Wednesday, June 30, 2010

ပျင်းရိငြီးငွေမှုက ငါတို့အားဖျက်ဆီးနေသည်

ဟီး…………ဒါကတော့ကျွန်တော်ကိုယ်ကျွန်တော်ပြောနေကျစကားလေးပါ တစ်ခါတစ်လေ စာရေးဖို့ပျင်းလာရင် ကျွန်တော်ရေရွတ်လေ့ရှိပါတယ် ။ တစ်ခါတစ်လေ လုပ်စရာတွေရှိဖို့လုပ်မယ်ဆိုပြီးမလုပ်ဖြစ်တဲ့အရာတွေအများကြီးပါ ။ နောက်ပြီးခေါင်းထဲမှာစာရေးဖို့ပေါ်လာတဲ့အချိန်စာရေးဖို့ ကွန်ပျူတာက ပျက်နေတာတို့ မီးက မလာတာတို့ သူငယ်ချင်းတွေလာခေါ်သွားတာတို့ တွေရှိတဲ့အခါ စာမရေးဖြစ်တော့ပါဘူး ။ နောက်အားတဲ့အချိန်လည်းကျရော စာရေးမယ်လဲဆိုရော ခေါင်းထဲမှာဘာမှမရှိတော့ဘူး အဲဒီလိုနဲ့ဆုံးရုံးသွားတဲ့ စာသားတွေအများကြီးရှိပါတယ် ။ တစ်ခါတစ်လေ စာဖတ်ဖို့ စာတွေလေ့လာဖို့ဆိုပြီးအမျိုးမျိုး ကြွေးကြော်ပြီးတစ်ကယ်တမ်းလက်တွေမှာကတော့ ဘာမှကိုမလုပ်ဖြစ်ဘူး ။ ဒီလိုပါပဲ ပျင်းရိခြင်းက ကျွန်တော် အားအမှန်အကန်ဖျက်ဆီးနေတယ်ဗျ ။ ဆင်ခြေပေးခြင်းသည်က ပျင်းရိငြီးငွေ့မှုကနေ၍ ပေါ်ထွက်လာတဲ့ စကားသို့ အကြောင်းအရာလေးဖြစ်တယ်ဗျ ။ သူ့အတွက် စကားပုံလေးတောင်ရှိတယ်ဗျ ဆင်ခြေပေးတဲ့ပါးစပ် ထမင်းငတ်တယ်တဲ့ ။ ဒါတွေဟာ ပျင်းရိငြိးငွေမှုနဲ့ပတ်သက်ပြီး လောကထဲမှာ လူတွေ တော်တော်များများ အသုံးပြုလေ့ရှိတဲ့အကြောင်းလေးပေါ့ဗျ ။ နာရီတွေက တချပ်ချပ်နဲ့ကုန်ဆုံးသွားနေတဲ့အတွက် လုပ်စရာရှိတာတွေမလုပ်ဖြစ်ဘူးဆိုရင် တန်ဖိုးရှိတယ် အချိန်တွေဟာ အကျိုးမဲ့စွာနဲ့ကုန်ဆုံးသွားတာပေါ့ဗျာ…………….တစ်နေ့တစ်နေ့အချိန်တွေသည် ကုန်ဆုံးသွားနေသည် ကျွန်တော်တို့အသက်တွေသည်ကြီးလာပြီ အိပ်ချိန်နီးပြီးရင်းနီးလာပြီးဒါပေမယ့် အခု မအိပ်သေးခင် ကျွန်တော် လုပ်စရာတွေလုပ်တော့မည် ။ ဒီလိုပဲတွေပြိးပြောနေပေမယ့် တစ်ကယ်တမ်းလက်တွေ့အကောင်အထည်ဖေါ်နိုင်ဖို့ဆိုရင် တော်တော်လေးကိုခက်ခဲတယ်ဗျ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ကိုယ်ကိုတိုက်ခိုက်ရတဲ့ကိစ္စမို့လို့ပါပဲဗျာ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ။ ပင်ပန်းပေမယ့်လည်းရင်ဆိုင်ဖြေရှင်ကြရမှာပဲ လောကကြီးမှာဒိကိစ္စလေးတောင်မကျော်ဖြတ်နိုင်ရင် ကိုယ်ဟာ ဘာတွေဖြစ်လာမလဲဆိုတာကိုတွေးကြည့်၇င်တောင်ရပါတယ်ဗျာ ။

No comments:

Post a Comment