ဒိရက်ပိုင်းတွင်းစာတွေမရေးပဲစာတွေဖတ်ဖြစ်နေတယ် နောက်ပြီးတော့် အင်တာနက်ပေါ်ကိုတက်ပြီး Blog တွေဖတ်ဖြစ်နေတယ်အဲဒီအထဲကကောင်းနိုးရာရာလေးတွေပေါ့ဗျာ ကျွန်တော်ဖော်ပြပေးချင်ပါတယ် ။ မူရင်းစာရေးသူတွေကိုလည်းဖော်ပြခွင်ပြုပေးပါရန် ဒီစာထဲကနေလည်းတောင်းပန်ထားတာပါ။ ကျွန်တော်ဒီတစ်ပတ်အတွင်းဖတ်ရတဲ့အထဲမှာ စိတ်ဝင်းစားစရာအကောင်းဆုံးPost လေးကအစဉ်လိုက်ဖေါ်ပြပေးသွားပ့ါမယ် အစုံပဲပေါ့ ဗျာ အိုင်တီနဲ့ပတ်သတ်တာတွေနောက်ပြီးတော့ဖတ်ပြီးခံစားခဲ့ရတဲ့ Post လေးတွေပေါ့ဗျာ ။
ဖတ်ပြီးခံစားရတဲ့ Story လေးပေါ့
ဒီနေရာမှာ ဖတ်နိုင်ပါတယ်
သူကခေါင်းစဉ်တပ်ထားတာက အရာရာကိုအောင်နိုင်တဲ့မေတ္တာတဲ့ ရေးထားတဲ့အကြောင်းအရာလေးကတော်တော်ကိုစိတ်ဝင်စားဖွယ်ရာကောင်းလှပါတယ် အထူးသဖြင့် ကျွန်တော်ခံစားရတာက အမှားကိုဝန်ခံရဲတဲ့ လူတစ်ယောက်ရဲ့ သတ္တိပါ ဒါဟာ လူသားတစ်ယောက်အတွက် တော်တော်လေးကိုခက်ခဲတဲ့အရာပါ ကိုယ်ကျူးလွန်ခဲ့တဲ့အမှားတစ်ခု အမှတ်တရရှိပြီး ပြန်လည်ပေးဆပ်ဖို့အတွက် ကြိုးစားခဲ့တဲ့ အာချီလိဆိုတဲ့လူကို လေးစားမိပါတယ် အပြစ်ကို ကျူးလွန်ခဲ့တဲ့အတွက် အဲဒါကိုအပြစ်လို့မှတ်ယူနိုင်တဲ့စိတ်ဓါတ်ကိုလေးစားမိတယ်ဗျ နောက်ပြီးတော့ မိခင်တစ်ဦးရဲ့မေတ္တာနဲ့ ကိုယ်သမီးမဟုတ်ပေမယ့် ကိုယ့်သမီးကဲ့သို မေတ္တာထားနိုင်တဲ့ အဖေဖြစ်တဲ့သူကိုလည်းလေးစားတယ်ဗျ အဲဒိအတွက်ကြောင့် ကျွန်တော်ဖတ်ပြီးခံစားရတဲ့အတွက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ် ဗျာ။
ဖတ်ပြီးတော်တော်လေးကို ရယ်မောရတဲ့ ကိုအိမ်ရဲ့ Post လေးပါ
ဒီနေရာမှာဖတ်နိုင်ပါတယ်
အဲဒီPost လေးကခေါင်းစဉ်လေးတတ်ထားတာက စနိုးတာဝါ(သို့)ကျွန်တော်ပြောချင်သောကျွန်တော့အကြောင်း၁၃ တဲ့ တစ်ကယ်ပါဗျာ အဲဒါကိုဖတ်ပြီးတော်တော်ကြာကိုရယ်ရတယ်ဗျ ကျွန်တော်လည်းသူရေးထားတဲ့အကြောင်းအရာလေးကိုဖတ်ပြီး ပြန်တွေးလေ ရယ်ရလေပဲဗျာ အဲဒီတော့ကျွန်တော်သူငယ်ချင်းတွေ လည်းအားရပါးရရီရအောင် ဖတ်ကြည့်လိုက်နော်…………………ပျောက်ရွှင်ပါစေဗျာ
ငပေါ ဂေဟာ၏အငြိမ်လေးပေါ့ဗျာ
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
ကိုဗီလိန်ရဲ့ အိပ်ရာထဲမှာရှိတဲ့ ဒီအင်တာနက်ပေါ်က စာသားတွေနဲ့တင်ဆက်ထားတဲ့ ဒီအငြိမ်လေး ဟာ ကျွန်တော်အမြင်နဲ့ ပြောရရင် ဆိုဒ်တော်တော်များများမှာမတွေဖူးဘူးဗျ နောက်ပြီးတော်တော်လေးလည်းထူးဆန်းတယ် ဗျ ဖတ်ရတာလည်းမိုက်တယ် ဘာပဲဖြစ်ဖြစ် ဖတ်ပြီးသွားတဲ့သူတွေလည်းရှိမယ်လို့ထင်ပါတယ် မကယ်၍ မဖတ်ရသေးဘူးဆိုရင် ဖတ်ကြည့်ဖို့တိုက်တွန်းချင်တယ် ဗျာ ဘာပဲဖြစ်ဖြစ်ပေါ့ အပန်းပြေတာပေါ့နော် …………….ဖတ်ကြည်လိုက်ပါ ကြိုက်သွားမှာပါလို့တော့ပြေချင်ပါတယ် အကယ်၍များတစ်ချို့စာသားတွေကို မြန်မာစာပေစီစစ်ရေးအဖွဲလို နည်းနည်းလောက် လုပ်ပေးလိုက်ရင် အားလုံးလည်းဖတ်လို့အဆင်ပြေသွားမယ်လို့တော့ကျွန်တော်ယူဆမိပါတယ်ဗျာ………………….
အလိုချင်ဆုံးပစ္စည်းလေးပေါ့ဗျာ
ဒိနေရာမှာကြည့်နိုင်ပါတယ်
ဒီရက်ပိုင်းအင်တာနက်သုံးနေရင်းနဲ့ ပစ္စည်းလေးတစ်ခုတွေ့တယ်ဗျ ဘာလဲလို့မေးလာရင် အိုင်တီလောကသားတွေရော ပိုက်ပိုက်ဖြုန်းနိုင်တဲ့သူတွေကောနောက်ပြီးလူတော်တော်များများကိုင်ချင်တဲ့ iPhone4 လေဗျာ ကျွန်တော်တို့အစ်ကိုကြီးကိုထူးတေဇက အဲဒိအိုင်ဖုန်းအကြောင်းကိုသေသေချာချာရေးထားပုံများ ဟင်း………………………….တော်တော်လေးကိုလိုချင်တယ် ၀ယ်ဖိုကျတော့လည်း အင်တာနက်ဖိုးတောင် အမေ့ဆီကမနည်းတောင်းနေရတဲ့ဘ၀ အဟင့် လိုချင်လိုက်တာပဲဗျာ ဆိုပြီးငြီးလို့ နေတော့မယ်ဗျာ .။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ အခုတစ်လောထွက်တဲ့ နည်းပညာသတင်းတွေထဲမှာအဲဒီအိုင်ဖုန်းဖိုး ဆိုတာကိုပဲ တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ် မြန်မာနိုင်ငံမှာ ကံစမ်းမဲလာဖောက်ပေးရင်းကောင်းမှာပဲလို စိတ်ကူးပဲယဉ်နိုင်တယ် ဘ၀ အော် ………………..ဗမာနိုင်ငံသားဖြစ်ရတာ ပိုက်ဆံကုန်သက်သာပါလားလို့တွေ့မိတယ်ဗျာ .။ အဲကျန်သေးလို့…………… အဲဒီ iPhone4 က အခုကျွန်တော်တို့ MPT ကထုတ်ပေးထားတဲ့ SIM Card နဲ့သုံးလို့မရဘူးတဲ့ သူသုံးတာက Mini SIM ကဒ်တဲ့ ကဲ အဲဒါတွေကြောင့် iPhone တွေကိုမကိုင်တာ ဆယ်ငါးသိန်းတန်ကဒ်ကြီးကိုဘာကြောင့်ချိုးပစ်ပြီးသုံးရမှာလဲနော် …………ဟုတ်တယ်မလား
ဖတ်လို့အမြဲတမ်းကောင်းနေတဲ့ဆိုဒ်
ဒီဆိုဒ်လေးပါ
ဒီဆိုဒ်လေးက မြန်မာနိုင်ငံမှာရှိတဲ့ ကွန်ပျူတာအသုံးပြုနေသူများသာမက လူငယ်တော်တော်များများဖတ်သင့်တဲ့ဆိုဒ်လေးပါ အိုင်တီနည်းပညာများအပြင် လူငယ်တွေအတွက်အသုံးဝင်တဲ့ ဗဟုသုတလေးတွေ အသိပညာတွေ အတတ်ပညာတွေကိုတော်တော်လေးကို ဖော်ပြပေးထားတာပါ နောက်ပြီးခတ်မှီတဲ့ အကြောင်းအရာတွေ နောက်ပြီးတော့ပညာရှင်တွေရဲ့ interview တွေ အမေးအဖြေလေးတွေနောက်ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေ တော်တော်များများကိုဖော်ပြပေးထားပါတယ် ။ သူကတော့myanmar tutorial ပါ မြန်မာကျူတိုရီရယ်ဆိုတာကထက် အိုင်တီသာမကအင်္ဂလိပ်စာကောနောက်ပြီး အသိပညာဆိုတဲ့ ခတ်သစ်အသုံးလုံးကိုသင်ကြားပေးတဲ့ဆိုလေးဖြစ်တဲ့အတွက် ကျွန်တော်အင်တာနက်သုံးတိုင်း ကြည်လေ့ရှိတဲ့ဆိုဒ်လေးပါ အကယ်၍များမိတ်ဆွေအနေဖြင့် အချိန်လေးများရခဲ့ရင် ဒီဆိုဒ်မှာရှိတဲ့ ဒီPost လေးကိုဖတ်ကြည့်ပါဦး သူက လေးပိုင်းရှိပါတယ် အောက်မှာ လင့်လေးကိုပေးထားပါတယ် ။ ဖတ်ပြီးရင်တစ်ခုခုတော့ကျံခဲ့မယ်ဆိုတာကို ကျွန်တော်ယုံကြည်လျှက် ။အားလုံးပဲပျော်ရွှင်ပါစေဗျာ……………………………………
သူငယ်ချင်းတွေစုပြီးလုပ်ငန်းတစ်ခု စတော့မှာလား(၁)
သူငယ်ချင်းတွေစုပြီးလုပ်ငန်းတစ်ခု စတော့မှာလား(၂)
သူငယ်ချင်းတွေစုပြီးလုပ်ငန်းတစ်ခု စတော့မှာလား(၃)
သူငယ်ချင်းတွေစုပြီးလုပ်ငန်းတစ်ခု စတော့မှာလား(၄)
No comments:
Post a Comment