Wednesday, June 16, 2010
Online တွင်ပိုက်ဆံရှာနိုင်မည်လော
ကိုရင်သာဂိတစယောက် ဒီနေ့ 7Days Journal ကို အိမ်ကလည်းဝယ်ထားတာနဲ့ ဖတ်ကြည့်မိတယ်ဗျ အဲဒီမှာ Technology ဆိုတဲ့ စာရွက်လေးမှာ သတင်းတစ်ပုဒ်သွားတွေ့တယ် နည်းနည်းလေးတော့စိတ်ဝင်စားသွားတယ် ။ အဲဒီသတင်းခေါင်းစဉ်က ”အွန်လိုင်းကြော်ငြာလုပ်ငန်းက မြန်မာဝက်ဆိုက်များအတွက် ကြောငြားများရှာပေးမည် ” အဲဒီသတင်းလေးက ကျွန်တော်တို့လို အင်တာနက်ပေါ်မှာနေတဲ့ သူတွေအတွက်တော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ် ။ သူရဲ့ သတင်းမှာ ဆိုထားတာက Myanmar Online Advertising မှ မြန်မာဝင်ဆိုက်များအတွက် ကြောငြာများရှာပေးမည်တဲ့ ။ အဆိုပါ ၀က်ဆိုဒ်များသည် နိုင်ငံရေးနဲ့သော်လည်းကောင်း ညစ်ညမ်းမှုများနှင့်သော်လည်းကောင်းသက်ဆိုင်မှုမရှိစေရတဲ့ ။ ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ မည်သည့် ISP များကလည်း ပိတ်ထားသော ၀င်ဆိုက်တစ်ခုဖြစ်ရမည် ။ ထို့အပြင် တစ်ရက်လျှင် လူ(၂၀)ကျော်ရှိရမည်ဖြစ်ပြီး Visitor Counter Widget ပါရှိရမည်ဖြစ်သည် ။ ၀က်ဆိုဒ်ရေးသူများသည် MOA ၏တရားဝင်းဝက်ဆိုဒ်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး တစ်ပတ်တိတိစောင့်ကြည်မည်ဖြစ်သည် ။ တစ်ပတ်ပြည့်လို့ သတ်မှတ်ထားသောစည်းကမ်းများနှင့်ညီပါ ၀က်ဆိုဒ်ရေးသူထံသို့ ကြောငြာနှင့် code ကိုပို့ပေးမည်ဖြစ်ပြီး ၀က်ဆိုက်၏ သိသာထင်ရှားသောနေရာတွင်ဖော်ပြပေးထားရမည်ဖြစ်သည် ။ ၀က်ဆိုက်ရေးသူတစ်ယောက်ကိုကြော်ငြာတစ်ခုသာရရှိမည်ဖြစ်ပြီး ကြော်ငြာတင်ပြီးနောက် တစ်ပတ်အပြီးတွင် မြန်မာငွေကျပ်ခြောက်သောင်းကိုလာရောက်ထုတ်ယူနိုင်မည်ဖြစ်သည် ။ ခြောက်လစာပေးအပ်ခြင်းဖြစ်ကြောင်းကိုဖော်ပြထားသည် ။ သတင်း အကျဉ်းချုပ်ကတော့ အဲဒီအတိုင်းပါပဲ ။ ဒါပေမယ့်နောက်ဆက်တွဲအရ ကျွန်တော်ရဲ့ထင်မြင်ချက်ကတော့ဗျာ အခုလို internet သုံးနေရင်း နဲ့ ပိုက်ဆံရှာလာနိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့လို အင်တာနက် ပေါ်က စာရေးသူတွေအတွက် အခွင့်အလမ်းတစ်ခုကိုဖန်းတီးပေးလိုက်နိုင်တာပေါ့ဗျာ ။ အင်တာနက်သုံးတယ်ဆိုတာ ကျွန်တော်တို့ ပတ်ဝန်းကျင်ကတော့ ပိုက်ဆံဖြုန်းနေတယ်လို့ပဲသိကြပါတယ် အိမ်ကပိုက်ဆံတောင်းပြီးတော့ အင်တာနက်ပေါ်မှာ အကျိုးမဲစွာအချိန်ကုန်နေတယ်လို့ပဲ လူကြီးတွေတော်တော်များများကထင်ကြပါတယ် ။ ဒီလိုမြင်ရတာလည်း အချို့သော အင်တာနက်ကိုလွဲမှားစွာသုံးနေကြတဲ့သူတွေကြောင့် ဖြစ်တယ်လို့တော့ကျွန်တော်ထင်ပါတယ်။ အခုသတင်းလေး ဟာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ် ၀က်ဆိုက်ရေးသူတွေနဲ့ blog ရေးသူတွေအတွက် ဒါဟာပိုက်ဆံရှာနိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ ။ အင်တာနက်လောကမှ ဖွံဖြိုးတိုးတက်လာဖို့အတွက်ဒါဟာ ပထမဦးဆုံးခြေလှမ်းလို့ ယူဆနိုင်ပါတယ် ။ အခုလိုဖြစ်တာတာကိုကြိုဆိုပါတယ် ဗျာ …………………………… ကိုရင်သာဂိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment