ဒီနေ့ကိုရင်သာဂိတစ်ယောက်အင်တာနက်ပေါ်မျာသွားလည်းလေ့ရှိတဲ့ ဆိုဒ်လေးတစ်ခုကိုသွားလည် တာထူးခြားတာလေးတစ်ခုတွေ့တယ်ဗျ ။ Myanmar Tutorials မှာတင်ထားတာဗျ ဆောင်းပါးလေးတစ်ပုဒ်ပေါ့ဗျာ ကျွန်တော်လည်းစိတ်ဝင်စားတာနဲ့ဖတ်ကြည့်လိုက်တော့အရမ်းကို အကျိုးရှိသွား တယ် အိုင်တီနည်းပညာနဲ့ နိုင်ငံတကာမှာအသက်မွေးဝမ်းကြောင်းလုပ်နေတဲ့ ပညာရှင်တွေကနေ သူတို့အတွ့အကြုံကို မျှဝေပေးတဲ့ အကြောင်းလေးပါ ။ ဆောင်းပါးနာမည်က ဘိဇနက်နှင့် ဘ၀သံသရာ ဆိုပြီးတော့ နှစ်ပိုင်းခွဲထား တာပါ။ကျွန်တော်တို့မြန်မာနိုင်ငံမှာ နေတယ် နိုင်ငံတကာမှာဖြစ်ပျက်နေတဲံ အရာတွေကိုအင်တာနက်ပေါ်ကနေ ရှာဖွေပြီး သိကောင်းသိနိုင်ပါလိမ့်မယ့် ဒါပေမယ့် ပညာရှင်တစ်ယောက်ရဲ့ အတွေ့အကြုံကိုတော့သူမမျှဝေ ကျွန်တော်တို့မရနိုင်ပါဘူး ။ ကျွန်တော်အခုညွန်းတဲ့ ဆောင်းပါးလေး က ကျွန်တော်တို့လူငယ်တွေအတွက် အကျိုးလုံးဝရှိသွားမှာကို ရဲရဲဝံ၀ံ ပြောနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ အဲဒီဆောင်းပါးမှာတင်ပြထားတဲ့ အကြောင်းအရာလေးဟာ မြန်မာနိုင်ငံမှာ လူသိနည်းသေးတဲ့ အကြောင်းအရာလေးပါ ။ ကျွန်တော်ကတော့ ကျွန်တော့်သူငယ်ချင်းတွေကို ဒီဆောင်းပါးလေးကို ဖတ်စေချင်ပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာနိုင်ငံကြီးဖွံဖြိုးတိုးတက်ဖို့ဆိုတဲ့ အဆင့်လောက်ထိကို ကျွန်တော်ပြောချင်ပါတယ် ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ မရှိသေးပေမယ့် အကယ်၍များနောင်တစ် ချိန်ကျရင်ဖြစ်လာနိုင်တာတွေချည်းပပါပဲ ။ အဲဒီတော့ ဗျာ မိတ်ဆွေတို့အနေနဲ့ အချိန်လေးများအနည်းငယ်ရရင် ဒီဆောင်းပါးလေးနှစ်ပုဒ်ကိုဖတ်စေချင်ပါတယ် ။ဆောင်းပါးအပြင် အောင်မှာ ၀ိုင်းပြီးဆွေးနွေးထားတဲ့ comment လေးတွေပါဖတ်ပေးမယ်ဆိုရင် ပိုပြီးတော့ ကောင်းနိုင်မယ်လို့ကျွန်တော်ယူမိပါတယ် ။ မြန်မာနိုင်ငံမှာ ဒီလိုအသိဥဏ်ပေးနိုင်တဲ့ ဆိုဒ်တွေ တော်တော်လေးကိုနည်းပါးသေးတာဖြစ်တဲ့အတွက် တိုးပွားအောင်လည်း လုပ်သင့်တယ်လို့ကျွန်တော်ယူဆ မိပါတယ် ။ ကျွန်တော် အဲဒီဆောင်းပါးလေးကိုဖတ်ပြီးချိန်မှာ ကျွန်တော် တော်တော်လေးကိုလိုအပ်သေးတယ် လို့ကျွန်တော်တွေးမိသွားတယ် ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလူငယ်တော်တော် များများဟာ မြန်မာနိုင်ငံအဆင်မှာပဲရပ်တန့်နေကြပါတယ် ။ ပြည့်တွင်း မှာပဲပြိုင်ဆိုင်မှုတွေလုပ်နေကြပါတယ် မြန်မာနိုင်ငံအပြင်ဘက်ကိုအထွက်နိုင်ကြသေးပါဘူး ။ ထွက်နိုင်ကြတဲ့လူတွေကလည်း Outsourcing ဖြစ်သွားတဲ့အတွက်……………………………….ဖြစ်နေတာပေါ့ဗျာ ။ ကဲပါထားလိုက်တာပေါ့ဗျာ ကျွန်တော် အခုပြောတဲ့ဆောင်းပါးလေးကိုအောက်မှာလင့် ပေးထားပါတယ် စိတ်ဝင်စားမယ်ဆိုရင်တော့ ဖတ်ကြည့်လိုက် ပေါ့ဗျာ။ တစ်ခုခုတော့ရသွားမှာပါ ။ မရရင်တော့လည်းမတတ်နိုင်ဘူးပေါ့ဗျာ ……………………:p
http://www.myanmartutorials.com/mm-tutorials/articles/business-and-life-cycle/
http://www.myanmartutorials.com/mm-tutorials/articles/business-and-life-cycle-2/
ဘိဇနက်နှင့်ဘ၀သံသရာ အပိုင်း(၁)
ဘိဇနက်နှင့်ဘ၀သံသရာ အပိုင်း(၂)
No comments:
Post a Comment