Saturday, June 19, 2010

ဤကမ္ဘာမြေစိမ်းလန်းပါစေ ဤ မြန်မာမြေစိမ်းလန်းပါစေ

ကျွန်တော်တို့နေထိုင်ရာ ဤကမ္ဘာမြေသည် အရင်ကစိမ်းလန်းခဲ့သည့် ။ သို့သော် ယခု …………….??? ။ကျွန်တော်တို့ နေထိုင်ရာ ဤမြန်မာမြေသည် အရင်ကစိမ်းလန်းခဲ့သည် ။ သို့သော် ယခု……………………??? ။စက်မှုခတ်သို့တိုးတက်မှုကြောင့် စီးပွားရေးတိုးတက်လာသည် ။ လူနေမှုများတိုးတက်လာသည် ။ လောဘများ တိုးတက်လာသည် ။ အတ္တများတိုးတက်လာသည် ။ ထို့အတွက် ကြောင့် ဤကမ္ဘာမြေကြီး ပျက်စီးခြင်းသို့တိုးတက်လာသည် ။ ထို့အတွက်ကြောင့် ကျွန်တောတို့ လူသားတွေ လွတ်လပ်စွာနေထိုင်ဖို့ ခက်ခဲခြင်းများတိုးတက်လာသည်။

ဤကမ္ဘာမြေသည် ကျွန်တော်တို့ အားခိုလုံရာဖြစ်အောင်ပေးထားသော လက်ဆောင်ကြီးတစ်ခုဖြစ်သည်။သို့သော် ယခု ဤခိုလုံရာကြီးအားလူသားတွေဖျက်ဆီးနေသည် ။ စိမ်းလမ်းမှုအားချစ်မြတ်နိုးသောသူများသည်သာ ကယ်တင်ဖို့ကြိုးစားနေသည် ။ ကျိုတိုပရိုတိုကော လည်းပြီးဆုံးသွားပြီ ။ ကိုပေဟေဂင် လည်း အသုံးမ၀င်တော့ပါ ။ ထို့အတွက်ကြောင့်လုပ်စရာရှိသည်များကို ကျွန်တော်တို့ကိုယ်တိုင်သာ လုပ်ရတော့မည် ။ သူတို့တွေသည်ကား လောဘသမားတွေရဲ့ စနက်ကြောင့် သူတို့ လုပ်သင့်လုပ်ထိုက်တာများကို ပျက်ကွက်လျှက်ရှိသည် ။ ထိုအပြင် မသိချင်ယောင်ဆောင်နေကြသည် ။ သူတို့က တော့ ဖွံဖြိုးတိုးတက်ရေးသာ အရေးကြီးသည် အခြားအရာတွေက အရေးမကြီးပါ ဖွံဖြိုးတိုးတက်မှုများပြီးဆုံးသွားရင် ပြန်လည်ပြုပြင်နိုင်သည့်ဟုပြောဆိုနေကြသည် ။ သို့သော်လည်း သူတို့လက်ချက်ကြောင့် ဂေဟစနစ်ကြီးပျက်စီး လာသည် ။ သဘာဝဘေးအန္တရယ်တွေ ရင်ဆိုင်လာကြသည်။ သစ်ပင်တွေကို ရက်ရက်စက်စက် ခုတ်ပြစ်နေကြသည် ။ အချို့သောစီးပွားရေးသမားတွေက တောမီးများရှို့ပြီး သူတို့ စက်ရုံများအတွက် နေရာများကိုဖန်တီးနေသည်။ လူငယ်များ ပညာရှင်များက သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအတွက် လုပ်နေသည်ကို လူကြီးများက အားမပေးကြ သူတို့စီးပွားရေးထိခိုက်သည့်အတွက် နိုင်ငံတစ်ကာ တွင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲများကို တရားမ၀င် ထိန်းချုပ်ဖို့ကြိုးစားနေကြသည် ။ NGO များ၏ လူဒါန်းသူဟုနာမည်ခံ ပြီးတော့ အခွန်ရှောင်သော သူဌေးတို့ ကား အံသြဖွယ်ရာကောင်းလှချည်ဗျာ ။ နိုင်ငံကြီးသားဟု သူတို့ဘာသာနာမည်တတ်ပြီး လုပ်စားနေသော သူဌေးများ လည်းဤလောကထဲတွင်ရှိကြပေသည် ။ နိုင်ငံကြီးများကလည်း သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးအတွက်ဆိုလျှင် လက်မရဲသလောက် လက်နှက်များထုတ်လုပ်ဖို့ဆိုရင် ရဲရဲဝံ၀ံ လုပ်နိုင်ကြသည် ထို့အတွက် ကျွန်တော်တို့ သည်လည်း ဘာမှမတတ်နိုင်ပေ။ ကျွန်တော်တို့လုပ်နိုင်သည်မှာ မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ အသိပညာများမျှဝေပေးခြင်းများပြုလုပ်၍ ထိမ်းသိမ်းကြရန်သာတတ်နိုင်ပေသည် ။ အော် ……………….လောကလောက ………………………….။ မြတ်စွာဘုရားဟောကြားသည်မှာမှန်လေစွ မှန်လေစွ လူဟူသည် ကားမကောင်းမှုတွင် အလွယ်တကူ စီးမျှောတတ်သည် ဟူသောစကားသည် သွေးထွက်အောင်မှန်ပေသည်တကား…………………….။

အတိတ်ကမြန်မာသမိုင်းရှိ ကဗျာများ ၀တ္တုများတွင်တွေ့ရသည့် မြန်မာနိုင်ငံသည် စိမ်းလမ်းဆိုပြေသော သစ်တောကြီးများစွာကို ပိုင်ဆိုင်သောနိုင်ငံ တစ်ခုအဖြစ်တည်ရှိခဲ့သည်။ သို့သော် ယခုအချိန်တွင်ကား………………..?????? ။ မဲဇာတောင်ခြေ ကဗျာတွင် မဲဇာတော၏ သစ်ပင်များပေါက်ရောက်ပုံကိုရေးထားသည်မှာ အားရဖွယ်ကောင်းလေသည် ။ နေပျောက်ပင် ထိုးမပေါက်နိုင်အောင် သစ်တောများဖြင့် ဖုံးလွမ်းခဲ့သော မဲဇာတောင်ခြေသည် ယခုတော့ လွင်ပြင် ထီးထီးဖြစ်နေသည် ။ မြကန်ကဗျာထဲကလို

တောင်ကျချောင်းဘေး ရေ၀င်ပြေးလှည်

ရေအေးကြည်စွာ ကန်ပိုင်မာလျှက်

ကြာပေါင်းထုံထုံးဌက်မျိုးစုံသည်

ဘုံဝတ္တိသာ နံန္ဒာပေသော

တူစွ ဟုတ္တာ…………………………..

မြကန်သည် ယခုတော့ ဆည်တာတမံကြီးဖြစ်နေသည် ။ အရင် ကသာယာလှပခဲ့သော သဘာဝအလှတရားသည် ယခုတော့ လူများဖန်တီးသည့်အလှတရားများဖြင့် တင့်တယ်နေသည်တကား…………………………………….

No comments:

Post a Comment