ဒီခေါင်းစဉ်လေးကတော့ ကျွန်တော် သူငယ်ချင်းတစ်ယောက် ကျွန်တော်ကိုပြောပြောနေတဲ့စကားလေးဖြစ်ပါတယ် ။ သူက ကျွန်တော်ကို အဲဒီ Pay Per Post နဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ် ။ သူက Blog ရေးရင်းနဲ့ ပိုက်ဆံဘယ်လိုရှာနိုင်မလဲနည်းလမ်းကို Reserch လုပ်နေတဲ့သူဖြစ်ပါတယ် ။ ကျွန်တော်က သု့လောက်တော့မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သူလုပ်သမျှ လုပ်ငန်းစဉ်တွေတော့နားလည်သလိုရှိပါတယ် ။(ဟီး………………..ဘာမှန်းကိုသေချာတော့သီဘူးဗျ) သူလုပ်တဲ့ Reserch လေးက စိတ်ဝင်စားဖွယ်ကောင်းလို့ သူငယ်ချင်းတွေကို မျှဝေပေးတာပါ။ ကျွန်တော်သူငယ်ချင်းက Barcamp Yangon နဲ့ M51A ပွဲတွေမှာ Professional Blogging နဲ့ပတ်သက်ပြီး ပြောခဲ့ပါသေးတယ် ဗျ။ သူလိုမျိုး Blogging နဲ့ပတ်သက်ပြီးလုပ်နေတဲ့သူတွေအများကြီးပဲရှိမယ်လို့ထင်ပါတယ် ။ ဒါပေမယ့် သူ သွားတဲ့လမ်းစဉ်းလေး ဖြစ်နိုင်မှုတွေများတယ် နောက်ပြီး တစ်ကယ်လည်း အသုံးကျတယ်ဆိုတာကိုတွေ့တဲ့အတွက် အားလုံပဲ သိရအောင် မျှဝေပေးလိုက်တာပါ။ ကျွန်တော်ပထမဦးဆုံးသူရေးထားတဲ့ ပေးပါပိုစ် နဲ့ပတ်သက်ပြီး သူရေးထားတဲ့အတိုင်း အရင်ဖေါ်ပြပေးလိုက်ပါတယ် သူဟာ ရေးပြီးတော့မှ ကျွန်တော် ပြောချင်တာလေးတွေ ထပ်ပြောတာပေါ့နော်
ပို့စ်ပါပေး
တကယ်တော့ ဘလော့ဂ်တစ်ခုကနေ ဝင်ငွေရအောင်လုပ်ဖို့ဆိုတာ လွယ်လည်းလွယ်တယ် ခက်လည်းခက်တယ်လို့ပြောရမလိုပါပဲ။ အသေအချာစဉ်းစားကြည့်တော ဒီမှာလည်း ဒီလောက်မလွတ်မလပ် ကြားထဲကတောင် လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိနေတာတွေ့ရပါတယ်။ပရိုဘလော့ဂ်တစ်ခုဖြစ်ဖို့ တစ်နည်းအားဖြင့်ဘလော့ဂ်ကနေဝင်ငွေရအောင်လုပ်နိုင်တဲ့နည်းလမ်းတစ်ခုအဖြစ် ကိုယ့်ဘလော့ဂမ်မှာ ပြည်တွင်းသုံးကြော်ငြာတွေထည့်သွင်းခြင်းကို နည်းလမ်းတစ်ခုအနေနဲ့ ကျွန်တော်တင်ပြခ့ပဲါတယ်။ဒါဟာ မည်သူမဆို အသုံးပြုနိုင်မဲ့ အခြေခံနည်းလမ်းတစ်ခုမို့လို့ ရှေ့တန်းတင် ပေးလိုက်တာပါပဲ။ တကယ်လို့ ကိုယ်ကသက် ဆိုင်ရာနယ်ပယ်တစ်ခုမှာ ကျွမ်းကျင်သူ ပညာရှင်တစ်ဦးဖြစ်မယ်။ ဥပမာ ရှေ့နေဆိုပါစို့။ အိုကေ ဘလော့ဂ်ကိုအသုံးပြုပြီး အမှုသည်ဘယ်လိုရှာမလဲ။ ကျွန်တော်တောင် ဥပဒေသမားမဟုတ်ပေမဲ့ ထွက်လာလိုက်တဲ့ စိတ်ကူးတွေအများကြီးပဲ။ အိုင်တီသမား၊ network သမား။ ဒီလောက်ဆိုတော်တော် ပေါက်လောက်ပါပြီ။ ဒါတွေဟာ ကိုယ်ဘလော့ဂ်ကို အခြေပြုပြီး ဝင်ငွေရှာတာပဲ ပရိုဘလော့ဂ်ဂင်းပဲပေါ့။ (ကြိုးစားရင်ဖြစ်ပါတယ်ဗျာ)ကဲ ကျွန်တော်သုံးနေတ့နဲ ည်းတစ်ခုကိုလည်း ပြောပြမယ်ခင်ဗျ။ အွန်လိုင်းပေါ်မှာရှိတဲ့ Payperpost ဆိုတ့စဲ နစ်ကိုကိုယ့်ရေခံမြေခံနဲ့ ကိုက်ညီအောင်လုပ်ကြည့်ထားတာလေ။ ပို့စ်ပါပေး တ့ေဲ လ။
ဝဘ်ပေါ်မှာ ဘလော့ဂ်ဂါတွေအတွက် ငွေရှာနည်းတစ်ခုအဖြစ် Adsense တို့လို့ ကြော်ငြာထည့်ပေuးserကလစ်နှိပ် ပိုက်ဆံရတဲ့ဆိုဒ်တွေအပြင် PayperPost ဆိုတ့ဆဲိုဒ်တေလွ ည်း ရှိတယ်ခင်ဗျ။ ခင်ဗျားရေးတဲ့ ပို့စ်တွေအတွက် ပိုက်ဆံပေးမယ်ပေါ့ဗျာ။ဒါပေမဲ့တစ်ခုရှိတာက သူတို့ရေးခိုင်းတာကို ရေးရမှာခင်ဗျ။ နောက်ပြီး သူတို့ကလည်း ကြိုက်ဦးမှ။ ဒီအပြင်အဲလိုရေးခွင့်ရဖို့ဆိုတာကလည်း ကိုယ့်ဘလော့ဂ်က အင်္ဂလိပ်ဘာသာစကားကိုပဲ အသုံးပြုထားရမယ် တို့၊ အနည်းဆုံးဘလော့ဂ်သက်တမ်းတစ်လ ပို့စ်ဆယ်ခုကျော်အောင်ရှိမယ်တို့ ကိုယ်ရေးလိုက်တဲ့ပို့စ် ကလည်း အနည်းဆုံးစာလုံးရေဘယ်လောက် ရှိရမယ်တို့ စတဲ့ စည်းကမ်းလေးတွေကို လိုက်နာရဦးမယ်ခင်ဗျ။ တစ်ချို့ဆားဗစ်တွေဆို ကိုယ့် visitor
အရေအတွက်ကိုတောင် ကြည့်ပါတယ်။ထားတော့ အဲဒီလိုမျိုးကျွန်တော်တို့ကလုပ်ချင်တယ်။ ဒီမှာနေပြီး သူပြောတ့အဲ ချက်အလက်တွေကိုစည်းကမ်းတွေကို ကျော်ဖြတ်နိုင်တ့ထဲား နောက်ဆုံး ငေလွှဲတ့အဲ ခါ ရွာလည်ဦးမှာပါပဲ အဲလို အဲလို။ ( ဒီမှာ Paypal ဆားဗစ်ပွဲစားတွေရှိပေမဲ့လည်း စစချင်းကိုယ်ရမဲ့ပိုက်ဆံလေးနဲ့ နောက်တခြားအခက်အခဲတွေက စိတ်ရှုပ်စရာပါ) ဒီတော့အင်တာနေရှင်နယ်မှာ ဝင်ပလေးလို့မရတဲ့ ကျွန်တော်က တစ်မျိုးကြံပါတယ်။အလုပ်မရှိပေမဲ့ အလုပ်လိုက်မရှာတော့ဘဲ အလုပ်ကိုကိုယ့်ဆီရောက်လာ အောင်ကို လုပ်ထည့်လိုက် တာပါ။ ခုဆိုကျွန်တော့်ဘလော့ဂ်အသစ် yangonese.tk ဟာ အဲဒီလိုစခန်းသွားနေတာပေါ့။ နည်းလမ်းက ဘယ်လိုလဲဆိုတော့ပို့စ်တွေရေးတ့အဲ ခါမှာ နည်းနည်းလေးပိုအားထုတ်တယ်။ ပြီးတော့ ကိုယ့်ပို့စ်တွေကို ဒီက စာနယ်ဇင်းတွေဆီ ပို့တာပါပဲ။တစ်နည်း အားဖြင့် ခုခေတ်စားနေတဲ့ Freelance Reporter အလုပ်ပေါ့။ အိုကေတယ်ဗျ။ လွတ်လည်းလွတ် လပ်တယ်။ဘာအနှောင်အဖွဲ့မှမရှိ ကိုယ်ကြိုက်တာကိုယ်ရေး။ ပြီးရင် သက်ဆိုင်ရာ စာနယ်ဇင်းကိုပို့။ ဟိုကရွေးရင် ပိုက်ဆံရ။အဟား ဒါလည်း PayperPost တစ်မျိုးပေပဲ။ ဒါပေမဲ့ ဝဘ်ပေါ်က PayperPost စနစ်နဲ့တော့ နည်းနည်းကွဲသွားတာပေါ့ဗျာ။အင်္ဂလိပ်လိုအသံထွက်က ပေးပါပို့စ် ကိုယ့်ရေးလိုက်တဲ့ပိုစ်ကို ပေးမယ်ပေါ့။ ကျွန်တော်ကတော့ ပို့စ်ပါပေးကိုယ်ပို့စ်လေးဂျာနယ်မှာပါလာရင် စာမူခပေးတော့မှာလေ ဟုတ်ဖူးလား အဟဲ။
Yangonese
သူရေးထားတဲ့ပိုစ်ပါပေးဆိုတဲ့စာလေးတော့ကျွန်တော်ဖော်ပြပေးပြီးသွားပြီ။စာဖတ်သူကောဘယ်လိုမြင်လဲ ကျွန်တော် က သူနဲ့ တော်တော်လေး ရင်းနှီးတဲ့ သူငယ်ချင်းဆိုတော့ သူ့အကြောင်းကိုသိပါတယ် ။ သူ လုပ်တဲ့ Reserch ကအောင်မြင်သွားတယ် ဗျ။သူက ဘယ်လိုလုပ်လဲဆိုတော့ သူကဂျာနယ်မှာ စာမူသွားပို့တယ် နောက်ပြီး ပို့တဲ့စာမူကို သူ့ Blog မှာ တင်တယ် ဂျာနယ်ထွက်တော့ သူ့ ပေးထားတဲ့ သတင်းကပါလာတယ် ၊ နောက်ပိုက်ပိုက်ရတယ် ။ ကျွန်တော်ပြောချင်တာက သူလုပ်သွားတဲ့ပုံစံကိုပြောတာပါ ကျွန်တော် တို့ Blog ရေးတဲ့သူတွေ Blogနဲ့ ပတ်သက်ပြီး ပိုက်ပိုက်ရဖူးကြသလားဗျ ၊ ဟီး……………အမှန်တိုင်းပြောရရင် ကျွန်တော်လည်းမရဖူးဘူးဗျ ရေးတာ တစ်နှစ်ပြည့်ပြီး အခုထိကို မရသေးဘူး။ အိတ်ထဲကစိုက်လိုက်ရတာ တော်တော်များတယ် အမေတောင်သိရင် အသေသက်လိမ့်မယ် ။ အကယ်၍များ အနာဂတ်မှာ ကျွန်တော်တို့ Blog ရေးရင်းနဲ့ ပိုက်ပိုက်များရလာရင် တစ်ကယ်ကိုFull Professional Blogger လို့ ကြွေးကြော်နိုင်တာပေါ့ဗျာ ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက အခုလောလောဆယ်တော့ Porfessional Blogger လို့ပဲ ပြောနိင်သေးတယ် ။ (ကျွန်တော်ပြောတဲ့ Professional ဆိုတာ ကို ဒီမှာကျွန်တော်ရှင်းပြထားပါတယ် ဗျာ) ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Online Banking စနစ်ကပေါ်ပေါက်လာတော့မယ်ဆိုတော့ အကယ်၍ များကျွန်တော်သူငယ်ချင်းပြောတဲ့ အနေအထားထက်ပိုကောင်းတဲ့အခွင်အလမ်းတွေဟာ ပေါ်ပေါက်လာနိုင်ပါတယ် ။ Blog ရေးနေတဲ့ ကျွန်တော့်သူငယ်ချင်းများအတွက် တွေးစရာလေးများကျန်ရစ်နိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ဗျာ။
No comments:
Post a Comment