Saturday, June 19, 2010

စာရေးရသောဒုက္ခ

(ကိုရင်သာဂိတစ်ယောက်လယ်တောလေးမ၀ယ်ခင်က ရေးထားတဲ့Post လေးပါ့ဗျာ စိတ်ပျက်လက်ပျက်နဲ့ ရေးထားတာ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင် ခင်တုန်းက မျက်လုံးအကိုက်ခံ အဆူခံပြီတော့ အမေလစ်တုန်းလေးကွပျူတာရှေ့ထိုင်ပြီးရေးတဲ့ post လေးပေါ့ဗျာ အမှတ်တရလေးပေါ့ ဗျာ)


ကိုရင်သာဂိတစ်ယောက်တော့ဗျာ ဒီရက်ပိုင်းအတွင်းမှာ ရွှေးကောက်ပွဲဥပဒေတွေထွက်လာတော့ တော်တော်လေးကိုအလုပ်ရှုပ်သွားတယ်ဗျာ.. ဘာဖြစ်လို့လည်းဆိုတော့ နားလည်အောင်ဖတ်နေရတာနဲ့တင် အချိန်တော်တော်လေးကိုကုန်သွားတယ် ဗျာ နောက်ပြီး ကိုရင်သာဂိသုံးတဲ့ အင်တာနက်ဆိုင်ကလည်း ကွန်နက်ရှင်ကတော်တော်လေးကို စုတ်တော့ အင်တာနက်ပေါ်ကိုတက်လိုက်ရင် facebook မှာ ကြည့်နေရတာနဲ့တင်အချိန်တစ်နာရီက ဘယ်လိုကုန်သွားမှန်းကိုမသိတော့ဘူးဗျာ ။ အခုတစ်လောလည်း ကိုရင်သဂိတစ်ယောက် စာရေးရတာအဆင်မပြေဘူးဖြစ်နေတယ်ဗျာ ဘာဖြစ်လို့လည်းဆိုတော့ ကိုရင်သာဂိအင်တာနက်သုံးရင်းနဲ့ Blog တစ်ခုမှာဖတ်လိုက်ရတာ စာရေးသူတစ်ယောက်ဟာ ကိုယ်ရေးတဲ့ စာ သို့ idea ကို တာဝန်ယူနိုင်စွမ်းရှိရမယ်တဲ့ အဲဒါလေးကိုဖတ်ပြီးခေါ်င်းထဲစွဲသွားတော့ဗျာ စာရေးရတာ တော်တော်လေးကို ခက်ခဲသွားတယ် ခေါ်င်းထဲမှာရေးဖို့စီထားတွေကတော့အမျာြး့ကီးပဲ ဒါပေမယ် ဗျာ တစ်ကယ်လည်းချရေးပြီးစစ်ကြည့်လိုက်တော့ တော်တော်လေးကို စားသွားတယ် ထောက်စရာတွေအများကြီးပဲ နောက်ပြီးတော့အကျိုးအကြောင့်မခိုင်လုံတာတွေအများကြီးတွေ့တော့တော်တော်လေးကိုစိတ်ပျက်သွားတယ် ။ အော် ငါ့တော်တော်လေးကိုမပြည့်သေးပါလားလို့ .။ ကိုရင်သာဂိသူငယ်ချင်းကတော့ပြောပါတယ် မင်းကလည်းကွာ ရေးစရာရှိတာ ရေးပေါ့ ဘာတွေကြောက်နေတာလဲ တဲ့ မင်းလိုစိတ်သာလူတိုင်းရှိရင်စာရေးဆရာဆိုတာရှိလာမှာမဟုတ်ဘူးတဲ့ ။ အင်း ကိုရင်သာဂိလည်း ဒီစကားလေးကိုကြားပြီးနောက် တော့လည်းအချိန်နည်းနည်လောက်ကြာပြီးတော့ အခုဒီဟာ စရေးတာဗျ ။ အဲ….. စာလည်းစရေးရော ဗျာ ကျွန်တော်တို့ရပ်ကွက်ထဲမှာရှိတဲ့ဓါတ်အားပေးတဲ့ပုံးကပေါက်သွားတော့ေ တ်ာတော်လေးကိုစိတ်နာသွားတယ်။ အဲ စာအုပ်နဲ့ချရေးထားတယ်ကြံတော့လည်း ကိုရင်သာဂိရေးနေကျစာအုပ်ကို ကိုရင်သာဂိအမေက ရှုပ်လို့ဆိုပြီးသိမ်းသွားတယ်… သေရော ဟာ ဘာမှကိုမရေးဖြစ်တော့ဘူး ။ နောက်နှစ်ရက်လောက်လည်းကျရော မီးလာလို့ ကွန်ပျူတာလေးလည်းဖွင့်လိုက်ရော power supply ကနေမီးခိုးလေးတွေထွက်လာတယ် ကြည့်လိုက်ရော မီးအားတွေ ဆောင့်တက်နေလို့ လောင်သွားတယ် သေရောဟ ကွန်ပျူတာ………….

အင်း ကိုရင်သာဂိလေး စားလေးတစ်ပုဒ်ရေးဖို့အရေးကိုတော်တော်လေးကိုအလုပ်ရှုပ်သွားတယ်ဗျ ။ နောက်ပြီးတော့ Mistake က အစ်ကိုတွေကလည်း သူတို့ဂျာနယ်ထုတ်မလို့ စာရေးပေးနိုင်ရင်ကောင်းမှာပဲလို့ တောင်းတော့ ကတိတော့ပေးလိုက်တယ် အခုထိတော့မရေးဖြစ်သေးဘူးဗျာ …. အင်းဖြစ်နိုင်မယ်ဆိုရင်တော့်လယ်တောလေးသာရှိနေမယ်ဆိုရင်တော့ ကိုရင်သာဂိလည်းမီးရှိတဲ့ လဘက်ရည်ဆိုင်ကိုသွာြး့ပီးရေးလို့ရတာပေါ့ ။ အခုကတော့ဗျာ စာတစ်ပုဒ်ရေးဖို့ကို တော်တော်လေးကိုအလုပ်ရှုပ်နေတယ် ။ အရေးထဲ အိမ်ကအလုပ်ကလည်းမီးလာမှလုပ်ရတာဆိုတော့ ကိုရင်သာဂိခမျာ အလုပ်လည်းလုပ်ရ စာလည်းရေးရ ဆိုတော့ မအိပ်ရတဲ့ရက်တွေတော်တော်လေးများနေပြီဗျာ ….တစ်ခါတစ်လေတော့လည်းတွေးကြည့်ပါတယ် ကျွန်တော်ဘာလို့ဒီလောက်ဆင်ခြေတွေပေးနေရတာလဲပေါ့ ကျွန်တော်လည်းစဉ်းစားပါတယ် အဟဲ နားတော့မလည်တော့ဘူးဗျာ……………… :P

No comments:

Post a Comment