Friday, January 15, 2010
အင်တာနက်ဆိုင်အတွင်းမှ အသံများ
အင်း ကိုရင်သာဂိတစ်ယောက် အားလို့ အင်တာနက်ဆိုင်လေးတစ်ဆိုင်ကိုသွားထိုင်လိုက်တာ အဲဒီဆိုင်ထဲမှာ အသံများကိုမှတ်တမ်းတင်လာလေသတည်း ။ Hello ရတနာပုံ တယ်လီပို့ကလားခင်ဗျာ connection ကျနေလို့ လုပ်ပေးပါဦး ဆိုင်နံမည်က ……….ပါ အားကိုးပါတယ်နော် အစ်ကို။ ဗျာ …………….. ဟုတ်လား အဆင်မပြေသေးဘူးလားဗျာ မြန်မြန်လုပ်ပေးပါဗျာ ဟုတ်ကဲ့ နောက်နေ့ကျမှ ထပ်ဆက်သွယ်လိုက်ပါ့မယ်နော် ။ ရုတ်တရက် ဒုန်း………… လူတွေက၀ိုင်းကြည့်နေသည် ကောင်လေးတစ်ယောက် ကွန်ပျူတာ ကိုကြည့်ရင်းနဲ့ ထုချလိုက်သည့်အသံ …. (ဘာကောင်လဲကွ ) ။ မောင်ကြားလာဟင် ဘေးနားမှထွက်လာသည့်အသံ အဒေါ်ကြီးတစ်ယောက် အသက်လေးဆယ်လောက်ရှိသည် ။ G-talk ပြောနေသည် ။ မောင် နေကောင်းလာဟင် ဟိုမှာအဆင်ပြေရဲ့လား ပိုက်ဆံနည်းနည်းလောက် ပိုပြီးတော့ ပို့လိုက်ဦး နော် ကုန်ဈေးနှုန်းတွေကတက်နေတယ် ကြားလားမောင် ….. သားရေလားစမ်း နင့်အဖေနဲ့ပြောဦးလေ …………………။ ဗျောက်…ဗျောက် …ဒိုင်း……..ချောချောလှလှ ကောင်မလေးတစ်ယောက် ချက်နေသည် သူ့ကွန်ပျူတာကိုကြည့်လိုက်သည် စကရင်တစ်ခုလုံး G-talk နဲ့ပြည့်နေသည် ။ အစ်ကိုရေ ကွန်ပျူတာအား လား …. ကောင်တာအနီးမှ အသံထွက်လာသည် ။ ထိုစဉ် နောက်မှာ ဟေ့ရောင် ဟိုကောင်မလေးကမိုက်တယ်ဟ ငါဖြင့်ထင်တောင်မထင်ထားဘူးကွာ ကောင်လေးနှစ်ယောက် website တစ်ခုကိုကြည့်ရင်း ငြင်းနေသည် ။ သေနာ နင်ငါ့ကိုဒါမျိုးလားစမ်းလို့ဘယ်ရမလဲ လာစမ်းသေသွားမယ် …………အဒေါ်ကြီးတစ်ယောက် ဆိုင်ရှေ့မှာ ရန်ဖြစ်နေသည် ။ တီ……တီ ……….ဟာသွားပြီးကွာ ……………….. ခဏလေးစောင့်ပေးပါဗျာ မီးစက်မောင်းပေးပါ့မယ်……….ဆိုင်အတွင်း၌ မီးပျက်သွားခြင်းဖြစ်သည်။ဝ ၀ူး……၀ူး. …………….မီးတွေပြန်လင်းလာပြီး အသံတွေပြန်တိတ်သွားသည် ။ ခဏလောက် အသံများတိတ်သွားသည် အကောင့်များပြန်ခေါ်နေခြင်းကြောင့်ဖြစ်သည် ။ ကိုကိုရေ ဖုန်းလာနေတယ် ……….ကိုကိုရေဖုန်းလာနေတယ်……တောက်မုန်းချင်စရာကြီး ခေါ်မကြားအော်မကြားနဲ့ ……ဟလို အသည်းလား အင်းပြော အာ..ကိုယ် online ပေါ်မှာ တက်လာခဲ့လေ ဟာ… အင်းအင်း …..ကိုလာခဲ့မယ် နော် တာ့တာ ….။ ချစ်သူ့မင်းအနားမှာနေတဲ့ခဏ ………… အားလုံးကိုကြိုဆိုပါတယ် ………..အပြင်တွင် ထီသည်မှ ၀ိုင်းဆုခိုင်သိန်းသီးချင်းဖွင့်၍ ဆိုင်အတွင်း၌ J-me သီးချင်းဖွင့်နေသည် ။ ထိုအချိန်တွင် တောက်………….သောက်ချီးထုပ်ကွန်နက်ရှင်……………. ကောင်မလေးတစ်ယောက် အသံထွက်လာသည် ………..ဟုတ်တယ် ကွန်နက်ရှင်က အရမ်းစုတ်ပျက်နေတာပဲ …….သူ့ သူငယ်ချင်းကထောက်ခံလိုက်သည် ။ သယ်ရင်း ….မင်းယောက်က်ျားဆိုဒ်ကကောင်းတယ်ဆို ……..ဟာ………….. ရာဟုမောင်မောင်ကောမကောင်းဘူးလား…………………..အေး .ကြည်ရတာအဆင်မပြေပါဘူးကွား အားလုံးဘမ်းထားတယ်ကွ ……………….ကလေးတစ်ယောက် VZO ပြောနေခြင်းဖြစ်သည် ……။ ဆိုင်အ၀တွင်မျက်မှန်နှင့် စုပ်ချွန်းချွန်းကောင်လေးတစ်ယောက်ဝင်လာသည် အစ်မရေ စက်အားလား ……….ကောင်တာသို့မေးလိုက်သည် …………စက်ကပြည့်နေတယ် နည်းနည်းတော့စောင့်ရမယ် အစ်ကို……ဟုတ်လား …………….. စက် 14 ရှင်းမယ် ………..သုံရာကျပါတယ် .ရော့ …….အစ်ကိုစက်ရပြီ 14 မှာနော်………..။ နောက်တွင် တစ်ဆိုင်လုံးတွင် သူ့၏အသံများ ကျယ်လောင်စွာထွက်နေသည်…………… ဟေ့ကောင် Yangonese ဖျာပုံကိုထွပ်သွားဦးမှာလား… …. တင်တင်ရေနေကောင်းလား………….. အိဖြိုးရေ………. ဟေ့ကောင်အားလား သူတစ်ယောက်တည်း၏အသံသည် တစ်ဆိုင်လုံးတွင်ပျံနှံနေသည်..။ အင်း ကိုရင်သာဂိလည်းလုပ်စရာတွေလုပ်ရင် ဆိုင်ထဲကနေထွက်လာခဲ့သည် …….ဆိုင်ထဲတွင်တော့ မူလအတိုင်းပင်ဆူညံနေလျှက်ရှိနေသည် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment