သူငယ်ချင်း အားလုံးလိုအပ်မယ်ထင်လို့ ဒီအကြောင်းအရာလေးကို ရေးလိုက်တာပါ စိတ်ဝင်စားမယ်လို့လည်းမျှော်လင့်ပါတယ် ၀တ္ထုရေးရင်းတန်းလန်း ဘာဆက်လုပ်ရမှန်းမသိတော့တဲ့အခါဆိုတဲ့ဆောင်းပါးလေးထဲက အကြောင်းအရာလေးပါ သြဂုတ်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းထဲက ဆရာဦးဝင်းငြိမ်းဘာသာပြန်တဲ့ အင်္ဂလိပ်စာရေးဆရာမကြီး Phyillis A. Whitney ကအကြံပြုထားတဲ့ အကြောင်းအရာလေးတွေကိုဘာသာပြန်ထားတာပါ ။သူငယ်ချင်းတစ်ချို့ ၀တ္ထုရေးနေတာကိုတွေ့လို့ အသုံးဝင်မယ်ထင်တဲ့ အချက်လေးတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
အော် ဒါနဲ့ကျွန်တော်ရဲ့သူငယ်ချင်းတွေထဲမှာ citizen journalist လုပ်မည့်သူများကျွန်တော်လည်းအပါအ၀င် ဆိုတော့ တစ်ခါတစ်လေမှာ သတင်းဆောင်းပါးလေးတွေလည်းရေးမယ်ဆိုတော့ အခုရေးထားတဲ့အချက်လေးတွေက အသုံးဝင်မယ်လို့မျှော်လင့်မိပါတယ်။
၁။ မိမိကိုယ်ကို စာရွှက်ပေါ်မှာစကားပြောကြည့်ပါတဲ့
ဒီအချက်လေးက အလွန်တရာမှကောင်းတယ်လို့ ယူဆမိပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့တွေဟာ မိမိကိုယ်ကို စိတ်ထဲမှာစကားပြောလေ့ရှိပေမယ့် စာရွှက်ပေါ်မှာချပြီးစကားပြောဖို့ကခက်ခဲတယ်လို့ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အခုပြောတဲ့အကြောင်းအရာလေးကို လက်တွေအသုံးပြုတဲ့ အခါ အသုံးဝင်နေတာတွေရတယ် ၊ကျွန်တော်က စာရေးရင်းနဲ့တစ်ခါတစ်လေ ရပ်သွားတတ်တယ် ဘာကြောင့်မှန်းလည်းမသိဘူး ဘာဆက်ရေးရမှန်းတောင်မသိဘူး ။ အခုမှစာစရေးတဲ့ သူတွေဆိုပြီးပိုပြီးသိသာမယ်လို့ထင်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ရေးမယ်လို့တွေးထားတဲ့အကြောင်းအရာလေးတွေကုန်သွားတဲ့အခါတို့ ဘာရေးရမှန်းမသိတော့တာတို့ တွေ အများကြီးဖြစ်ဖူးပါတယ်။ အခုလည်းဖြစ်နေဆဲပါပဲ။ဒါပေမယ့် အခုတင်ပြထားတဲ့ အကြောင်းအရာလေးကိုအသုံးပြုလိုက်တဲ့အခါ အလွန်တရာအဆင်ပြေသွားပါတယ် အဲဒါကြောင့်သူငယ်ချင်းများအားလုံးအတွက် မျှဝေပေးလိုက်ပါတယ်။
၂။ ကိုယ်ရေးမည့်အကြောင်းအရာကိုပြန်လည်သုံးသပ်ခြင်း
ကိုယ်ဘာရေးနေသလဲဆိုတာကိုပြန်လည်သုံးသပ်ခြင်းက ဘာအကျိုးအမြတ်တွေရရှိလာနိုင်သလဲ ၊ အများကြီးရှိနိုင်တယ်လို့ပြောပါရစေ ။ဘာဖြစ်လို့လည်းဆိုတော့ မိမိဘာတွေရေးနေတာလဲ ဘာအကြောင်း အရာတွေရေးနေသလဲ ဘာကိုတင်ပြချင်သလည်းဆိုတာကို အနည်းဆုံးသုံးကြိမ်လောက် မရေးခင်ရယ် ရေးနေဆဲအချိန်ရယ် ရေးပြီးအချိန်ရယ် သုံးသပ်ကြည့်လိုက်ပါ မိတ်ဆွေ သင်မတူညီတဲ့မူလကတွေးထားတဲ့အကြောင်အရာထက်ပိုပြီးပြည်စုံလာတာကိုတွေရပါလိမ့်မည် ။ ဘာဖြစ်လို့လည်းဆိုတော့ ပထမအကြိမ်မှာသုံးသပ်စဉ်းစားတဲ့အခါ လိုအပ်ချက်အနည်းငယ်ဆိုတာရှိနေပါတယ် ဒါပေမယ့်ဒုတိယအကြိမ် စာရေးစဉ်မှာ ပြန်လည်သုံးသပ်ကြည့်သည့်အခါ မိမိရေးမည့်ကြောင်းအရာများတွင်လိုအပ်ခဲ့သော အကြောင်းအရာတွေတွေ့မြင်နိုင်ပါလိမ့်မည် ။ တတိယအကြိမ် စာရေးပြီးချိန်မှာ သုံးသပ်ကြည့်မယ်ဆိုရင်တော့ သင်ရေးထားတဲ့အကြောင်းအရာတွေကပြည့်စုံသလောက်ရှိပြီလို့ပြောနိုင်ပါတယ် ။ ကျွန်တော်စမ်းသပ်ကြည့်တာတော့ တော်တော်လေးကိုအသုံးဝင်ပါတယ် ။ သူငယ်ချင်းတို့လည်းအသုံးဝင်မယ်လို့လည်းမျှော်လင့်မိပါတယ် ။
မူလကဖော်ပြထားတာ ဆယ်ချက်ပါ ဒါပေမယ့် ကျွန်တော်ကနှစ်ချက်လောက်ပဲ ကြိုက်လို့ဖော်ပြပေးလိုက်ပါတယ် ။
ကိုရင်သာဂိ
No comments:
Post a Comment