစရာ ဖြစ်လာပေမယ့် သူတို့ပြောထားတာကတော့ စိတ်ချရပါတယ်တဲ့ဗျာ (သူတို့ပြောတာနော် ကျွန်တော်ပြောတာမဟုတ်ဘူး ) ။ အဲ Ubuntu ကိုလေ့လာကြည့်တော့ သူ့မှာ မူကွဲပေါင်းများစွားရှိပါတယ် ကိုယ်ဘာသာကိုယ် ပြုပြင်ပြောင်းလဲပြီး ရောင်းချနိုင်တယ်တဲ့ မိုက်တယ်ဗျာ ။ သူမှာ Ubuntu ME ( Muslim Edition ), Ubuntu CE ( Christian Edition ) ဆိုပြီးထူးထူးခြားခြားလေးရှိတယ်ဗျ ။ ကဲ ကျွန်တော်ပြောချင်တာက အခုမှစတယ်ဗျ ။ ကျွန်တော်အခုတက်ခဲ့ရတဲ့ဆွေးနွေးပွဲလေးမှာ Ubuntu ကိုစိတ်ဝင်စားတဲ့ လူတွေတော်တော်လေး တွေရပါတယ် ။နောက်ပြီး အပြင်မှာ လည်း Ubuntu ကိုစိတ်ဝင်စားတဲ့ လူငယ်တွေအများကြီးပါ ။ အဲဒီတော့ ကျွန်တော်တို့ကို ပညာရှင်တွေက ဦးစီးဦးဆောင်ပြုလုပ်ပြီး Myanubutu လေးလုပ်ရင်ကောင်းမလားလို့ မြန်မာ Version နဲ့ထုတ်ဖို့ပေါ့နော် ။ ကိုစေတန်တို ဆရာရဲမြတ်သူတို့ နောက်ပြီး အခြား ပညာရှင်တွေ ၀ါသနာရှင်တွေ စုပေါင်းပြီး မြန်မာ ဗားရှင်းလေးထုတ်ကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံ IT သမိုင်းမှာ မှတ်တိုင်လေးတစ်ခု ကျန်ရစ်ခဲမှာပါ ။ Windwos ပေါ်မှာ တည်ဆောက်မယ်ဆိုရင် လိုင်စင်ကြေးပေးရမယ်ဆိုရင် ကုန်ကျစရိတ်တော်တော်လေးကျမှာ ဖြစ်တဲ့အတွက် အလကားရတဲ့ အပြင် လုပ်ချင်တိုင်းလုပ်လို့ရနိုင်တဲ့ Open Source OS တွေပေါ်မှာ လုပ်ဖို့ တိုက်တွန်းချင်ပါတယ် ဒီစာလေးကို ကိုညီးလင်းဆက် ဆရာ ရဲမြတ်သူ ကိုစေတန် တို့ ကိုကိုရဲတို့ သာ ဖတ်မိပြီး နည်းနည်းလောက် စဉ်းစားကြမယ်ဆိုရင် ကျွန်တော်ရိုက်ရကြိုးနပ်ပါပြီ ။ အင်း ကိုရင်သာဂိတို့ လေ့လာနေတဲ့ ပတ်ဝန်းကျင်မှာ Ubuntu ကို စိတ်ဝင်စားတဲ့ လူငယ်တွေ တော်တော်လေးရှိပါတယ် ။ သူတို့က ပညာရှင်တွေမဟုတ်ကြပေမယ့် အားလုံးကတော့ လေ့လာနေကြတဲ့ သူတွေချည်းပါပဲ ။သူတွေကို Online ပေါ်မှာ Forum တွေနဲ့ စုစည်း ပြီးသာ လုပ်ကြမယ်ဆိုရင် တော်တော်လေးကောင်းမှာပဲ ဗျာ ။ ကျွန်တော်က လုပ်ချင်နေတာပဲပြောတာပါဗျာ ကျွန်တော်ကိုယ်တိုင်တောင် Ubuntuကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်သေးဘူးဗျ လေ့လာနေတုန်းပဲရှိသေးတယ်ဗျ။ ပညာရှင်တစ်ယောက်မဟုတ်ပေမယ့် လေ့လာသူတစ်ယောက်ကပြောလို့ နည်းနည်းတော့စိတ်မခုသွားကြပါနဲ့ဦးဗျာ ။ ကျွန်တော်ကအတွေးလေးပေါ်လာလို့ အားလုံးလဲ သိရအောင် တင်ပြကြည့် တာပါဗျာ ။ ကျွန်တော်လွန်းသွားတာ တွေရှိရင်တော့ အားလုံးကို ၀န္ဒာမိပါဗျာ ။ အင်းနောက်လည်း ဒီလိုအကြောင်းအရာလေးတွေကို ရေးဖို့ကြိုးစားကြည့်ပါရစေဗျာ ။ အဲ။…….. ကျန်ခဲ့တာလေးတစ်ခုရှိလို့ဗျ Ubuntu ကို မှာနိုင်တဲ့ဆိုဒ်လေးက shiplist.ubuntu.com ပါဗျာ အဲဒီ Livestock account လုပ်ပြီး တောင်းလို့ရပါတယ် ။ အလကားပေးတယ်ဆိုပေမယ့် ဗိုလ်အောင်ကျော်လမ်း အောက်ဆုံးဘလောက် က ဆက်သွယ်ရေးရုံးမှာ သွားထုတ်ရတာဖြစ်တဲ့အတွက် CD တစ်ခွေကို ၂၅၀ ကျပ်ပေးရတဲ့အပြင် စာတိုက်ကြီးမှာ လက်မှတ်သွားထိုးရင်းဂျာနယ်ဝယ်ရတာက သုံးရာကျပ်ပါခင်ဗျ ။အဲ သွားဝယ်ရင် ငါးရာကျပ်နဲ့ရပေမယ့် ဒီဟာလေးက Original လေးရတာဆိုတော့ ပေးပျော်ကြမယ်လို့ထင်ပါတယ်ဗျာ ။ နောက်ပြီး Kubuntu ရယ် Ubuntu (Server Version )ရယ်ကိုလည်းထပ်တောင်းလို့ရသေးတယ်နော် ။ အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ…………………………….ကိုရင်သာဂိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment